ကိုရိုနာဗိုင္း ရပ္စ္ေရာဂါ ကာကြယ္ေဆး အေျမာက္အမ်ာ းထုတ္လုပ္လွ်က္ရွိေသာ အိႏၵိယႏိုင္ငံ “ ဆီရမ္အင္ စတီက်ဳဒ့္ ” စက္ရံု ျပင္းထန္စြာ မီးေလာ င္လွ်က္ရွိ

အိန္ဒိယနိုင်ငံ ပူနေးမြို့ မန်ဂျရီ ဧရိယာရှိ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး အမြောက် အများထုတ်လုပ်လျှက်ရှိသော Serum Institute of India (SII) #ဆီရမ်အင်စတီကျုဒ့် စက်ရုံတွင် ပြင်းထန်စွာ မီးလောင်ကျွမ်းလျှက်ရှိသည်ဟု အိန္ဒိယမီဒီယာများက အရေးကြီး ကြားဖြတ်သတင်းအဖြစ် ယနေ့ဖော်ပြသည်။

သို့သော် ကနဦး ရရှိသည့် သတင် းများအရ ကာကွယ်ဆေးထုတ်လုပ်သည့် အဆောက် အဦးမဟုတ်ပဲ၊ ဆောက်လုပ်ဆဲ အဆောက်အအုံ၌ မီးလောင်ကျွမ်းဖြင်းဖြစ်ကြောင်းနှင့် အတွင်း၌ ပိတ်မိနေသူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်း သိရှိရသည်။

မီးလောင်ရာ၌ မီးသတ်ယာဉ် ၈-စင်းတို့ဖြင့် မီးငြိမ်းသတ်နေဆဲဖြစ်ပြီး၊ ဆီရမ်အင်စတီကျုဒ့်စက်ရုံတွင် မီးလောင်ရသည့် အကြောင်းရင်းကို မသိရှိ ရသေးချေ။

အိန္ဒိယနိုင်ငံ၏ ဆီရမ်အင်စတီကျုဒ့်သည် အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် အက်စ်ထရာဇီကာ တို့၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို #Covishield #ကိုဗီရှီးလ် အမည်ဖြင့် အမြောက်အ များ ထုတ်လုပ်လျှက်ရှိသည်။ ကိုဗီရှီးလ်သည် အိန္ဒိယ နိုင်ငံ၌ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ရရှိထားသော ပြည်တွင်းထုတ် Covid-19 ရောဂါကာကွယ်ဆေး ၂-မျိုးအနက် တစ်မျိုးဖြစ်သည်။

ဆီရမ်အင်စတီကျု့ဒ်သည် ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး ၁၉၉၆-ခုနှစ်၌ #ဆိုင်ရပ်ပူနာဝါလား ဆိုသူက တည်ထောင်ခဲ့သည်။ ယခုရက်သတ္တပတ်အတွင်း ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ်အပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ ကိုဗီရှီးလ်ကာကွယ်ဆေး အများအပြား တင်ပို့ရန် စီစဉ်လျှက်ရှိသည်ဆို၏။

သတင်းရင်းမြ စ်အချို့ကမူ ကိုဗီရှီးလ်ကာကွယ်ဆေးမှာ ယခုမီးလောင်ကျွမ်းလျှက်ရှိသည့် အဆောက်အအုံတွင် ထုတ်လုပ်နေခြင်း မဟုတ်ကြောင်း ပြောဆိုသော်လည်း၊ တည်ဆောက်ဆဲ ၎င်းအဆောက်အအုံမှာ ကာကွယ်ဆေးထုတ်လုပ် သည့်စက်ရုံနှင့် အလွန်နီးကပ်စွာ တည်ရှိကြောင်း၊ မီးကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကို ခန့်မှန်းမရနိုင်သေးကြောင်း ပြောဆိုသည်။

crd OungMarine
zawgyi

အိႏၵိယႏိုင္ငံ ပူေ နးျမိဳ႔ မန္ဂ်ရီဧရိယာရွိ ကိုရိုနာဗိုင္းရပ္စ္ေရာဂါကာကြယ္ေဆး အေျမာက္ အမ်ားထုတ္လုပ္လွ်က္ရွိေသာ Serum Institute of India (SII) #ဆီရမ္အင္စတီက်ဳဒ့္ စက္ရံုတြင္ ျပင္းထန္စြာ မီးေလာင္ကၽြမ္းလွ်က္ရွိသည္ဟု အိႏၵိယမီဒီယာမ်ားက အေရးၾကီး ၾကားျဖတ္သတင္းအျဖစ္ ယေန႔ေဖာ္ျပသည္။

