တ႐ုတ္ဟာ ကမာၻမွာ မဟာအင္အားႀကီးျဖစ္လာေစဖို႔ သာေကာျကီးရဲ႕ ဦးေဆာင္မႈေအာက္မွ တရားမဝင္လုပ္ေဆာင္မႈမ်ား

သမၼတရွီက်င့္ဖ်င္ရဲ့ ဦးေဆာင္မႈေအာက္မွာ တရုတ္ဟာ ကမ႓ာမွာ မဟာအင္အားႀကီးျဖစ္လာေစဖို႔ ညစ္ပတ္တဲ့လွၫ့္ကြက္ေတြနဲ႔ တရားမဝင္လုပ္ေဆာင္မႈေတြကို လုပ္ေဆာင္ေနခဲ့ပါတယ္။ တရုတ္ႏိုင္ငံရဲ့ ရည္မွန္းခ်က္ပန္းတိုင္ေရာက္ဖို႔နည္းလမ္းေတြထဲက တစ္ခုကေတာ့ အိုင္ဒီယာေတြ၊ သုေတသနနဲ႔ အေရးပါတဲ့နည္းပညာေတြကို ခိုးယူတာပဲျဖစ္ပါတယ္။

အေမရိကန္ဖက္ဒရယ္ စံုစမ္းစစ္ေဆးေရးဗ်ူရို ၫႊန္ၾကားေရးမွဴး ခရစ္စတိုဖာေရးက ၂၀၀၀ ျပၫ့္ႏွစ္ ဇူလိုင္လ၇ရက္ေန့တံုးက တရုတ္ကြန္ျမဴနစ္ပါတီ (CCP) ဟာ သုေနသနေတြ ခိုးယူၿပီး ဒီမိုကေရစီစနစ္က်င့္သံုးတဲ့ႏိုင္ငံေတြရဲ့ “ပြင့္လင္းျမင္သာမႈကို ေခါင္းပံုျဖတ္အျမတ္ထုတ္ဖို႔ တတ္စြမ္းသမ်ွ လုပ္ေဆာင္ေနတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

တျခားတိုင္းျပည္ေတြရဲ့ အဖိုးတန္ သုေတသန၊ ေဒတာနဲ႔ အေရးႀကီးတဲ့ နည္းပညာေတြ ခိုးယူဖို႔အတြက္ ကြန္ျမဴနစ္ပါတီနဲ႔ တရုတ္အစိုးရတို႔ သံုးေနတဲ့ နည္းလမ္းေတြမနည္းလွပါဘူး။ ဥပမာေျပာရရင္ – ႏိုင္ငံျခားကုမၸဏီေတြကို ဟက္ (hack) လုပ္တာ၊ တရုတ္ႏိုင္ငံေတြကို ပူးတြဲေရြးခ်ယ္တာ၊ ႏိုင္ငံျခား ကြၽမ္းက်င္သူေတြကို ျဖားေယာင္းသိမ္းသြင္းတာနဲ႔ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ရရိွဖို႔ တရုတ္နဲ႔ သူတို႔ရဲ့ဆက္ႏြယ္တာေတြကို တမင္ဖံုးထားတဲ့ ဝန္ထမ္းေတြ (တစ္ခ်ိဳ႕ေတြဆို တရုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္ PLA က စစ္သားေတြ) ကို ေစလႊတ္တာျဖစ္ပါတယ္။

၂၀၂၀ ဇူလိုင္ ၂၁ ရက္ေန့က အေမရိကန္တရားေရးဝန္ႀကီးဌာနဟာ သတင္းထုတ္ျပန္ခ်က္တစ္ရပ္ကို ထုတ္ျပန္ခ်က္မွာ အေမရိကန္မွာေနထိုင္ေနတဲ့ တရုတ္ဟက္ကာႏွစ္ေယာက္ကို ဉာဏပစၥည္းပိုင္ဆိုင္မႈနဲ႔ လ်ိႈ႔ဝွက္ စီးပြားေရး သတင္းအခ်က္အလက္ေတြကို ပစ္မွတ္ထားၿပီး ခိုးယူမႈလုပ္ေနတာနဲ႔ပတ္သက္လို႔ စြဲခ်က္တင္ထားတယ္လို႔ ပါရိွပါတယ္။

