တ႐ုတ္အစိုးရသည္ ယင္း၏ ကမ္းေျခေစာင့္တပ္ဖြဲ႕မ်ားအား လိုအပ္လ်င္ ႏိုင္ငံျခားအလံတင္ သေဘၤာ မ်ားကို ပစ္ခတ္ခြင့္ျပဳသည့္ အမိန႔္ထုတ္…

ယေန႔ ေသာၾကာေန႔မွာဘဲ အဆိုပါဥပေဒကို အတည္ျပဳ ျပ႒ာန္း လိုက္တဲ့ အတြက္ပင္လယ္ျပင္မွာ အျငင္းပြားေနတဲ့ ေရပိုင္နက္ ေတြ အတြက္ေတာ့ အႏၲရာယ္ရွိတဲ့ မီးပြားတခုေပါ့။အေရွ႕တ႐ုတ္ ပင္လယ္မွာ ဂ်ပန္ ႏိုင္ငံနဲ႔ ေရပိုင္နက္ အျငင္းပြားေနသလို ေတာင္တ႐ုတ္ ပင္လယ္ျပင္မွာေတာ့ အေရွ႕ေတာင္အာရွ ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ား နဲ႔ အမႈတက္ေနတာပါ။အဆိုပါ နယ္ေျမမ်ားသို႔ ကမ္းေျခေစာင့္တပ္ဖြဲ႕ မ်ား ေစလႊတ္ၿပီး ငါးဖမ္း သေဘၤာမ်ားကို ႏွင္ထုတ္ေလ့ရွိသလို ရံဖန္ရံခါလဲ ႏွစ္ျမဳတ္ ပစ္ေလ့ ရွိတယ္လို႔ ဆိုပါတယ္။တ႐ုတ္ အျမင့္ဆုံး ဥပေဒျပဳေရး အဖြဲ႕ျဖစ္တယ့္ အမ်ိဳးသား ကြန္ဂရက္မွာ ဒီလို ခြင့္ျပဳထားတဲ့ ကမ္းေျခေစာင့္တပ္ဖြဲ႕ ဥပေဒကို ခြင့္ျပဳခဲ့ျခင္း ျဖစ္တယ္လို႔ ႏိုင္ငံ ဩဇာခံ မီဒီယာမ်ားတြင္ေဖာ္ျပထားပါတယ္။

ယင္းဥပေဒပါ စာသားကေတာ့ ႏိုင္ငံ၏ အခ်ဳပ္အျခာ အာဏာ ကို ၿခိမ္းေျခာက္ႏိုင္သည့္ ႏိုင္ငံျခားအလံတင္ သေဘၤာမ်ားကိုတ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕သည္ရႏိုင္သမွ် နည္းလမ္းသုံး၍ တားဆီးကြာကြယ္ရမယ္ လို႔ ဆိုထားပါတယ္။ေသနတ္နဲ႔ ျဖစ္ေစ၊ သေဘၤာ သို႔ ေလယာဥ္ ေပၚ၌ တပ္ဆင္ထားေသာ မည္သည့္ လက္နက္ ကိုမဆို အသုံးျပဳခြင့္ရွိသည္လို႔ ဥပေဒ မွာ ဆိုထားပါတယ္။ကမ္းေျခေစာင့္ တပ္ဖြဲ႕သည္ တ႐ုတ္ ပိုင္ဆိုင္သည္ဟု ကိုင္စြဲ ထားေသာ ကြၽန္း၊နယ္ေျမမ်ားမွ တိုင္းတပါးပိုင္ အေဆာက္အဦး မ်ားကို ဖ်က္ဆီးခြင့္ေပး ထားသလိုတ႐ုတ္ပိုင္တယ္လို႔ အျငင္းပြားေနသည့္ ေရပိုင္နက္ရွိ သေဘၤာမ်ားေပၚကိုလဲ တက္ေရာက္ စစ္ေဆးခြင့္ ျပဳလိုက္ပါတယ္။

