ေနျပည္ေတာ္တြင္ ကိုဗစ္-၁၉ ပိုးေတြ႕လူနာတစ္ဦး ေသဆုံး စုစုေပါင္း ေသဆုံးသူ ၈ ဦးရွိလာ

ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမတြင္ ကိုဗစ္-၁၉ ပိုးေတြ႕အတည္ျပဳလူနာတစ္ဦး ဇန္နဝါရီလ ၂၀ ရက္ေန႔က ထပ္မံေသဆုံးမႈျဖစ္ခဲ့ၿပီး ေနျပည္ေတာ္တြင္ ပိုးေတြ႕အတည္ျပဳလူနာ ေသဆုံးသူ ရွစ္ဦးထိရွိေနၿပီ ျဖစ္ေၾကာင္း ေနျပည္ေတာ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။

ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမတြင္ ကိုဗစ္-၁၉ ပိုးေတြ႕ရွိအတည္ျပဳလူနာဦးေရေပါင္း ဇန္နဝါရီလ ၂၀ ရက္ေန႔ထိတြင္ စုစုေပါင္း ၁၂၀၉ ဦးထိရွိေနျခင္းျဖစ္ၿပီး ပိုးေတြ႕အတည္ျပဳလူနာေသဆုံးသူ ဦးေရမွာ ရွစ္ဦးထိရွိေနျခင္းျဖစ္ေၾကာင္း၊ ဇန္နဝါရီလ ၂၀ ရက္ေန႔တြင္ ေသဆုံးခဲ့သည့္ ကိုဗစ္-၁၉ အတည္ျပဳလူနာ တစ္ဦးမွာ ရန္ကုန္ၿမိဳ႕တြင္ အသည္းေရာဂါျဖင့္သြားေရာက္ကုသၿပီး ျပန္လာကာ ေနျပည္ေတာ္ ကုတင္(၁၀၀၀) ေဆး႐ုံႀကီးတြင္ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက တက္ေရာက္ကုသေနစဥ္ ေရာဂါျပင္းထန္၍ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“ေနျပည္ေတာ္ ခုတင္ (၁၀၀၀) မွာ ရန္ကုန္က ျပန္လာတဲ့ ကင္ဆာ ေရာဂါလူနာ တစ္ေယာက္ အဲဒီမွာ ပိုးစစ္ လိုက္ေတာ့ Positive ေတြ႕တယ္ဆိုတာနဲ႔ Positive ထဲ ပါသြားတာေပါ့။ ေရာဂါရဲ႕ သေဘာသဘာဝအရလည္း ျပင္းထန္တဲ့ အခါက်ေတာ့ ေဆး႐ုံေရာက္ၿပီး သိပ္မၾကာဘူး ဆုံးသြားတာပါ။ ၿပီးခဲ့တဲ့ တနလၤာေန႔က ေဆး႐ုံေရာက္လာၿပီး ႏွစ္ရက္အၾကာမွာ ေသဆုံးတာျဖစ္ပါတယ္” ဟု ေနျပည္ေတာ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစိုးက ေျပာသည္။

ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမတြင္ ဇန္နဝါရီလ ၂၀ ရက္ေန႔ ညပိုင္း ထုတ္ျပန္ခ်က္မ်ားအရ ေရာဂါပိုးေတြ႕ရွိလူနာသစ္ ၁၄ ဦးရွိခဲ့ၿပီး ေသဆုံးသူ တစ္ဦးရွိခဲ့ျခင္းျဖစ္ေၾကာင္း၊ ဇန္နဝါရီလ ၂၀ ရက္ ထုတ္ျပန္ခ်က္အရ ဇမၺဴသီရိၿမိဳ႕နယ္တြင္ ပိုးေတြ႕လူနာ ၂၃၀ ဦး၊ ဒကၡိဏသီရိၿမိဳ႕နယ္တြင္ ၂၉ ဦး၊ ဥတၱရသီရိၿမိဳ႕နယ္တြင္ ၂၉ ဦး၊ ပုဗၺသီရိၿမိဳ႕နယ္တြင္ ၁၀၈ ဦး၊ ေဇယ်ာသီရိၿမိဳ႕နယ္တြင္ ၄၉၉ ဦး၊ ပ်ဥ္းမနားၿမိဳ႕နယ္တြင္ ၉၉ ဦး၊ လယ္ေဝးၿမိဳ႕နယ္တြင္ ၉၇ ဦး၊ တပ္ကုန္းၿမိဳ႕နယ္တြင္ ၄၁ ဦး၊ ေနျပည္ေတာ္ ျပင္ပမွ ဝင္လာသူမ်ားထံမွ ၇၇ ဦး စုစုေပါင္း ပိုးေတြ႕လူနာ ၁၂၀၉ ဦးထိရွိထားၿပီး ေသဆုံးသူ ၈ ဦးရွိထားျခင္း ျဖစ္ေၾကာင္း သိရသည္။

