ဘောလုံး ပွဲကြောင့်ဖြစ်ရတဲ့ စစ် ပွဲ

ဘောလုံးပြိုင်ပွဲကြောင့် နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားခဲ့ပြီး အရပ်သားအပါအဝင် စုစုပေါင်း ( ၃၀၀၀) နီးပါး သေဆုံး၊ပျောက်ဆုံးသွားခဲ့ရပါတယ်။ဒီဖြစ်စဉ်ပာာ သမိုင်းမှာ အမှန်တကယ်ရှိခဲ့ပြီး ဘောလုံ းပြိုင်ပွဲတစ်ပွဲရဲ့ ပြိုင်ဆိုင်မှုက

နှစ်နိုင်ငံအကြား စစ်မက်ဖြစ်ပွားဖို့ အကြောင်းအရင်း ဖြစ်စေခဲ့ပါတယ်။၁၉၇၀ ကမ္ဘာ့ ဖလား ခြေစစ်ပွဲ အဖြစ် အယ်လ်ဆာဗေးဒိုးနဲ့ ဟွန်ဒူးရပ်စ်တို့ ယှဉ်ပြိုင်မူက စတင်ပြီး စစ်ပွဲဖြစ်သွားခဲ့ တာပါ။ဒီစစ်ပွဲကို Soc cer War လို့ ခေါ်ခဲ့ကြပြီး စစ်ပွဲက ၁၉၆၉ ဇူလိုင် (၁၄) မှာ စတင်ပြီး

ဇူလိုင် (၁၈) မှာ အပစ်ရပ်ဖို့ သဘောတူညီသွားတာမို့ စစ်ပွဲကြ ာချိန်ကို အစွဲပြုပြီး100 Hour War လို့လည်း ခေါ်ခဲ့ကြပါတယ်။၁၉၇၀ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အယ်လ်ဆာဗေးဒိုးနဲ့ ဟွန်ဒူးရပ်စ်တို့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပထမ အကျော့ ဟွန်ဒူးရပ်စ်ကွင်းမှာ ယှဉ်ပြိုင်ကစားရာ နှစ်ဖက်ပရိသတ်အကြားခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဟွန်ဒူး ရပ်စ်က ( ၁-ဝ) ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ဒီနောက် ဒုတိယအကျော့ကို အယ်လ်ဆာဗေးဒိုးမှာ ယှဉ်ပြိုင်ခဲ့ရာ အယ်လ်ဆာဗေဒိုးက ( ၃ – ဝ) ဂိုးနဲ့ အနိုင်ရခဲ့ပြီး

ခိုက်ရန်ဖြစ်ပွားမှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။အဲဒီတုန်းက နှစ်ကျော့ပေါင်း ရလဒ်ကို ထည့်သွင်းမတွက်ချက်ဘဲ အပြန်အလှန်အနိုင်ရမူကြောင့် ကြားကွင်းမှာ ဆက်လက်ကစားစေခဲ့ ပါတယ်။ဒီနောက် မက္ကဆီကို နိုင်ငံမှာ ကစားခဲ့ရာ အယ်လ်ဆာဗေးဒို းက ဟွန်ဒူးရပ်စ်ကို ( ၃-၂) ဂိုးနဲ့ အနိုင်ရခဲ့ပြီး

၁၉၇၀ ကမ္ဘာ့ဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ဟွန်ဒူးရပ်စ်ပာ အယ်လ်ဆာဗေးဒိုးရဲ့ နိုင်ပွဲအပေါ် မကျေမနပ်ဖြစ်ကာ ပြသနာ စတင်ရှာခဲ့ပါတယ်။ဟွန်ဒူးရပ်စ်နိုင်ငံမှာ အယ်လ်ဆာဗေးဒိုး နိုင်ငံသား အများအပြား ဝင်ရောက်နေထိုင်နေကြပါတယ်။

ဟွန်ဒူးရပ်စ် အစိုးရပာ အယ်လ် ဆာဗေးဒိုး နိုင်ငံသားတွေကို အကြောင်းမဲ့ အပြစ်ရှာကာ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း စတာ တွေကို ပြုလုပ်ခဲ့ပါတယ်။ဒါကြောင့် အယ်လ်ဆာဗေးဒိုးဟာ ဟွန်ဒူးရပ်စ်ကို စစ်ရေးအရ တုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါ တယ်။

အယ်လ်ဆာဗေးဒိုးပာ ခရီးသည်တင်လေယာဉ်တွေမှာ ဗုံးတွေ တပ်ဆင်ပြီး ဟွန်ဒူးရပ်စ်ကို ဗုံး ကြဲကာ စစ်ပွဲကိုစတင်ခဲ့ပါတယ်။ဟွန်ဒူးရပ်စ်ကလည်း လေယာဉ်တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ဒီနောက် အယ်လ် ဆာဗေးဒိုး စစ်တပ်ပာ ဟွန်ဒူးရပ်စ် နိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

နှစ်နိုင်ငံကြား တိုက်ပွဲပြင်းထန် လာခဲ့တာကြောင့် ဝင်ရောက်ဖျန်ဖြေမှု ပြုလုပ်ခဲ့ရကာစစ်ဖြစ်ပြီး နာရီပေါင်း ( ၁၀၀) အကြာမှာ အပစ်ရပ် သဘော တူညီမှု ရယူနိုင်ခဲ့ပါတယ်။

source : The Nyang News

zawgyi










source : The Nyang News

Leave a Reply

Your email address will not be published. Required fields are marked *