ယာယီတားဆီးေရးဇုံ အျဖစ္ သတ္မွတ္ပိုင္ခြင့္ ကိုလဲ အပ္ႏွင္းထားၿပီး သေဘၤာႏွင့္ လူပုဂၢိဳလ္ မ်ား ဝင္ေရာက္ခြင့္ကိုလဲ လိုအပ္သလို တားဆီးခြင့္ ျပဳလိုက္ပါတယ္။အဆိုပါ ဥပေဒ ပါအေၾကာင္း အရာမ်ားကို စိုးရိမ္မကင္း ျဖစ္ေနေသာ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားအား တ႐ုတ္ေျပာေရးဆိုခြင့္ရွိသူက ရွင္းျပတာကေတာ့ယင္းဥပေဒဟာ ႏိုင္ငံတကာ စည္းမ်ဥ္းစည္းကမ္း မ်ားနဲ႔ အညီ ျဖစ္တယ္လို႔ ေျပာၾကားသြားပါတယ္။ယင္း ဥပေဒရဲ႕ ပထမဆုံး အပိုဒ္မွာဘဲ ယင္းဥပေဒဟာ တ႐ုတ္ ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို ကာကြယ္ေရး နဲ႔ေရေၾကာင္းဘက္ဆိုင္ရာ ရပိုင္ခြင့္ က်င့္သုံးေရး အတြက္ ရည္႐ြယ္ပါတယ္လို႔ ခပ္ေျခေျခ ေရးထားပါတယ္။ဒီဥပေဒဟာ လြန္ခဲ့တဲ့ ၇ ႏွစ္က အရပ္ဘက္ ေရေၾကာင္း ကာကြယ္ေရးအဖြဲ႕ အစည္း အားလုံးကို စုစည္းကကမ္းေျခေစာင့္ဗ်ဴ႐ို အျဖစ္ ပူးေပါင္းဖြဲ႕စည္းခဲ့ၿပီးေနာက္ ပထမဆုံး ထုတ္တဲ့ ဥပေဒလဲ ျဖစ္ပါတယ္။

အဆိုပါဗ်ဴ႐ိုဟာ တ႐ုတ္ ျပည္သူ႔ရဲတပ္ဖြဲ႕ရဲ႕ တိုက္႐ိုက္ကြက္ကဲမႈေအာက္သို႔ ၂၀၁၈ ခုႏွစ္တြင္ ေရာက္ရွိခဲ့ၿပီးေနာက္ လက္နက္ကိုင္ တပ္ဖြဲ႕ အခြဲတခု ျဖစ္လာပါတယ္။အျငင္းပြားေနတဲ့ ေရျပင္၊ တ႐ုတ္ ပိုင္ဆိုင္တယ္လို႔ တဘက္သတ္ ေၾကျငာထားတဲ့ ေဒသ ေတြကို သြားဖို႔ လိုအပ္လာရင္ေတာ့ အထူး သတိထား ၾကဖို႔ လိုအပ္ေနၿပီထင္ပါ့။အဆင္ေျပၾကပါေစ။

CWPO
CRD_Captain Wai Phyo Oo

unicode

ယနေ့ သောကြာနေ့မှာဘဲ အဆိုပါဥပဒေကို အတည်ပြု ပြဋ္ဌာန်း လိုက်တဲ့ အတွက်ပင်လယ်ပြင်မှာ အငြင်းပွားနေတဲ့ ရေပိုင်နက် တွေ အတွက်တော့ အန္တရာယ်ရှိတဲ့ မီးပွားတခုပေါ့။အရှေ့တရုတ် ပင်လယ်မှာ ဂျပန် နိုင်ငံနဲ့ ရေပိုင်နက် အငြင်းပွားနေသလို တောင်တရုတ် ပင်လယ်ပြင်မှာတော့ အရှေ့တောင်အာရှ နိုင်ငံ တော်တော်များများ နဲ့ အမှုတက်နေတာပါ။အဆိုပါ နယ်မြေများသို့ ကမ်းခြေစောင့်တပ်ဖွဲ့ များ စေလွှတ်ပြီး ငါးဖမ်း သင်္ဘောများကို နှင်ထုတ်လေ့ရှိသလို ရံဖန်ရံခါလဲ နှစ်မြုတ် ပစ်လေ့ ရှိတယ်လို့ ဆိုပါတယ်။တရုတ် အမြင့်ဆုံး ဥပဒေပြုရေး အဖွဲ့ဖြစ်တယ့် အမျိုးသား ကွန်ဂရက်မှာ ဒီလို ခွင့်ပြုထားတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ ဥပဒေကို ခွင့်ပြုခဲ့ခြင်း ဖြစ်တယ်လို့ နိုင်ငံ ဩဇာခံ မီဒီယာများတွင်ဖော်ပြထားပါတယ်။