သတင္းထုတ္ျပန္ခ်က္အရဆိုရင္ ဟက္ကာႏွစ္ေယာက္ဟာ တရုတ္ ႏိုင္ငံေတာ္လံုၿခံဳေရးဝန္ႀကီးဌာနလက္ေအာက္က ကြမ္တံုးျပည္နယ္လံုၿခံဳေရးဌာန (MSS) နဲ႔ တြဲၿပီး အလုပ္လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ MSS ဟာ တရုတ္အစိုးရ ေထာက္လွမ္းေရး၊ လံုၿခံဳေရးနဲ႔ လ်ိႈ႔ဝွက္ရဲေအဂ်င္စီျဖစ္ၿပီး ႏိုင္ငံျခားေထာက္လွမ္းေရးလုပ္တာပါ။

သူတို႔ႏွစ္ေယာက္လုပ္ခဲ့တဲ့ ဟက္ကာတိုက္ခိုက္မႈဟာ ဆယ္စုႏွစ္တစ္ခုၾကာျမင့္ခဲ့ၿပီး ပစ္မွတ္ထားတဲ့ ကုမၸဏီေတြဟာ နည္းပညာႂကြယ္ဝတဲ့ ႏိုင္ငံေတျြဖစ္တဲ့ အေမရိကန္၊ ၾသစေၾတးလ်၊ ဘယ္လ္ဂ်ီယံ၊ ဂ်ာမနီ၊ ဂ်ပန္၊ လစ္သူေရးနီးယား၊ နယ္သာလန္၊ စပိန္၊ ေတာင္ကိုရီးယား၊ ဆြီဒင္နဲ႔ ယူႏိုက္တက္ကင္းဒမ္းတို ျဖစ္ပါတယ္။

အမ်ိဳးသားလံုၿခံဳေရးဆိုင္ရာ လက္ေထာက္ေရ႔ွေနခ်ဳပ္ ဂြၽန္ စီ ဒမားစ္ က သတင္းထုတ္ျပန္ခ်က္မွာေျပာၾကားရာမွာ “CCP ဟာ ကိုဗစ္-၁၉ သုေတသနအပါအဝင္ အေမရိကန္နဲ႔ တျခားတရုတ္မဟုတ္တဲ့ ကုမၸဏီေတြ ခက္ခက္ခဲခဲရရိွထားတဲ့ ဉာဏပစၥည္းပိုင္ဆိုင္မႈေတြကို အေတာ့္ကိုပဲ လိုခ်င္တပ္မက္စိတ္ရိွေနတယ္” လို႔ ဆိုပါတယ္။

မၾကာေသးခင္ကပဲ တရုတ္အတြက္ သူလ်ိႈလုပ္မႈ၊ ေထာက္ပံ့ေငြလိမ္လည္မႈေတြနဲ႔ အေမရိကန္ျပည္ေထာင္စုက မက္ဆာခ်ူးဆက္ စက္မႈတကၠသိုလ္ (Massachusetts Institute of Technology (ဝါ) MIT) ရဲ့ ပါေမာကၡတစ္ဦး ဖမ္းခံရတာကို သတိျပဳမိၾကမယ္ထင္ပါတယ္။

ဇန္နဝါရီ ၁၄ ရက္ေန့က အေမရိကန္တရားေရးဝန္ႀကီးဌာနရဲ့ သတင္းထုတ္ျပန္ခ်က္မွာ ဂန္ခ်န္ဟာ တရုတ္အစိုးရနဲ႔ ခ်ဳပ္ဆိုထားတဲ့ ကန္ထရိုက္စာခ်ဳပ္ေတြ၊ ရာထူးခန႔္အပ္တာေတြနဲ႔ ဆုေတြကို အေမရိကန္ စြမ္းအင္ဝန္ႀကီးဌာနကို ထုတ္ေဖာ္တင္ျပရမွာျဖစ္ေပမယ့္ ပ်က္ကြက္ခဲ့တယ္လို႔ ပါရိွပါတယ္။

ဒါ့အျပင္ ဂန္ခ်န္ဟာ ႏိုင္ငံျခားဘဏ္အေကာင့္အစီရင္ခံစာ (FBAR) ကိုလည္း တင္ျပဖို႔ ပ်က္ကြက္ခဲ့ၿပီး အခြန္ရွင္းတမ္း အမွားကိုထုတ္ျပန္ခဲ့မႈေတြနဲ႔ တရားစြဲခံရပါတယ္။ သတင္းေတြအရဆိုရင္ ဂန္ခ်န္ဟာ တရုတ္ေတာင္ပိုင္း သိပၸံနဲ႔နည္းပညာတကၠသိုလ္ကေပးတဲ့ အေမရိကန္ေဒၚလာ ၁၉ သန္းနဲ႔ အတူ ဖံုးကြယ္ထားခဲ့တဲ့ ႏိုင္ငံျခား ေထာက္ပံ့ေငြ အေမရိကန္ေဒၚလာ ၂၉သန္း ရရိွခဲ့တယ္လို႔ ဆိုပါတယ္။