CRD – MyanmaPlatform

Unicode

နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာတစ်ဦး ဇန်နဝါရီလ ၂၀ ရက်နေ့က ထပ်မံသေဆုံးမှုဖြစ်ခဲ့ပြီး နေပြည်တော်တွင် ပိုးတွေ့အတည်ပြုလူနာ သေဆုံးသူ ရှစ်ဦးထိရှိနေပြီ ဖြစ်ကြောင်း နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိအတည်ပြုလူနာဦးရေပေါင်း ဇန်နဝါရီလ ၂၀ ရက်နေ့ထိတွင် စုစုပေါင်း ၁၂၀၉ ဦးထိရှိနေခြင်းဖြစ်ပြီး ပိုးတွေ့အတည်ပြုလူနာသေဆုံးသူ ဦးရေမှာ ရှစ်ဦးထိရှိနေခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သေဆုံးခဲ့သည့် ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်ဦးမှာ ရန်ကုန်မြို့တွင် အသည်းရောဂါဖြင့်သွားရောက်ကုသပြီး ပြန်လာကာ နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံကြီးတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တက်ရောက်ကုသနေစဉ် ရောဂါပြင်းထန်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“နေပြည်တော် ခုတင် (၁၀၀၀) မှာ ရန်ကုန်က ပြန်လာတဲ့ ကင်ဆာ ရောဂါလူနာ တစ်ယောက် အဲဒီမှာ ပိုးစစ် လိုက်တော့ Positive တွေ့တယ်ဆိုတာနဲ့ Positive ထဲ ပါသွားတာပေါ့။ ရောဂါရဲ့ သဘောသဘာဝအရလည်း ပြင်းထန်တဲ့ အခါကျတော့ ဆေးရုံရောက်ပြီး သိပ်မကြာဘူး ဆုံးသွားတာပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆေးရုံရောက်လာပြီး နှစ်ရက်အကြာမှာ သေဆုံးတာဖြစ်ပါတယ်” ဟု နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။

နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်း ထုတ်ပြန်ချက်များအရ ရောဂါပိုးတွေ့ရှိလူနာသစ် ၁၄ ဦးရှိခဲ့ပြီး သေဆုံးသူ တစ်ဦးရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီလ ၂၀ ရက် ထုတ်ပြန်ချက်အရ ဇမ္ဗူသီရိမြို့နယ်တွင် ပိုးတွေ့လူနာ ၂၃၀ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ၂၉ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် ၂၉ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၁၀၈ ဦး၊ ဇေယျာသီရိမြို့နယ်တွင် ၄၉၉ ဦး၊ ပျဉ်းမနားမြို့နယ်တွင် ၉၉ ဦး၊ လယ်ဝေးမြို့နယ်တွင် ၉၇ ဦး၊ တပ်ကုန်းမြို့နယ်တွင် ၄၁ ဦး၊ နေပြည်တော် ပြင်ပမှ ဝင်လာသူများထံမှ ၇၇
ဦး စုစုပေါင်း ပိုးတွေ့လူနာ ၁၂၀၉ ဦးထိရှိထားပြီး သေဆုံးသူ ၈ ဦးရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

CRD – MyanmaPlatform

Leave a Reply

Your email address will not be published. Required fields are marked *