ဂ်ပန္နိုင္ငံအေနျဖင့္ အေမရိကန္ျပည္ေထာင္စုႏွင့္ မဟာမိတ္အျဖစ္ ခိုင္မာေစရန္ႏွင့္ ကမၻာလုံးဆိုင္ရာကိစၥရပ္ မ်ားအတြက္ အေမရိကန္သမၼတသစ္ႏွင့္ နီးကပ္စြာ လက္တြဲေဆာင္ရြက္ရန္ ေမၽွာ္လင့္ေနေၾကာင္း ဂ်ပန္ဝန္ႀကီး ခ်ဳပ္ ဆူဂါက ေျပာၾကားခဲ့သည္။
အေမရိကန္သမၼတသစ္ ဂ်ိဳးဘိုင္ဒင္ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုျခင္းကို ႀကိဳဆိုေၾကာင္း သတင္း ေထာက္မ်ားကို ဆူဂါက ယေန႔၌ ေျပာၾကားခဲ့သည္။ သမၼတ ဂ်ိဳးဘိုင္ဒင္ႏွင့္ ဒုတိယသမၼတ ကာမာလာဟားရစ္တို႔ ေရြးေကာက္ခံရျခင္းကို ခ်ီးက်ဴးဂုဏ္ျပဳေၾကာင္း ဆူဂါ က ေျပာၾကားခဲ့သည္။
စည္းလုံးညီညႊတ္မႈရွိရန္ ေတာင္းဆိုလိုက္ေသာ ဂ်ိဳးဘိုင္ဒင္၏အဖြင့္အမွာစကားက ကမၻာႀကီးအတြက္ အင္မတန္ အေရးႀကီးေသာ သတင္းစကားတစ္ခုျဖစ္ေၾကာင္း ၎က ေျပာၾကားခဲ့သည္။ သမၼတသစ္ ဂ်ိဳးဘိုင္ဒင္ႏွင့္ တယ္လီဖုန္းျဖင့္ ေဆြးေႏြးရန္ စီစဥ္လ်က္ရွိေၾကာင္း ဝန္ႀကီးခ်ဳပ္ ဆူဂါက ေျပာၾကားခဲ့ သည္။
ကိုးကား – အန္အိတ္ခ်္ေက
Ref; Suga to work with Biden for stronger alliance
CRD – PeopleMedia
Unicode
ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်အဖြစ် ခိုင်မာစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ် များအတွက် အမေရိကန်သမ္မတသစ်နှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်ရန် မျှော်လင့်နေကြောင်း ဂျပန်ဝန်ကြီး ချုပ် ဆူဂါက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်းကို ကြိုဆိုကြောင်း သတင်း ထောက်များကို ဆူဂါက ယနေ့၌ ပြောကြားခဲ့သည်။ သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဒုတိယသမ္မတ ကာမာလာဟားရစ်တို့ ရွေးကောက်ခံရခြင်းကို ချီးကျူးဂုဏ်ပြုကြောင်း ဆူဂါ က ပြောကြားခဲ့သည်။
စည်းလုံးညီညွှတ်မှုရှိရန် တောင်းဆိုလိုက်သော ဂျိုးဘိုင်ဒင်၏အဖွင့်အမှာစကားက ကမ္ဘာကြီးအတွက် အင်မတန် အရေးကြီးသော သတင်းစကားတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သမ္မတသစ် ဂျိုးဘိုင်ဒင်နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်း ဝန်ကြီးချုပ် ဆူဂါက ပြောကြားခဲ့ သည်။
ကိုးကား – အန်အိတ်ချ်ကေ
Ref; Suga to work with Biden for stronger alliance
CRD – PeopleMedia