ရွန္ဟိုင္းဖိုရမ္တခုမွာ တ႐ုတ္အစိုးရရဲ႕ စည္းမ်ဥ္းကန္႔သတ္ခ်က္ေတြႏွင့္ စီးပြားေရးေပၚလစီတို႔ကို ေဝဖန္ေျပာၾကားခဲ့မႈေၾကာင့္ တ႐ုတ္အာဏာပိုင္ေတြႏွင့္ ဆက္ဆံေရးတင္းမာမႈ ရွိခဲ့ၿပီးေနာက္ လူျမင္ကြင္းကေန၊ ဂ်က္မားဟာၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာ ၂၄ ရက္ေန႔ေနာက္ပိုင္းကတည္းက ေပ်ာက္ကြယ္သြားခဲ့ ၿပီးေနာက္ တေန႔ကေတာ့ လူျမင္ကြင္းမွာ ကိုယ္လုံးျပျပန္ထြက္ေပၚလာပါသည္။
ဂ်က္မားဟာ တ႐ုတ္နည္းပညာကုမၸဏီႀကီး အာလီဘာဘာႏွင့္ Ant Group တို႔ကို ဦးစီးတည္ေထာင္သူလည္းျဖစ္ၿပီး တ႐ုတ္ႏိုင္ငံမွာ အခ်မ္းသာဆုံးဘီလ်ံနာ တဦးလည္းျဖစ္ပါသည္။
တေန႔တုန္းကေတာ့ ဂ်က္မားဟာလူျမင္ကြင္းမွာ ျပန္ေပၚထြက္လာခဲ့သည့္အတြက္ေၾကာင့္ အာလီဘာဘာရွယ္ယာေဈးကလည္း အတက္ရွိလာခဲ့ပါသည္။ ဒီကေန႔မွာေတာ့ အက်ဘက္ျပန္သြားေနပါသည္။ ေလ့လာသုံးသပ္မိသေလာက္အရ ဆ္ိုရရင္ေတာ့ တ႐ုတ္ဗဟိုဘဏ္က မ်ားမၾကာမီ anti-trust rules အသစ္ေတြကို ျပဌာန္းၿပီးေတာ့ ဂ်က္မားရဲ႕ လုပ္ငန္းအင္ပါယာကို နယ္က်ဳံ႕ၿပီး အစိုးရက ထိန္းခ်ဳပ္ရလြယ္တဲ့ အထိ ခ်ိဳးႏွိမ္မႈေတြ လုပ္သြားဖို႔ရန္ ရွိနိင္သည္ လို႔ ထင္ျမင္ယူဆမိပါသည္။
Alipay Service, Tencent ႏွင့္ WeChatpay တို႔ေတာ့ တ႐ုတ္ဗဟိုဘဏ္ရဲ႕ anti-trust rules ေတြျဖင့္လႈပ္မရေအာင္ ခ်ည္ေႏွာင္ ထိန္းခ်ဳပ္တာ ခံရေတာ့မည့္အေနအထားမွာ ရွိႏိုင္ပါသည္။ လတ္တေလာကာလတြင္ တ႐ုတ္နည္းပညာစေတာ့ေတြဟာ ထိုဖိအားႀကီးရွိေနသည့္အတြက္ ေဈးႏႈန္းအက်မွာ Buy on the dips လုပ္တာမ်ိဴးကို လက္ေရွာင္တာက အေကာင္းဆုံးပင္ ျဖစ္လိမ့္မည္။ (KoNayNay)
Unicode
ရှန်ဟိုင်းဖိုရမ်တခုမှာ တရုတ်အစိုးရရဲ့ စည်းမျဥ်းကန့်သတ်ချက်တွေနှင့် စီးပွားရေးပေါ်လစီတို့ကို ဝေဖန်ပြောကြားခဲ့မှုကြောင့် တရုတ်အာဏာပိုင်တွေနှင့် ဆက်ဆံရေးတင်းမာမှု ရှိခဲ့ပြီးနောက် လူမြင်ကွင်းကနေ၊ ဂျက်မားဟာပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့နောက်ပိုင်းကတည်းက ပျောက်ကွယ်သွားခဲ့ ပြီးနောက် တနေ့ကတော့ လူမြင်ကွင်းမှာ ကိုယ်လုံးပြပြန်ထွက်ပေါ်လာပါသည်။
ဂျက်မားဟာ တရုတ်နည်းပညာကုမ္ပဏီကြီး အာလီဘာဘာနှင့် Ant Group တို့ကို ဦးစီးတည်ထောင်သူလည်းဖြစ်ပြီး တရုတ်နိုင်ငံမှာ အချမ်းသာဆုံးဘီလျံနာ တဦးလည်းဖြစ်ပါသည်။
တနေ့တုန်းကတော့ ဂျက်မားဟာလူမြင်ကွင်းမှာ ပြန်ပေါ်ထွက်လာခဲ့သည့်အတွက်ကြောင့် အာလီဘာဘာရှယ်ယာဈေးကလည်း အတက်ရှိလာခဲ့ပါသည်။ ဒီကနေ့မှာတော့ အကျဘက်ပြန်သွားနေပါသည်။ လေ့လာသုံးသပ်မိသလောက်အရ ဆ်ိုရရင်တော့ တရုတ်ဗဟိုဘဏ်က များမကြာမီ anti-trust rules အသစ်တွေကို ပြဌာန်းပြီးတော့ ဂျက်မားရဲ့ လုပ်ငန်းအင်ပါယာကို နယ်ကျုံ့ပြီး အစိုးရက ထိန်းချုပ်ရလွယ်တဲ့ အထိ ချိုးနှိမ်မှုတွေ လုပ်သွားဖို့ရန် ရှိနိင်သည် လို့ ထင်မြင်ယူဆမိပါသည်။
Alipay Service, Tencent နှင့် WeChatpay တို့တော့ တရုတ်ဗဟိုဘဏ်ရဲ့ anti-trust rules တွေဖြင့်လှုပ်မရအောင် ချည်နှောင် ထိန်းချုပ်တာ ခံရတော့မည့်အနေအထားမှာ ရှိနိုင်ပါသည်။ လတ်တလောကာလတွင် တရုတ်နည်းပညာစတော့တွေဟာ ထိုဖိအားကြီးရှိနေသည့်အတွက် ဈေးနှုန်းအကျမှာ Buy on the dips လုပ်တာမျိူးကို လက်ရှောင်တာက အကောင်းဆုံးပင် ဖြစ်လိမ့်မည်။ (KoNayNay)