ကာကြယ္ေဆးေတာ္ေတာ္မ်ားမ်ားကိုWHOအသိအမွတ္မျပဳေသး

အိန္ဒိယထုတ်ကာကွယ်ဆေးအပါအဝင် နိုင်ငံတော်တော်များများကထုတ်လုပ်ထားတဲ့ COVIDကာကွယ်ဆေးတွေကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)ကအသိအမှတ်ပြုထားတာမရှိသေးဘူးလို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၊အရှေ့တောင်အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာသန်းစိန်ကပြောပါတယ်။

အမေရိကန်ကထုတ်တဲ့ ဖိုင်ဇာကာကွယ်ဆေးကလွဲရင် အိန္ဒိယ၊တရုတ်၊ရုရှားအပါအဝင်နိုင်ငံတော်တော်များများကထုတ်လုပ်တဲ့ COVID ကာကွယ်ဆေးတွေကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအသိအမှတ်မပြုထားသေးဘူးလို့ ဒေါက်တာသန်းစိန်ကအခုလိုပြောပါတယ်။

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်မပြုသေးရင်တော့ ဆရာတို့မြန်မာနိုင်ငံက အသုံးပြုဖို့ခဲယဉ်းတာပေါ့နော်။ အဲဒီလိုရှိ တာပေါ့။ အဲဒီလိုအသိအမှတ်ပြုတဲ့ဆေးသာလျှင်ပဲ မြန်မာပြည်ထဲကိုတင်သွင်းပြီးတော့ ပုဂ္ဂလိ ကအနေနဲ့လည်းသုံးစွဲခွင့်ပေးရမယ်။ (ကာကွယ်ဆေးတင်သွင်းချင်)လုပ်ချင်တယ်လို့ပြောတဲ့လူတွေလည်းရှိမှာပဲလေ။

တကယ်လို့ပုဂ္ဂလိကကနေ ဝင်လာလို့သုံးလို့ဒီအတိုင်းဖြစ်ပါတယ်ဆိုတာကို FDAကနေစုံစမ်းပြီးတော့ လူထုလက်ထဲကိုကာကွယ်ဆေးထိုးတဲ့အခါမှာ ဒီကာကွယ်ဆေးသည်Cool Change Systemအအေးလမ်းကြောင်း စနစ်အားလုံးကိုလုပ်ထားတဲ့ဆေးပါလို့ပြောလို့ ပိုက်ဆံတတ်နိုင်တဲ့သူတွေက ဆေးထိုးရင်ရနိုင်တာပါပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအခုထိအောင် ဖိုင်ဇာတစ်ခုပဲအသိအမှတ်ပြုသေးတယ်ထင်တယ်။ ကျန်တဲ့ဆေးတွေကိုတော့ဘာမှအသိအမှတ်ပြုတာမရှိသေးဘူးထင်တယ်။ အိန္ဒိယဆေးကလည်းကမ္ဘာ(ကမ္ဘာ့ကျန်းမာရေးအဖွဲ့)က အသိအမှတ်မပြုသေးတဲ့ထုတ်လုပ်ထားတာပဲရှိသေးတာ”လို့ ဒေါက်တာသန်းစိန်ကပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေကိုသာပုဂ္ဂလိကကိုတရားဝင် တင်သွင်းရောင်းချခွင့်ပြုသင့်သလို အအေးလမ်းကြောင်းတွေသေချာပြင်ဆင်ပြီး အာနိသင်မပြယ်ဘဲထိုးပေးနိုင်အောင်ဆောင်ရွက်နိုင်မှသာ တင်သွင်းရောင်းချခွင့်ပြုသင့်တယ်လို့ဒေါက်တာသန်းစိန်ကပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ COVAXအစီအစဉ်မှာအကျုံးဝင်တဲ့အတွက် COVIDကာကွယ် ဆေးလူဦးရေ(၂၀)ရာခိုင်နှုန်း (၁၀ ဒဿမ ၈)သန်းအတွက် အခမဲ့ရရှိမှာဖြစ်ပါတယ်။ ဖိုင်ဇာလိုဆေးမျိုးကို မြန်မာမှာအသုံးပြုနိုင်ဖို့ အအေးလမ်းကြောင်းတွေအခက်အခဲရှိနေတာဖြစ်လို့ အအေးလမ်းကြောင်းအခက်အခဲမရှိတဲ့အိမ်နီးချင်းနိုင်ငံတွေကထုတ်လုပ်တဲ့ကာကွယ်ဆေးတွေဝယ်ယူနိုင်ဖို့လည်းစီစဉ်နေတာတွေရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံနဲ့မြန်မာ့လူဦးရေ (၁၅)သန်းအတွက် ကာကွယ်ဆေးဝယ်ယူဖို့ဆွေးနွေးတာ၊ နားလည်မှုစာချွန်လွှာမှာလက်မှတ်ရေးထိုးထားတာတွေဆောင်ရွက်ထားပြီးဖြစ်သလို အမေရိကန်၊ရုရှား၊ယူကေ၊ တရုတ်အစရှိတဲ့နိုင်ငံတွေနဲ့လည်း သံတမန်ချင်းချိတ်ဆက်ပြီးကာကွယ်ဆေးရရှိဖို့ဆောင်ရွက်နေပါတယ်။

