ျမန္မာတရားမ၀င္ေ႐ႊ႕ေျပာင္းသူမ်ားကို ထိုင္းႏိုင္ငံသို႔ ကားငယ္မ်ားျဖင့္ လူကုန္ကူးမႈမ်ား႐ွိလာ

ေသာၾကာေန႔တြင္ ထိုင္းအရာ႐ွိမ်ားက လမ္းေၾကာအတိုင္းပံုမွန္စစ္ေဆးမႈမ်ားျပဳလုပ္စဥ္ ကားတစီးစီေမာင္း ႏွင္လာသည့္ ထိုင္းယာဥ္ေမာင္း ၃ ေယာက္ႏွင့္ ျမန္မာတရားမ၀င္ေ႐ႊ႕ေျပာင္းအေျခခ်သူစုစုေပါင္း ၇ ေယာက္ကို ဖမ္းဆီးခဲ့သည္။ တရားမ၀င္လုပ္သားမ်ားကိုေစာင့္ဆိုင္းေနၾကသည့္ အလုပ္ပြဲစားမ်ားကိုလည္း ထိုင္းအရာ႐ွိမ်ား ကဖမ္းဆီးခဲ့သည္။

သုန္ဖာဖံုၿမိဳ႕႐ွိစစ္ေဆးေရးဂိတ္တြင္ အရာ႐ွိမ်ားက ကားတစီးကိုတားၿပီးစစ္ေဆးခဲ့ရာ အသက္ ၄၄ ႏွစ္အ႐ြယ္႐ွိ ထိုင္းအမ်ိဳးသမီးယာဥ္ေမာင္းႏွင့္ တရားမ၀င္ေ႐ႊ႕ေျပာင္းအေျခခ်သူ အသက္ ၄၃ ႏွစ္အ႐ြယ္ျမန္မာအမ်ိဳးသား၊ ၃၃ ႏွစ္ႏွင့္ ၁၇ ႏွစ္အ႐ြယ္႐ွိအမ်ိဳးသမီး ၂ ေယာက္ႏွင့္ အသက္ ၉ ႏွစ္အ႐ြယ္အမ်ိဳးသားတို႔ကို ဖမ္းဆီးခဲ့သည္။

သူတို႔ကို ဘန္ေကာက္႐ွိအလုပ္႐ွင္မ်ားထံ ပြဲစားမ်ားကပို႔ေဆာင္မည္ဟု ယာဥ္ေမာင္းကေျပာသည္။
ေနာက္ပိုင္းတြင္ ပြဲစားမ်ားကို ရဲမ်ားကဖမ္းဆီးေသာ္လည္း အေသးစိတ္မသိရေသးေခ်။ ယာဥ္ေမာင္းအမ်ိဳးသမီးသည္ ေဆာင္ခလာဘူရီၿမိဳ႕အုပ္ခ်ဳပ္ေရးအရာ႐ွိတေယာက္၏အမ်ိဳးသမီးျဖစ္ၿပီး ထိုၿမိဳ႕တြင္ ရတနာေရာင္း၀ယ္ေရးလုပ္ငန္းတခုပိုင္ဆိုင္သကဲ့သို႔ ျမန္မာဘက္႐ွိဘုရားသံုးသူတြင္လည္း ခရီးသြားလုပ္ငန္း တခုပိုင္ဆိုင္သည္ဟု ရဲမ်ားကေျပာသည္။

ေသာၾကာေန႔တြင္ပင္ ေဆာင္ခလာဘူရီၿမိဳ႔တြင္ ကား ၂ စီးကို ရဲ၊ စစ္သာႏွင့္ ေဒသအာဏာပိုင္မ်ားကစစ္ေဆးရာ ပထမကားတြင္ ေနာက္ဖံုးထဲတြင္ပါလာသည့္ အသက္ ၃၀ ႏွင့္ ၁၈ ႏွစ္႐ွိျမန္မာအမ်ိဳးသမီး ၂ ေယာက္ကို ေတြ႕ရၿပီး ထိုအမ်ိဳးသမီး ၂ ေယာက္အလုပ္လုပ္ရန္ ဘန္ေကာက္သို႔ေခၚသြားျခင္းျဖစ္သည္ဟု ယာဥ္ေမာင္းက ၀န္ခံသည္။

ဒုတိယကားတြင္လည္း ခရီးသည္ခံုတန္းတြင္ ေစာင္ျဖင့္လႊမ္းကာေခၚလာသည့္အသက္ ၄၂ ႏွစ္ရွိ ျမန္မာ အမ်ိဳးသားတေယာက္ကို ေတြ႕ရၿပီး ထိုအမ်ိဳးသားသည္ ယခင္က သူ၏၀န္ထမ္းျဖစ္ေၾကာင္း ေခၚေဆာင္လာ သည့္ယာဥ္ေမာင္းအမ်ိဳးသမီးက ၀န္ခံသည္။