တရုတ္ရဲ့ ခိုးယူမႈအစီအစဉ္မွာ ပညာေရးကဏၰဟာလည္း ခြၽင္းခ်က္မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလတံုးက ဟားဗတ္တကၠသိုလ္ ဓာတုေဗဒနဲ႔ ဓာတုဇီဝေဗဒဌာနရဲ့ ဥကၠဌကို တရုတ္အစိုးရနဲ႔ ဆက္သြယ္မႈရိွတာ၊ အေယာင္ေဆာင္ မမွန္ကန္တဲ့ ထုတ္ျပန္ခ်က္ေတြလုပ္တာနဲ႔ပတ္သက္ၿပီး တရားစြဲဆိုခဲ့ပါတယ္။

အေမရိကန္အရာရိွေတြက အခု ဟားဗတ္မွာ အေမရိကန္အစိုးရရဲ့ ေထာက္ပံ့ေၾကးနဲ႔လုပ္ေနတဲ့လုပ္ေနတဲ့ အေရးႀကီးတဲ့ R&D လုပ္ငန္းေတြဟာ ကြန္ျမဴနစ္ပါတီ CCP နဲ႔ တရုတ္အစိုးရတို႔ရဲ့လက္ထဲေရာက္သြားေတာ့မွာကို စိုးရိမ္ေနၾကပါတယ္။

တရုတ္ဟာ လြတ္လပ္ေသာကမ႓ာရဲ့ ပြင့္လင္းမႈကို အခြင့္ေကာင္းယူ ၊ အလြဲသံုးစားလုပ္ၿပီး သူ႔ အက်ိဳးအတြက္ ခိုးယူတာကို အားေပးဖို႔ လုပ္ေဆာင္ခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ တရုတ္ဟာ သူ႔ေဈးကြက္နဲ႔ စီးပြားေရးကို ျပင္ပကမ႓ာကို ပိတ္ထားခဲ့ပါတယ္။ ဒါေပမဲ့ ကမ႓ာႀကီးဟာ တရုတ္ရဲ့ သားရဲဆန္တဲ့ ျပဳက်င့္မႈေတြနဲ႔ စက္ဆုပ္ဖြယ္ေကာင္းတဲ့ နည္းပရိယာယ္ေတြကို သတိျပဳမိလာၾကၿပီျဖစ္ပါတယ္။

ဒါေၾကာင့္ တရုတ္ဟာ သူ႔လုပ္ရပ္ေတြအတြက္ ဘက္ေပါင္းစံုကေနၿပီး ေဝဖန္ျပစ္တင္မႈေတြ ႀကံဳေတြ့လာေနရပါတယ္။ ေတာင္တရုတ္ပင္လယ္ထဲက က်ူးေက်ာ္တိုက္ခိုက္မႈေတြ၊ ဝီဂါလူနည္းစုေတြကို ႏိွပ္စက္ၫွဉ္းပန္းမႈေတြေၾကာင့္ ဖိႏိွပ္သူ လူ႔အခြင့္အေရးခ်ိဳးေဖာက္သူရယ္လို႔ သတ္မွတ္ခံထားတာရာကေန အခုမွာေတာ့ သူခိုးရယ္လို႔ ေခါင္းစဉ္အသစ္ တပ္ခံရပါေတာ့တယ္။

REF : Mizzima News

Unicode

သမ္မတရှီကျင့်ဖျင်ရဲ့ ဦးဆောင်မှုအောက်မှာ တရုတ်ဟာ ကမ္ဘာမှာ မဟာအင်အားကြီးဖြစ်လာစေဖို့ ညစ်ပတ်တဲ့လှည့်ကွက်တွေနဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို လုပ်ဆောင်နေခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့နည်းလမ်းတွေထဲက တစ်ခုကတော့ အိုင်ဒီယာတွေ၊ သုတေသနနဲ့ အရေးပါတဲ့နည်းပညာတွေကို ခိုးယူတာပဲဖြစ်ပါတယ်။

