ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် စီစဉ်နေကြောင်းသိရသည်။ယခင်အချိန်ကာလက တစ်နေ့လျှင် ရထား(၃)စီးဖြင့် (၁၂)ခေါက်ပြေးဆွဲခဲ့ရာမှ ယခုလျင်(၅၇)ခေါက်ပြေးဆွဲ နိုင်ရန် စီစဉ်နေကြောင်းသိရသည်။
ယခု Covid-19 ကာလ၌ ရန်ကုန်-မန္တလေး အစုန် ၊ အဆန် ကုန်တင်ရထား(၁)စီးသာ ပြေးဆွဲနေပြီး၊ ယခုတွင် ရန်ကုန်မြို့ပတ်ရထား ပြေးစွဲချိန်တိုးမြှင့်ရန် စီစဉ်ထားရှိသော်လည်း မည်သည့်ရက်တွင် စတင်ပြေးဆွဲမည့်အကြောင်း မသတ်မှတ်ရသေးကြောင်း သိရသည်။
ယခုချိန်ခါတွင် ရန်ကုန်မြို့တွင်းရှိမီးရထားလမ်းအချို့မှာ ပြုပြင်ပြင်ဆင်ပြီးစီးနေပြီဖြစ်ပြီး ရထားဖြင့်သွားလာနေသူများလည်း သက်တောင့်သက်သာ အဆင်ပြေချောမွေ့စွာဖြင့်သွားလာနိုင်ကြပြီဖြစ်သည်။
မြန်မာ့မီးရထား၏ မြန်မာတစ်နိုင်ငံလုံးသို့ ပြေးစွဲနေသည့် ရထားခရီးစဉ်များနှင့် လက်မှတ်ခများအား ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့တွင် www.yangonnation.com ၌ ကြော်ငြာထားသော်လည်း ဘူတာကြီးရုံးသို့ တရားဝင်စာမရောက်သေးကြောင်းရန်ကုန်ဘူတာကြီးရုံး တာဝန်ရှိသူတစ်ဦးထံမှသိရှိရသည်။ယခုလက်ရှိကိုဗစ်ကာလတွင် လမ်းပိုင်း(၃)ခု၌အစုန်၊အဆန်ရထား(၁)စီၤးသာပြေးဆွဲနေပြီးအခြားလမ်းပိုင်းများပြေးဆွဲမှူအား ခေတ္တရပ်နားထားခြင်းဖြစ်သည်။
သွယ်သွယ် D-Wave
zawgyi
သွယ်သွယ် D-Wave
Leave a Reply
Your email address will not be published. Required fields are marked *