source : သူသူထက်လွင်

zawgyi

အိႏၵိယထုတ္ကာကြယ္ေဆးအပါအဝင္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကထုတ္လုပ္ထားတဲ့ COVIDကာကြယ္ေဆးေတြကို ကမာၻ႔ က်န္းမာေရးအဖြဲ႕(WHO)ကအသိအမွတ္ျပဳထားတာမရွိေသးဘူးလို႔ ျပည္သူ႔က်န္းမာေရးေဖာင္ေဒးရွင္းဥကၠဌ၊ ကမာၻ႔က်န္းမာ ေရးအဖြဲ႕၊အေရွ႕ေတာင္အာရွေဒသဆိုင္ရာၫႊန္ၾကားေရးမႉး(ၿငိမ္း) ေဒါက္တာသန္းစိန္ကေျပာပါတယ္။

အေမရိကန္ကထုတ္တဲ့ ဖိုင္ဇာကာကြယ္ေဆးကလြဲရင္ အိႏၵိယ၊တ႐ုတ္၊႐ုရွားအပါအဝင္ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကထုတ္လုပ္တဲ့ COVID ကာကြယ္ေဆးေတြကိုကမာၻ႔က်န္းမာေရးအဖြဲ႕ကအသိအမွတ္မျပဳထားေသးဘူးလို႔ ေဒါက္တာသန္းစိန္ကအခုလိုေျပာပါတယ္။

“ကမာၻ႔က်န္းမာေရးအဖြဲ႕က အသိအမွတ္မျပဳေသးရင္ေတာ့ ဆရာတို႔ျမန္မာႏိုင္ငံက အသုံးျပဳဖို႔ခဲယဥ္းတာေပါ့ေနာ္။ အဲဒီလိုရွိ တာေပါ့။ အဲဒီလိုအသိအမွတ္ျပဳတဲ့ေဆးသာလွ်င္ပဲ ျမန္မာျပည္ထဲကိုတင္သြင္းၿပီးေတာ့ ပုဂၢလိ ကအေနနဲ႔လည္းသုံးစြဲခြင့္ေပးရမယ္။ (ကာကြယ္ေဆးတင္သြင္းခ်င္)လုပ္ခ်င္တယ္လို႔ေျပာတဲ့လူေတြလည္းရွိမွာပဲေလ။

