Pantsir-S1 ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေထာက္ပံ့ဖို႔ ျမန္မာနဲ႔ ႐ုရွား လက္မွတ္ေရးထိုး

ရုရှားထုတ် Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ် ထောက်ပံ့ရေးအတွက် ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ ရုရှား လေတပ်သတင်းဝက်ဘ်ဆိုက် ruaviation.com က ဖော်ပြခဲ့ပါတယ်။ဇန်နဝါရီ (၂၂) ရက်နေ့ မနက်ပိုင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး Army General Sergey K.SHOIGU တို့ နေပြည်တော် ဇေယျာသီရိဗိမာန်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး Pantsir-S1 စနစ်တွေထောက်ပံ့ရေးအတွက် လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းစစ်ဆင်ရေး ဘေးကင်းလုံခြုံရေး သဘောတူညီချက်အရ ရုရှားနိုင်ငံက Pantsir-S1 လေကြောင်း ကာကွယ်ရေးစနစ်ကို မြန်မာနိုင်ငံအတွက် ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပြီး မြန်မာ့တပ်မတော်ဘက်ကလည်း ရုရှားထုတ် အဆင့်မြင့်လက်နက်တွေကို စိတ်ဝင်စားမှုရှိနေတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ရုရှားနဲ့ မြန်မာနိုင်ငံတို့ဟာ ၂၀၀၁ ခုနှစ်ကတည်းက စစ်ရေးဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံအနေနဲ့ အခုအချိန်အထိ မြန်မာ့တပ်မတော်ကို MiG-29 လေယာဉ် အစင်း (၃၀)၊ Yak-130 စစ်ရေးလေ့ကျင့်မှု လေယာဉ် (၁၂) စင်း၊ Su-30SME ခြောက်စင်း၊ Mi-24 နဲ့ Mi-35P ရဟတ်ယာဉ် ဆယ်စင်း၊ Pechora-2M ရှစ်စင်း၊ ရေဒါတွေ၊ ကျည်ကာကားတွေ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် အမြောက်နည်းဗျူဟာ စနစ်တွေ၊ မြန်မာနိုင်ငံထဲမှာပဲ နှစ်နိုင်ငံပူးပေါင်းပြီး အဆင့်မြင့်စစ်လက်နက် ပစ္စည်းတွေပြုပြင်မွမ်းမံမှုနဲ့ အဆင့်မြှင့်တင်မှုလုပ်ငန်းတွေကိုပါ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ruaviation မှာရေးသားထားပါတယ်။

Ref : Ruaviation
Photo : AFP,dsinfo
crd…..Omedia #Russia #Pantsir-S1 #TZ

zawgyi

႐ုရွားထုတ္ Pantsir-S1 ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ ေထာက္ပံ့ေရးအတြက္ ႐ုရွားကာကြယ္ေရးဝန္ႀကီးနဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တို႔ သေဘာတူလက္မွတ္ေရးထိုးခဲ့တယ္လို႔ ႐ုရွား ေလတပ္သတင္းဝက္ဘ္ဆိုက္ ruaviation.com က ေဖာ္ျပခဲ့ပါတယ္။ဇန္နဝါရီ (၂၂) ရက္ေန႔ မနက္ပိုင္းက ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ႐ုရွား ကာကြယ္ေရးဝန္ႀကီး Army General Sergey K.SHOIGU တို႔ ေနျပည္ေတာ္ ေဇယ်ာသီရိဗိမာန္မွာ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး Pantsir-S1 စနစ္ေတြေထာက္ပံ့ေရးအတြက္ လက္မွတ္ေရးထိုးခဲ့တယ္လို႔ ဆိုပါတယ္။

ေလေၾကာင္းစစ္ဆင္ေရး ေဘးကင္းလုံၿခဳံေရး သေဘာတူညီခ်က္အရ ႐ုရွားႏိုင္ငံက Pantsir-S1 ေလေၾကာင္း ကာကြယ္ေရးစနစ္ကို ျမန္မာႏိုင္ငံအတြက္ ဆက္လက္ပံ့ပိုးေပးသြားမွာျဖစ္ၿပီး ျမန္မာ့တပ္မေတာ္ဘက္ကလည္း ႐ုရွားထုတ္ အဆင့္ျမင့္လက္နက္ေတြကို စိတ္ဝင္စားမႈရွိေနတယ္လို႔ သတင္းမွာေဖာ္ျပထားပါတယ္။႐ုရွားနဲ႔ ျမန္မာႏိုင္ငံတို႔ဟာ ၂၀၀၁ ခုႏွစ္ကတည္းက စစ္ေရးဆိုင္ရာ နည္းပညာပူးေပါင္းေဆာင္႐ြက္မႈသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ၾကတာ ျဖစ္ပါတယ္။

႐ုရွားႏိုင္ငံအေနနဲ႔ အခုအခ်ိန္အထိ ျမန္မာ့တပ္မေတာ္ကို MiG-29 ေလယာဥ္ အစင္း (၃၀)၊ Yak-130 စစ္ေရးေလ့က်င့္မႈ ေလယာဥ္ (၁၂) စင္း၊ Su-30SME ေျခာက္စင္း၊ Mi-24 နဲ႔ Mi-35P ရဟတ္ယာဥ္ ဆယ္စင္း၊ Pechora-2M ရွစ္စင္း၊ ေရဒါေတြ၊ က်ည္ကာကားေတြ ေထာက္ပံ့ေပးႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ အေျမာက္နည္းဗ်ဴဟာ စနစ္ေတြ၊ ျမန္မာႏိုင္ငံထဲမွာပဲ ႏွစ္ႏိုင္ငံပူးေပါင္းၿပီး အဆင့္ျမင့္စစ္လက္နက္ ပစၥည္းေတြျပဳျပင္မြမ္းမံမႈနဲ႔ အဆင့္ျမႇင့္တင္မႈလုပ္ငန္းေတြကိုပါ လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ ruaviation မွာေရးသားထားပါတယ္။

Ref : Ruaviation
Photo : AFP,dsinfo
crd…..Omedia #Russia #Pantsir-S1 #TZc

Leave a Reply

Your email address will not be published. Required fields are marked *