သို႔ေသာ္ ကနဦး ရရွိသည့္ သတင္းမ်ားအရ ကာကြယ္ေဆးထုတ္လုပ္ သည့္ အေဆာက္အဦးမဟုတ္ပဲ၊ ေဆာက္လုပ္ဆဲ အေဆာက္အအံု၌ မီးေလာင္ကၽြမ္းျဖင္းျဖစ္ေၾကာင္းႏွင့္ အတြ င္း၌ ပိတ္မိေနသူ တစ္ဦးတစ္ေယာက္မွ် မရွိေၾကာင္း သိရွိရသည္။

မီးေလာင္ရာ၌ မီးသတ္ယာဥ္ ၈-စင္းတို႔ျဖင့္ မီးျငိမ္းသတ္ေနဆဲျဖစ္ျပီး၊ ဆီရမ္အင္စတီက်ဳဒ့္စက္ရံုတြင္ မီးေလာင္ရသည့္ အေၾကာင္းရင္းကို မသိရွိ ရေသးေခ်။

အိႏၵိယနိုင္ငံ၏ ဆီရမ္အင္စတီက်ဳဒ့္သည္ ေအာက္စ္ဖို႔ဒ္တကၠသိုလ္ ႏွင့္ အက္စ္ထရာဇီကာ တို႔၏ ကိုရိုနာဗိုင္းရပ္စ္ေရာဂါကာကြယ္ေဆးကို #Covishield #ကိုဗီရွီးလ္ အမည္ျဖင့္ အေျမာက္အမ်ား ထုတ္လုပ္လွ်က္ရွိသည္။ ကိုဗီရွီးလ္သည္ အိႏၵိယႏိုင္ငံ၌ အေရးေပၚသံုးအျဖစ္ ခြင့္ျပဳခ်က္ရရွိထားေသာ ျပည္တြင္းထုတ္ Covid-19 ေရာဂါကာကြယ္ေဆး ၂-မ်ိဳးအနက္ တစ္မ်ိဳးျဖစ္သည္။

ဆီရမ္အင္စတီက်ဳ႔ဒ္သည္ ကမၻာ့အၾကီးဆံုး ကာကြယ္ေဆးထုတ္လုပ္သည့္စက္ရံုျဖစ္ျပီး ၁၉၉၆-ခုႏွစ္၌ #ဆိုင္ရပ္ပူနာ၀ါလား ဆိုသူက တည္ေထာင္ခဲ့သည္။ ယခုရက္သတၱပတ္အတြင္း ဘဂၤလားေဒ့ရွ္၊ ဘူတန္၊ နီေပၚအပါအ၀င္ အိမ္နီးခ်င္းႏိုင္ငံမ်ားသို႔ ကိုဗီရွီးလ္ကာကြယ္ေဆး အမ်ားအျပား တင္ပို႔ရန္ စီစဥ္လွ်က္ရွိသည္ဆို၏။

သတင္းရင္းျမစ္အခ်ိဳ႔ကမူ ကိုဗီရွီးလ္ ကာကြယ္ေဆးမွာ ယခုမီးေလာင္ကၽြမ္းလွ်က္ရွိသည့္ အေဆာက္အအံုတြင္ ထုတ္လု ပ္ေနျခင္း မဟုတ္ေၾကာင္း ေျပာဆိုေသာ္လည္း၊ တည္ေဆာက္ဆဲ ၄င္းအေဆာ က္အအံုမွာ ကာကြယ္ေဆးထုတ္လုပ္သည့္စက္ရံုႏွင့္ အလြန္နီးကပ္စြာ တည္ရွိေၾကာင္း၊ မီးေၾကာင့္ ျဖစ္ေပၚလာေသာ ပ်က္စီးဆုံးရႈံးမႈမ်ားကို ခန္႔မွန္းမရႏိုင္ေသးေၾကာင္း ေျပာဆိုသည္။

crd OungMarine

Leave a Reply

Your email address will not be published. Required fields are marked *