တကယ္လို႔ပုဂၢလိကကေန ဝင္လာလို႔သုံးလို႔ဒီအတိုင္းျဖစ္ပါတယ္ဆိုတာကို FDAကေနစုံစမ္းၿပီးေတာ့ လူထုလက္ထဲကိုကာကြယ္ေဆးထိုးတဲ့အခါမွာ ဒီကာကြယ္ေဆးသည္Cool Change Systemအေအးလမ္းေၾကာင္း စနစ္အားလုံးကိုလုပ္ထားတဲ့ေဆးပါလို႔ေျပာလို႔ ပိုက္ဆံတတ္ႏိုင္တဲ့သူေတြက ေဆးထိုးရင္ရႏိုင္တာပါပဲ။ ကမာၻ႔က်န္းမာေရးအဖြဲ႕ကအခုထိေအာင္ ဖိုင္ဇာတစ္ခုပဲအသိအမွတ္ျပဳေသးတယ္ထင္တယ္။ က်န္တဲ့ေဆးေတြကိုေတာ့ဘာမွအသိအမွတ္ျပဳတာမရွိေသးဘူးထင္တယ္။ အိႏၵိယေဆးကလည္းကမာၻ(ကမာၻ႔က်န္းမာေရးအဖြဲ႕)က အသိအမွတ္မျပဳေသးတဲ့ထုတ္လုပ္ထားတာပဲရွိေသးတာ”လို႔ ေဒါက္တာသန္းစိန္ကေျပာပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)က အသိအမွတ္ျပဳထားတဲ့ ကာကြယ္ေဆးေတြကိုသာပုဂၢလိကကိုတရားဝင္ တင္သြင္းေရာင္းခ်ခြင့္ျပဳသင့္သလို အေအးလမ္းေၾကာင္းေတြေသခ်ာျပင္ဆင္ၿပီး အာနိသင္မျပယ္ဘဲထိုးေပးႏိုင္ေအာင္ေဆာင္႐ြက္ႏိုင္မွသာ တင္သြင္းေရာင္းခ်ခြင့္ျပဳသင့္တယ္လို႔ေဒါက္တာသန္းစိန္ကေျပာပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ COVAXအစီအစဥ္မွာအက်ဳံးဝင္တဲ့အတြက္ COVIDကာကြယ္ ေဆးလူဦးေရ(၂၀)ရာခိုင္ႏႈန္း (၁၀ ဒႆမ ၈)သန္းအတြက္ အခမဲ့ရရွိမွာျဖစ္ပါတယ္။ ဖိုင္ဇာလိုေဆးမ်ိဳးကို ျမန္မာမွာအသုံးျပဳႏိုင္ဖို႔ အေအးလမ္းေၾကာင္းေတြအခက္အခဲရွိေနတာျဖစ္လို႔ အေအးလမ္းေၾကာင္းအခက္အခဲမရွိတဲ့အိမ္နီးခ်င္းႏိုင္ငံေတြကထုတ္လုပ္တဲ့ကာကြယ္ေဆးေတြဝယ္ယူႏိုင္ဖို႔လည္းစီစဥ္ေနတာေတြရွိပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ အိႏၵိယႏိုင္ငံနဲ႔ျမန္မာ့လူဦးေရ (၁၅)သန္းအတြက္ ကာကြယ္ေဆးဝယ္ယူဖို႔ေဆြးေႏြးတာ၊ နားလည္မႈစာခြၽန္လႊာမွာလက္မွတ္ေရးထိုးထားတာေတြေဆာင္႐ြက္ထားၿပီးျဖစ္သလို အေမရိကန္၊႐ုရွား၊ယူေက၊ တ႐ုတ္အစရွိတဲ့ႏိုင္ငံေတြနဲ႔လည္း သံတမန္ခ်င္းခ်ိတ္ဆက္ၿပီးကာကြယ္ေဆးရရွိဖို႔ေဆာင္႐ြက္ေနပါတယ္။

source : သူသူထက္လြင္

Leave a Reply

Your email address will not be published. Required fields are marked *