ရတ္ခ်ာဘူရီ႐ွိ သူ၏ဆိုင္တြင္အလုပ္လုပ္ရန္ျဖစ္ေၾကာင္းလည္းထြက္ဆိုသည္။ ယခင္က လူကုန္ကူးသူမ်ားက ဗင္ကားမ်ား၊ ထရပ္ကားမ်ားျဖင့္ လူအမ်ားအျပားတင္ေခၚလာေလ့႐ွိေသာ္လည္း ေနာက္ပိုင္းတြင္ တႀကိမ္လွ်င္ လူအနည္းငယ္စီသာ လိုက္ပါႏိုင္သည့္မိသားစုသံုးကားမ်ားကို ေျပာင္းလဲ အသံုးျပဳလာၾကေၾကာင္း စစ္ေဆးေရးဂိတ္႐ွိအရာ႐ွိတေယာက္ကေျပာသည္။
Ref : Migrant smugglers switch to using small vehicles
CRD -PeopleMedia

Unicode

သောကြာနေ့တွင် ထိုင်းအရာရှိများက လမ်းကြောအတိုင်းပုံမှန်စစ်ဆေးမှုများပြုလုပ်စဉ် ကားတစီးစီမောင်း နှင်လာသည့် ထိုင်းယာဉ်မောင်း ၃ ယောက်နှင့် မြန်မာတရားမဝင်ရွှေ့ပြောင်းအခြေချသူစုစုပေါင်း ၇ ယောက်ကို ဖမ်းဆီးခဲ့သည်။ တရားမဝင်လုပ်သားများကိုစောင့်ဆိုင်းနေကြသည့် အလုပ်ပွဲစားများကိုလည်း ထိုင်းအရာရှိများ ကဖမ်းဆီးခဲ့သည်။

သုန်ဖာဖုံမြို့ရှိစစ်ဆေးရေးဂိတ်တွင် အရာရှိများက ကားတစီးကိုတားပြီးစစ်ဆေးခဲ့ရာ အသက် ၄၄ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးယာဉ်မောင်းနှင့် တရားမဝင်ရွှေ့ပြောင်းအခြေချသူ အသက် ၄၃ နှစ်အရွယ်မြန်မာအမျိုးသား၊ ၃၃ နှစ်နှင့် ၁၇ နှစ်အရွယ်ရှိအမျိုးသမီး ၂ ယောက်နှင့် အသက် ၉ နှစ်အရွယ်အမျိုးသားတို့ကို ဖမ်းဆီးခဲ့သည်။

သူတို့ကို ဘန်ကောက်ရှိအလုပ်ရှင်များထံ ပွဲစားများကပို့ဆောင်မည်ဟု ယာဉ်မောင်းကပြောသည်။
နောက်ပိုင်းတွင် ပွဲစားများကို ရဲများကဖမ်းဆီးသော်လည်း အသေးစိတ်မသိရသေးချေ။ ယာဉ်မောင်းအမျိုးသမီးသည် ဆောင်ခလာဘူရီမြို့အုပ်ချုပ်ရေးအရာရှိတယောက်၏အမျိုးသမီးဖြစ်ပြီး ထိုမြို့တွင် ရတနာရောင်းဝယ်ရေးလုပ်ငန်းတခုပိုင်ဆိုင်သကဲ့သို့ မြန်မာဘက်ရှိဘုရားသုံးသူတွင်လည်း ခရီးသွားလုပ်ငန်း တခုပိုင်ဆိုင်သည်ဟု ရဲများကပြောသည်။

သောကြာနေ့တွင်ပင် ဆောင်ခလာဘူရီမြို့တွင် ကား ၂ စီးကို ရဲ၊ စစ်သာနှင့် ဒေသအာဏာပိုင်များကစစ်ဆေးရာ ပထမကားတွင် နောက်ဖုံးထဲတွင်ပါလာသည့် အသက် ၃၀ နှင့် ၁၈ နှစ်ရှိမြန်မာအမျိုးသမီး ၂ ယောက်ကို တွေ့ရပြီး ထိုအမျိုးသမီး ၂ ယောက်အလုပ်လုပ်ရန် ဘန်ကောက်သို့ခေါ်သွားခြင်းဖြစ်သည်ဟု ယာဉ်မောင်းက ဝန်ခံသည်။

ဒုတိယကားတွင်လည်း ခရီးသည်ခုံတန်းတွင် စောင်ဖြင့်လွှမ်းကာခေါ်လာသည့်အသက် ၄၂ နှစ်ရှိ မြန်မာ အမျိုးသားတယောက်ကို တွေ့ရပြီး ထိုအမျိုးသားသည် ယခင်က သူ၏ဝန်ထမ်းဖြစ်ကြောင်း ခေါ်ဆောင်လာ သည့်ယာဉ်မောင်းအမျိုးသမီးက ဝန်ခံသည်။

ရတ်ချာဘူရီရှိ သူ၏ဆိုင်တွင်အလုပ်လုပ်ရန်ဖြစ်ကြောင်းလည်းထွက်ဆိုသည်။ ယခင်က လူကုန်ကူးသူများက ဗင်ကားများ၊ ထရပ်ကားများဖြင့် လူအများအပြားတင်ခေါ်လာလေ့ရှိသော်လည်း နောက်ပိုင်းတွင် တကြိမ်လျှင် လူအနည်းငယ်စီသာ လိုက်ပါနိုင်သည့်မိသားစုသုံးကားများကို ပြောင်းလဲ အသုံးပြုလာကြကြောင်း စစ်ဆေးရေးဂိတ်ရှိအရာရှိတယောက်ကပြောသည်။
Ref : Migrant smugglers switch to using small vehicles
CRD -PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *