ယူဂန်းဒါးနိုင်ငံက အသက် ၇ နှစ် ကောင်လေး ဂရေဟမ်း ရှီမာ (Graham Shema) ဟာဆိုရင် Cessana လေယာဉ်ကို (၃) ကြိမ်တောင် ပျံသန်းမောင်းနှင်ပြီးသွားပါပြီ။ သူ့ရဲ့လေယာဉ်မောင်းနှင်နိုင်တဲ့စွမ်းရည်နဲ့ လေယာဉ်နဲ့ပတ်သက်ပြီး အသိပညာကြွယ်ဝတဲ့အတွက်ကြောင့် သူ့ရဲ့နိုင်ငံမှာ နာမည်ကျော်နေပါတယ်။ သူ့ကို “ကပ္ပတိန်” လို့တောင် နာမည်ပြောင်ပေးထားကြတာပါ။ သူ့ရဲ့စံပြပုဂ္ဂိုလ်ကတော့ အီလွန်မာ့စ် (Elon Musk) ဖြစ်ပြီး သူ့ရဲ့အိပ်မက်ကတော့ အာကာသယာဉ်မှူးဖြစ်ဖို့နဲ့ တစ်နေ့ မားစ်ဂြိုလ်ကို သွားနိုင်ဖို့ပါပဲ။
ဒီကောင်လေးဟာ Trainee တစ်ယောက်အနေနဲ့ Cessana 172 လေယာဉ်ကို (၃) ကြိမ် မောင်းနှင်ပြီးသွားခဲ့တာပါ။ သူ့ကို ပြည်တွင်းရုပ်သံလိုင်းတွေက အင်တာဗျူးကြတဲ့အပြင် ဂျာမနီနိုင်ငံရဲ့သံတမန်တွေနဲ့ ပို့ဆောင်ရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့အတွက်လည်း ဖိတ်ကြားခံခဲ့ရတာပါ။ သူ့ကို ဘာလို့အီလွန်မာ့စ်ကိုကြိုက်တာလဲလို့ မေးရင် အာကာသနဲ့ ပတ်သက်ပြီး သူ့ဆီက လ့လာသင်ယူချင်တယ်၊ သူနဲ့အတူ အာကာသကို သွားချင်တယ်၊ သူနဲ့လက်တွဲနှုတ်ဆက်ချင်တယ်လို့ ဆိုပါတယ်။
Entebbe International Airport က လေယာဉ်မောင်းနှင်တာနဲ့ပတ်သက်ပြီး သူ့ကို သင်ကြားပို့ချပေးတဲ့ဆရာဟာ လေယာဉ်နဲ့ပတ်သက်ပြီး ဗဟုသုတ ဘယ်လောက်ကြွယ်လဲဆိုတာ သိရဖို့ ရှီမာကို မေးခွန်းတွေမေးလေ့ရှိပါတယ်။ ရှီမာကို Bombardier CRJ9000 လေယာဉ်မှာ အင်ဂျင်တွေ ဘယ်လိုအလုပ်လုပ်လဲမေးတုန်းကလည်း Compressor တွေက ဘယ်လိုဖြစ်လာတယ်။ ပန်ကာတွေကလည်း ဘယ်လိုပူလာတယ်ဆိုတာတွေကို အသေးစိတ်ရှင်းပြနိုင်ပါတယ်။
ရှီမာ လေယာဉ်မောင်းနှင်ချင်လာခဲ့တာက ရဲရဟတ်ယာဉ်တစ်စီးဟာ သူ့အဘွားနေအိမ်ရဲ့အိမ်ခေါင်းမိုးပေါ်ကနေ နိမ့်ပြီး ပျံသန်းသွားတဲ့အချိန်က စခဲ့တာပါ။ သူက အဲဒီတုန်းက အိမ်အပြင်ဘက်မှာ ဆော့ကစားနေစဉ် ရဟတ်ယာဉ်ပျံသန်းသွားကို မြင်တွေ့လိုက်ရတာပါ။ အဲဒီကနေစပြီး သူ့အတွေးထဲမှာ လေယာဉ်မောင်းနှင်ချင်စိတ်က အစပျိုးလာခဲ့တာဖြစ်တယ်လို့ သူ့အမေက ဆိုပါတယ်။
ရှီမာက လေယာဉ်တွေဘယ်လိုပျံသန်းတာလဲဆိုတဲ့ မေးခွန်းတွေလည်း သူ့အမေကို မေးလာခဲ့ပါတော့တယ်။ ရှီမာဟာ လေယာဉ်နဲ့ပတ်သက်ပြီး အရမ်းစိတ်ဝင်စားနေတဲ့အတွက် သူ့အမေက Aviation Academy ကို ဆက်သွယ်ပေးတဲ့အပြင် အိမ်မှာလည်း လေယာဉ်အစိတ်အပိုင်းတွေနဲ့ လေယာဉ်ပျံသန်းမောင်းနှင်တာနဲ့ပတ်သက်တဲ့ ဝေါဟာရတွေကို သင်ယူစေခဲ့ပါတယ်။
(၅) လအကြာမှာတော့ ရှီမာက လေယာဉ် ဘယ်လိုမောင်းနှင်ရမလဲဆိုတာကို သင်ယူနိုင်ခဲ့ပါတယ်။ အဲဒီကတည်းစပြီး သူဟာ တွဲဖက်လေယာဉ်မှူးတစ်ယောက်အနေနဲ့ လေယာဉ်ကို (၃) ကြိမ် မောင်းနှင်ခဲ့ရပါတယ်။ ကပ်ရောဂါအတွင်းမှာလည်း ရှီမာဟာ လေယာဉ်မောင်းနှင်ခြင်းအတတ်ပညာရပ်ဆိုင်ရာသီအိုရီတွေကို အဓိကထားလေ့လာနေခဲ့ပြီး လေယာဉ်မောင်းနှင်ခြင်းနဲ့အာကာသဆိုင်ရာ ဗီဒီယိုတွေမှာလည်း ရှီမာပါဝင်တာကို တွေ့နေရပါတယ်။
crd
zawgyi
ယူဂန္းဒါးႏိုင္ငံက အသက္ ၇ ႏွစ္ ေကာင္ေလး ဂေရဟမ္း ရွီမာ (Graham Shema) ဟာဆိုရင္ Cessana ေလယာဥ္ကို (၃) ႀကိမ္ေတာင္ ပ်ံသန္းေမာင္းႏွင္ၿပီးသြားပါၿပီ။ သူ႔ရဲ႕ေလယာဥ္ေမာင္းႏွင္ႏိုင္တဲ့စြမ္းရည္နဲ႔ ေလယာဥ္နဲ႔ပတ္သက္ၿပီး အသိပညာႂကြယ္ဝတဲ့အတြက္ေၾကာင့္ သူ႔ရဲ႕ႏိုင္ငံမွာ နာမည္ေက်ာ္ေနပါတယ္။ သူ႔ကို “ကပၸတိန္” လို႔ေတာင္ နာမည္ေျပာင္ေပးထားၾကတာပါ။ သူ႔ရဲ႕စံျပပုဂၢိဳလ္ကေတာ့ အီလြန္မာ့စ္ (Elon Musk) ျဖစ္ၿပီး သူ႔ရဲ႕အိပ္မက္ကေတာ့ အာကာသယာဥ္မႉးျဖစ္ဖို႔နဲ႔ တစ္ေန႔ မားစ္ၿဂိဳလ္ကို သြားႏိုင္ဖို႔ပါပဲ။
ဒီေကာင္ေလးဟာ Trainee တစ္ေယာက္အေနနဲ႔ Cessana 172 ေလယာဥ္ကို (၃) ႀကိမ္ ေမာင္းႏွင္ၿပီးသြားခဲ့တာပါ။ သူ႔ကို ျပည္တြင္း႐ုပ္သံလိုင္းေတြက အင္တာဗ်ဴးၾကတဲ့အျပင္ ဂ်ာမနီႏိုင္ငံရဲ႕သံတမန္ေတြနဲ႔ ပို႔ေဆာင္ေရးဝန္ႀကီးေတြနဲ႔ ေတြ႕ဆုံဖို႔အတြက္လည္း ဖိတ္ၾကားခံခဲ့ရတာပါ။ သူ႔ကို ဘာလို႔အီလြန္မာ့စ္ကိုႀကိဳက္တာလဲလို႔ ေမးရင္ အာကာသနဲ႔ ပတ္သက္ၿပီး သူ႔ဆီက လ့လာသင္ယူခ်င္တယ္၊ သူနဲ႔အတူ အာကာသကို သြားခ်င္တယ္၊ သူနဲ႔လက္တြဲႏႈတ္ဆက္ခ်င္တယ္လို႔ ဆိုပါတယ္။
Entebbe International Airport က ေလယာဥ္ေမာင္းႏွင္တာနဲ႔ပတ္သက္ၿပီး သူ႔ကို သင္ၾကားပို႔ခ်ေပးတဲ့ဆရာဟာ ေလယာဥ္နဲ႔ပတ္သက္ၿပီး ဗဟုသုတ ဘယ္ေလာက္ႂကြယ္လဲဆိုတာ သိရဖို႔ ရွီမာကို ေမးခြန္းေတြေမးေလ့ရွိပါတယ္။ ရွီမာကို Bombardier CRJ9000 ေလယာဥ္မွာ အင္ဂ်င္ေတြ ဘယ္လိုအလုပ္လုပ္လဲေမးတုန္းကလည္း Compressor ေတြက ဘယ္လိုျဖစ္လာတယ္။ ပန္ကာေတြကလည္း ဘယ္လိုပူလာတယ္ဆိုတာေတြကို အေသးစိတ္ရွင္းျပႏိုင္ပါတယ္။
ရွီမာ ေလယာဥ္ေမာင္းႏွင္ခ်င္လာခဲ့တာက ရဲရဟတ္ယာဥ္တစ္စီးဟာ သူ႔အဘြားေနအိမ္ရဲ႕အိမ္ေခါင္းမိုးေပၚကေန နိမ့္ၿပီး ပ်ံသန္းသြားတဲ့အခ်ိန္က စခဲ့တာပါ။ သူက အဲဒီတုန္းက အိမ္အျပင္ဘက္မွာ ေဆာ့ကစားေနစဥ္ ရဟတ္ယာဥ္ပ်ံသန္းသြားကို ျမင္ေတြ႕လိုက္ရတာပါ။ အဲဒီကေနစၿပီး သူ႔အေတြးထဲမွာ ေလယာဥ္ေမာင္းႏွင္ခ်င္စိတ္က အစပ်ိဳးလာခဲ့တာျဖစ္တယ္လို႔ သူ႔အေမက ဆိုပါတယ္။
ရွီမာက ေလယာဥ္ေတြဘယ္လိုပ်ံသန္းတာလဲဆိုတဲ့ ေမးခြန္းေတြလည္း သူ႔အေမကို ေမးလာခဲ့ပါေတာ့တယ္။ ရွီမာဟာ ေလယာဥ္နဲ႔ပတ္သက္ၿပီး အရမ္းစိတ္ဝင္စားေနတဲ့အတြက္ သူ႔အေမက Aviation Academy ကို ဆက္သြယ္ေပးတဲ့အျပင္ အိမ္မွာလည္း ေလယာဥ္အစိတ္အပိုင္းေတြနဲ႔ ေလယာဥ္ပ်ံသန္းေမာင္းႏွင္တာနဲ႔ပတ္သက္တဲ့ ေဝါဟာရေတြကို သင္ယူေစခဲ့ပါတယ္။
(၅) လအၾကာမွာေတာ့ ရွီမာက ေလယာဥ္ ဘယ္လိုေမာင္းႏွင္ရမလဲဆိုတာကို သင္ယူႏိုင္ခဲ့ပါတယ္။ အဲဒီကတည္းစၿပီး သူဟာ တြဲဖက္ေလယာဥ္မႉးတစ္ေယာက္အေနနဲ႔ ေလယာဥ္ကို (၃) ႀကိမ္ ေမာင္းႏွင္ခဲ့ရပါတယ္။ ကပ္ေရာဂါအတြင္းမွာလည္း ရွီမာဟာ ေလယာဥ္ေမာင္းႏွင္ျခင္းအတတ္ပညာရပ္ဆိုင္ရာသီအိုရီေတြကို အဓိကထားေလ့လာေနခဲ့ၿပီး ေလယာဥ္ေမာင္းႏွင္ျခင္းနဲ႔အာကာသဆိုင္ရာ ဗီဒီယိုေတြမွာလည္း ရွီမာပါဝင္တာကို ေတြ႕ေနရပါတယ္။
crd