ယင်းဥပဒေပါ စာသားကတော့ နိုင်ငံ၏ အချုပ်အခြာ အာဏာ ကို ခြိမ်းခြောက်နိုင်သည့် နိုင်ငံခြားအလံတင် သင်္ဘောများကိုတရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည်ရနိုင်သမျှ နည်းလမ်းသုံး၍ တားဆီးကွာကွယ်ရမယ် လို့ ဆိုထားပါတယ်။သေနတ်နဲ့ ဖြစ်စေ၊ သင်္ဘော သို့ လေယာဉ် ပေါ်၌ တပ်ဆင်ထားသော မည်သည့် လက်နက် ကိုမဆို အသုံးပြုခွင့်ရှိသည်လို့ ဥပဒေ မှာ ဆိုထားပါတယ်။ကမ်းခြေစောင့် တပ်ဖွဲ့သည် တရုတ် ပိုင်ဆိုင်သည်ဟု ကိုင်စွဲ ထားသော ကျွန်း၊နယ်မြေများမှ တိုင်းတပါးပိုင် အဆောက်အဦး များကို ဖျက်ဆီးခွင့်ပေး ထားသလိုတရုတ်ပိုင်တယ်လို့ အငြင်းပွားနေသည့် ရေပိုင်နက်ရှိ သင်္ဘောများပေါ်ကိုလဲ တက်ရောက် စစ်ဆေးခွင့် ပြုလိုက်ပါတယ်။

ယာယီတားဆီးရေးဇုံ အဖြစ် သတ်မှတ်ပိုင်ခွင့် ကိုလဲ အပ်နှင်းထားပြီး သင်္ဘောနှင့် လူပုဂ္ဂိုလ် များ ဝင်ရောက်ခွင့်ကိုလဲ လိုအပ်သလို တားဆီးခွင့် ပြုလိုက်ပါတယ်။အဆိုပါ ဥပဒေ ပါအကြောင်း အရာများကို စိုးရိမ်မကင်း ဖြစ်နေသော နိုင်ငံတကာ အဖွဲ့အစည်းများအား တရုတ်ပြောရေးဆိုခွင့်ရှိသူက ရှင်းပြတာကတော့ယင်းဥပဒေဟာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း များနဲ့ အညီ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ယင်း ဥပဒေရဲ့ ပထမဆုံး အပိုဒ်မှာဘဲ ယင်းဥပဒေဟာ တရုတ် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရေး နဲ့ရေကြောင်းဘက်ဆိုင်ရာ ရပိုင်ခွင့် ကျင့်သုံးရေး အတွက် ရည်ရွယ်ပါတယ်လို့ ခပ်ခြေခြေ ရေးထားပါတယ်။ဒီဥပဒေဟာ လွန်ခဲ့တဲ့ ၇ နှစ်က အရပ်ဘက် ရေကြောင်း ကာကွယ်ရေးအဖွဲ့ အစည်း အားလုံးကို စုစည်းကကမ်းခြေစောင့်ဗျူရို အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့ပြီးနောက် ပထမဆုံး ထုတ်တဲ့ ဥပဒေလဲ ဖြစ်ပါတယ်။

အဆိုပါဗျူရိုဟာ တရုတ် ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ တိုက်ရိုက်ကွက်ကဲမှုအောက်သို့ ၂၀၁၈ ခုနှစ်တွင် ရောက်ရှိခဲ့ပြီးနောက် လက်နက်ကိုင် တပ်ဖွဲ့ အခွဲတခု ဖြစ်လာပါတယ်။အငြင်းပွားနေတဲ့ ရေပြင်၊ တရုတ် ပိုင်ဆိုင်တယ်လို့ တဘက်သတ် ကြေငြာထားတဲ့ ဒေသ တွေကို သွားဖို့ လိုအပ်လာရင်တော့ အထူး သတိထား ကြဖို့ လိုအပ်နေပြီထင်ပါ့။အဆင်ပြေကြပါစေ။

CWPO
CRD_Captain Wai Phyo Oo

Leave a Reply

Your email address will not be published. Required fields are marked *