အမေရိကန်ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို ညွှန်ကြားရေးမှူး ခရစ်စတိုဖာရေးက ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ၇ရက်နေ့တုံးက တရုတ်ကွန်မြူနစ်ပါတီ (CCP) ဟာ သုနေသနတွေ ခိုးယူပြီး ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေရဲ့ “ပွင့်လင်းမြင်သာမှုကို ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ တတ်စွမ်းသမျှ လုပ်ဆောင်နေတယ်” လို့ ပြောကြားခဲ့ပါတယ်။

တခြားတိုင်းပြည်တွေရဲ့ အဖိုးတန် သုတေသန၊ ဒေတာနဲ့ အရေးကြီးတဲ့ နည်းပညာတွေ ခိုးယူဖို့အတွက် ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရတို့ သုံးနေတဲ့ နည်းလမ်းတွေမနည်းလှပါဘူး။ ဥပမာပြောရရင် – နိုင်ငံခြားကုမ္ပဏီတွေကို ဟက် (hack) လုပ်တာ၊ တရုတ်နိုင်ငံတွေကို ပူးတွဲရွေးချယ်တာ၊ နိုင်ငံခြား ကျွမ်းကျင်သူတွေကို ဖြားယောင်းသိမ်းသွင်းတာနဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်ရရှိဖို့ တရုတ်နဲ့ သူတို့ရဲ့ဆက်နွယ်တာတွေကို တမင်ဖုံးထားတဲ့ ဝန်ထမ်းတွေ (တစ်ချို့တွေဆို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် PLA က စစ်သားတွေ) ကို စေလွှတ်တာဖြစ်ပါတယ်။

၂၀၂၀ ဇူလိုင် ၂၁ ရက်နေ့က အမေရိကန်တရားရေးဝန်ကြီးဌာနဟာ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ချက်မှာ အမေရိကန်မှာနေထိုင်နေတဲ့ တရုတ်ဟက်ကာနှစ်ယောက်ကို ဉာဏပစ္စည်းပိုင်ဆိုင်မှုနဲ့ လျှို့ဝှက် စီးပွားရေး သတင်းအချက်အလက်တွေကို ပစ်မှတ်ထားပြီး ခိုးယူမှုလုပ်နေတာနဲ့ပတ်သက်လို့ စွဲချက်တင်ထားတယ်လို့ ပါရှိပါတယ်။

သတင်းထုတ်ပြန်ချက်အရဆိုရင် ဟက်ကာနှစ်ယောက်ဟာ တရုတ် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနလက်အောက်က ကွမ်တုံးပြည်နယ်လုံခြုံရေးဌာန (MSS) နဲ့ တွဲပြီး အလုပ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ MSS ဟာ တရုတ်အစိုးရ ထောက်လှမ်းရေး၊ လုံခြုံရေးနဲ့ လျှို့ဝှက်ရဲအေဂျင်စီဖြစ်ပြီး နိုင်ငံခြားထောက်လှမ်းရေးလုပ်တာပါ။

သူတို့နှစ်ယောက်လုပ်ခဲ့တဲ့ ဟက်ကာတိုက်ခိုက်မှုဟာ ဆယ်စုနှစ်တစ်ခုကြာမြင့်ခဲ့ပြီး ပစ်မှတ်ထားတဲ့ ကုမ္ပဏီတွေဟာ နည်းပညာကြွယ်ဝတဲ့ နိုင်ငံတြွေဖစ်တဲ့ အမေရိကန်၊ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ဂျပန်၊ လစ်သူရေးနီးယား၊ နယ်သာလန်၊ စပိန်၊ တောင်ကိုရီးယား၊ ဆွီဒင်နဲ့ ယူနိုက်တက်ကင်းဒမ်းတို ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက်ရှေ့နေချုပ် ဂျွန် စီ ဒမားစ် က သတင်းထုတ်ပြန်ချက်မှာပြောကြားရာမှာ “CCP ဟာ ကိုဗစ်-၁၉ သုတေသနအပါအဝင် အမေရိကန်နဲ့ တခြားတရုတ်မဟုတ်တဲ့ ကုမ္ပဏီတွေ ခက်ခက်ခဲခဲရရှိထားတဲ့ ဉာဏပစ္စည်းပိုင်ဆိုင်မှုတွေကို အတော့်ကိုပဲ လိုချင်တပ်မက်စိတ်ရှိနေတယ်” လို့ ဆိုပါတယ်။

