ကိုဗစ္ပိုးကူးစက္ခံထားရသည့္ တ႐ုတ္ႏိုင္ငံသားႏွင့္ထိေတြ႕ခဲ့သည့္ မူဆယ္ လဝကဝန္ထမ္းတစ္ဦး ကိုဗစ္ေရာဂါျဖင့္ ေသဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီး၊ အထူးကြပ်မတ် ကုသဆောင်မှာ ကြပ်မတ်ကုသမှုခံယူနေတဲ့ ကိုဗစ် ၁၉ ပိုးတွေ့ လဝကဝန်ထမ်းတစ်ဦး ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေက ဆုံးပါးသွားခဲ့တယ်လို့မူဆယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ဟန်နိုင်စိုးက ပြောပါတယ်။သေဆုံးသူ လဝကဝန်ထမ်းအမျိုးသားမှအသက်၄၅နှစ်ခန့်ရှိပြီး ဆေးရုံတက်ရောက် ကုသနေသည်မှာ ၂၂ရက်ရှိပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊နှလုံးသွေးအားနည်းရောဂါနှင့်ဆီးချိုရောဂါတို့ရှိတယ်လို့သိရပါတယ်။

“ကျွန်တော်တို့ တော်တော် ကုထားရတာ ဒီရက်ပိုင်းလေးမှာ သက်သာလာလို့ အောက်စီဂျင်တွေ လွှတ်သွားပြီပေါ့။ ကျွန်တော်တို့သတင်းပို့တာကို တင်ထားတဲ့အခြေအနေပေါ့။ ဒါပေမယ့် မနေ့ကတော့ ရုတ်တရက်အမော ဖောက်လာတယ်။ ပြီးတော့ ကျွန်တော်တို့ ဘယ်လိုကုကု၊ ဒီနေ့ညနေ ၅ နာရီ ၄၅ လောက်မှာ ဆုံးသွားပါတယ်။” လို့ မူဆယ်ဆေးရုံအုပ်ကြီးဒေါက်တာဟန်နိုင်စိုးကပြောပါတယ်။ကိုဗစ်ရောဂါနဲ့သေဆုံးသူ မူဆယ်မြို့နယ် လဝက ဝန်ထမ်း အမျိုးသားဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့က မြန်မာ – တရုတ်နယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ်မြို့၊ နန်းတော်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့တဲ့ မန္တလေး ဗဟိုအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံပြီးတဲ့ တရုတ်နိုင်ငံသား၊ အကျဉ်းသား ၅ ဦးထဲက ပိုးတွေ့လူနာ ၄ ဦးနှင့် ထိတွေ့ခဲ့သူ ဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းဆိုင်ရာက သတင်းအချက်အလက်များအရသိရပါတယ်။

မူဆယ်မြို့နယ်မှာ ၂၀၂၀ ခုနှစ် ဧပြီလ ၂၄ ရက် မှ ဇန်နဝါရီ လ ၂၂ ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၇၁ ဦးရှိပါတယ်။ လက်ရှိ သေဆုံးလူနာမှာ မူဆယ်ခရိုင်အတွင်း ပထမဦးဆုံး‌ ပိုးတွေ့သေဆုံးလူနာဖြစ်ပါတယ်။

Bawk Sha (မူဆယ်) ရေးသားသည်။

zawgyi

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီး၊ အထူးၾကပ္မတ္ ကုသေဆာင္မွာ ၾကပ္မတ္ကုသမႈခံယူေနတဲ့ ကိုဗစ္ ၁၉ ပိုးေတြ႕ လဝကဝန္ထမ္းတစ္ဦး ဇန္နဝါရီလ ၂၂ ရက္ေန႔ ညေနက ဆုံးပါးသြားခဲ့တယ္လို႔မူဆယ္ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ဟန္ႏိုင္စိုးက ေျပာပါတယ္။ေသဆုံးသူ လဝကဝန္ထမ္းအမ်ိဳးသားမွအသက္၄၅ႏွစ္ခန႔္ရွိၿပီး ေဆး႐ုံတက္ေရာက္ ကုသေနသည္မွာ ၂၂ရက္ရွိၿပီး ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ႏွလုံးေသြးအားနည္းေရာဂါႏွင့္ဆီးခ်ိဳေရာဂါတို႔ရွိတယ္လို႔သိရပါတယ္။

“ကြၽန္ေတာ္တို႔ ေတာ္ေတာ္ ကုထားရတာ ဒီရက္ပိုင္းေလးမွာ သက္သာလာလို႔ ေအာက္စီဂ်င္ေတြ လႊတ္သြားၿပီေပါ့။ ကြၽန္ေတာ္တို႔သတင္းပို႔တာကို တင္ထားတဲ့အေျခအေနေပါ့။ ဒါေပမယ့္ မေန႔ကေတာ့ ႐ုတ္တရက္အေမာ ေဖာက္လာတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ဘယ္လိုကုကု၊ ဒီေန႔ညေန ၅ နာရီ ၄၅ ေလာက္မွာ ဆုံးသြားပါတယ္။” လို႔ မူဆယ္ေဆး႐ုံအုပ္ႀကီးေဒါက္တာဟန္ႏိုင္စိုးကေျပာပါတယ္။ကိုဗစ္ေရာဂါနဲ႔ေသဆုံးသူ မူဆယ္ၿမိဳ႕နယ္ လဝက ဝန္ထမ္း အမ်ိဳးသားဟာ ဒီဇင္ဘာလ ၂၄ ရက္ေန႔က ျမန္မာ – တ႐ုတ္နယ္စပ္ဂိတ္ျဖစ္တဲ့ မူဆယ္ၿမိဳ႕၊ နန္းေတာ္ဂိတ္မွတဆင့္ တ႐ုတ္ႏိုင္ငံသို႔ လႊဲေျပာင္းေပးခဲ့တဲ့ မႏၲေလး ဗဟိုအက်ဥ္းေထာင္မွာ ျပစ္ဒဏ္က်ခံၿပီးတဲ့ တ႐ုတ္ႏိုင္ငံသား၊ အက်ဥ္းသား ၅ ဦးထဲက ပိုးေတြ႕လူနာ ၄ ဦးႏွင့္ ထိေတြ႕ခဲ့သူ ျဖစ္တယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာက သတင္းအခ်က္အလက္မ်ားအရသိရပါတယ္။

မူဆယ္ၿမိဳ႕နယ္မွာ ၂၀၂၀ ခုႏွစ္ ဧၿပီလ ၂၄ ရက္ မွ ဇန္နဝါရီ လ ၂၂ ရက္ေန႔အထိ ပိုးေတြ႕လူနာ စုစုေပါင္း ၇၁ ဦးရွိပါတယ္။ လက္ရွိ ေသဆုံးလူနာမွာ မူဆယ္ခ႐ိုင္အတြင္း ပထမဦးဆုံး‌ ပိုးေတြ႕ေသဆုံးလူနာျဖစ္ပါတယ္။

Bawk Sha (မူဆယ္) ေရးသားသည္။

Leave a Reply

Your email address will not be published. Required fields are marked *