မကြာသေးခင်ကပဲ တရုတ်အတွက် သူလျှိုလုပ်မှု၊ ထောက်ပံ့ငွေလိမ်လည်မှုတွေနဲ့ အမေရိကန်ပြည်ထောင်စုက မက်ဆာချူးဆက် စက်မှုတက္ကသိုလ် (Massachusetts Institute of Technology (ဝါ) MIT) ရဲ့ ပါမောက္ခတစ်ဦး ဖမ်းခံရတာကို သတိပြုမိကြမယ်ထင်ပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့က အမေရိကန်တရားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဂန်ချန်ဟာ တရုတ်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်စာချုပ်တွေ၊ ရာထူးခန့်အပ်တာတွေနဲ့ ဆုတွေကို အမေရိကန် စွမ်းအင်ဝန်ကြီးဌာနကို ထုတ်ဖော်တင်ပြရမှာဖြစ်ပေမယ့် ပျက်ကွက်ခဲ့တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် ဂန်ချန်ဟာ နိုင်ငံခြားဘဏ်အကောင့်အစီရင်ခံစာ (FBAR) ကိုလည်း တင်ပြဖို့ ပျက်ကွက်ခဲ့ပြီး အခွန်ရှင်းတမ်း အမှားကိုထုတ်ပြန်ခဲ့မှုတွေနဲ့ တရားစွဲခံရပါတယ်။ သတင်းတွေအရဆိုရင် ဂန်ချန်ဟာ တရုတ်တောင်ပိုင်း သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကပေးတဲ့ အမေရိကန်ဒေါ်လာ ၁၉ သန်းနဲ့ အတူ ဖုံးကွယ်ထားခဲ့တဲ့ နိုင်ငံခြား ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂၉သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ ခိုးယူမှုအစီအစဉ်မှာ ပညာရေးကဏ္ဏဟာလည်း ချွင်းချက်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုံးက ဟားဗတ်တက္ကသိုလ် ဓာတုဗေဒနဲ့ ဓာတုဇီဝဗေဒဌာနရဲ့ ဥက္ကဌကို တရုတ်အစိုးရနဲ့ ဆက်သွယ်မှုရှိတာ၊ အယောင်ဆောင် မမှန်ကန်တဲ့ ထုတ်ပြန်ချက်တွေလုပ်တာနဲ့ပတ်သက်ပြီး တရားစွဲဆိုခဲ့ပါတယ်။

အမေရိကန်အရာရှိတွေက အခု ဟားဗတ်မှာ အမေရိကန်အစိုးရရဲ့ ထောက်ပံ့ကြေးနဲ့လုပ်နေတဲ့လုပ်နေတဲ့ အရေးကြီးတဲ့ R&D လုပ်ငန်းတွေဟာ ကွန်မြူနစ်ပါတီ CCP နဲ့ တရုတ်အစိုးရတို့ရဲ့လက်ထဲရောက်သွားတော့မှာကို စိုးရိမ်နေကြပါတယ်။

တရုတ်ဟာ လွတ်လပ်သောကမ္ဘာရဲ့ ပွင့်လင်းမှုကို အခွင့်ကောင်းယူ ၊ အလွဲသုံးစားလုပ်ပြီး သူ့ အကျိုးအတွက် ခိုးယူတာကို အားပေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်ဟာ သူ့ဈေးကွက်နဲ့ စီးပွားရေးကို ပြင်ပကမ္ဘာကို ပိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးဟာ တရုတ်ရဲ့ သားရဲဆန်တဲ့ ပြုကျင့်မှုတွေနဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ နည်းပရိယာယ်တွေကို သတိပြုမိလာကြပြီဖြစ်ပါတယ်။

ဒါကြောင့် တရုတ်ဟာ သူ့လုပ်ရပ်တွေအတွက် ဘက်ပေါင်းစုံကနေပြီး ဝေဖန်ပြစ်တင်မှုတွေ ကြုံတွေ့လာနေရပါတယ်။ တောင်တရုတ်ပင်လယ်ထဲက ကျူးကျော်တိုက်ခိုက်မှုတွေ၊ ဝီဂါလူနည်းစုတွေကို နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ဖိနှိပ်သူ လူ့အခွင့်အရေးချိုးဖောက်သူရယ်လို့ သတ်မှတ်ခံထားတာရာကနေ အခုမှာတော့ သူခိုးရယ်လို့ ခေါင်းစဉ်အသစ် တပ်ခံရပါတော့တယ်။

REF : Mizzima News+

Leave a Reply

Your email address will not be published. Required fields are marked *