ကာကြယ္ေဆးကို မယုံတဲ့ ဂဏန္းေကာင္ေတြနဲ႔ အစိုးရကို ေက်းဇူးတင္ရမွာကို ငရဲက်မွာထက္ ေၾကာက္သူမ်ား

ကိုဗစ် မြန်မာပြည်မှာ စတွေ့ပြီဆိုတုန်းက တစ်ကမ္ဘာလုံးဖြစ်တဲ့ကပ် မြန်မာပြည်မှာ စဖြစ်တာ အစိုးရမကောင်းလို့လို့ တန်းဆဲကြတာပဲ။ပထမလှိုင်းမှာ အတော်အတန်ထိန်းနိုင်ခဲ့တော့လည်း သတင်းတွေ ထိန်ချန်ထားတာဖြစ်မှာပေါ့။ ဘယ်လို​ သောက်သုံးမကျတာ၊ ဘယ်သူ သောက်သုံးမကျတာ အပြစ်တင်ကြပြန်ရော။ ရခိုင်ကိစ္စကစပြီး Second Wave ကူးစက်မှုနှုန်းတွေ ဒုန်းခနဲ တက်လာရော တာမလုံတဲ့ တကယ့်တာဝန်ရှိသူတွေကို မပြောရဲတော့ ဒီဘက်ပဲ လှည့်ဆဲကြတော့တာပဲ။ ငါမပြောခဲ့ဘူးလားဆိုတဲ့ အထာတွေနဲ့။ မသိရင်ပဲ အစိုးရယန္တယားရဲ့ တာဝန်ရှိသူတွေ၊ MOHS က ဆရာဝန်တွေအားလုံးပေါင်းရင်တောင် သူတို့လောက် မသိတဲ့အထာတွေနဲ့။

Second Wave ကူးစက်မှုနှုန်းတွေ ပြန်ကျလာတော့လည်း ကြိတ်ကုနေတာလေ၊ သတင်းတွေထိန်ချန်ထားတာတဲ့။ စစ်တဲ့သူအရေအတွက်ပေါ်မှာ ကျလာတဲ့ %ပါလို့ပြောလည်း မရဘူး။ ကျားကျားမီးယပ်ပဲ။ ထိန်ချန်ထားတယ်ပဲ။ကာကွယ်ဆေးရဖို့ ကြိုးစားနေတယ်လည်းဆိုရော တစ်ကမ္ဘာလုံးက ချမ်းသာတဲ့နိုင်ငံတွေ ရှိသမျှပုံပေးပြီး ဝယ်ချင်နေတဲ့ဆေးကို မြန်မာလိုနိုင်ငံက ရမလား။ ရွေးကောက်ပွဲနီးလို့ မက်လုံးပေးတာတဲ့။ မဖြစ်နိုင်တဲ့စကားတွေတဲ့။ ကာကွယ်ဆေးဝယ်ဖို့ စီစဉ်တော့ ချမ်းသာတဲ့သူဌေးကြီးတွေ၊ အလှူရှင်တွေနဲ့ ပြည်သူတွေက ဝိုင်းလှူကြ၊ ဝိုင်းကူကြတော့ ကာကွယ်ဆေးအကြောင်းပြပြီး အလှူခံတာတဲ့။ ဘုန်းတာတဲ့။ ခိုးတာတဲ့။

ကဲ… အခုကာကွယ်ဆေးက ရလို့ပဲ မြန်မာပြည်ထိ ရောက်လာပြီ။ မြန်မာ့မြေကို ရောက်လာပြီ။ အောင်မယ်… အဲ့ကျ ဘာပြောတယ်မှတ်လဲ။ လှူလိုက်တာလေတဲ့… ဝယ်မယ်ဆိုတဲ့ဟာတွေက ဘယ်မှာလဲ စာရင်းလာစစ်သေးတာ။ ဒီတစ်သန်းခွဲနဲ့ အပြတ်၊ ထပ်ရောက်မလာဘူးလို့ ဘယ်ပထွေးက ဖိနပ်ပေးကိုက် သင်ပေးလိုက်လဲမသိ။ ဝယ်ထားတာတွေက သူ့အသုတ်နဲ့သူ ထပ်ရောက်လာမှာလေ။ဒီပလိုမေစီအရ လှူလိုက်တာလေတဲ့။ ရိုးရိုးလေးတွေးကြည့်။ ကိုယ့်ဘေးအိမ်မှာ လိုအပ်နေလို့ ကိုယ်ကလှူမယ်ဆိုပါစို့။ ပထမဆုံး ပေးမယ့်ဟာကို ကိုယ်နဲ့ ဆက်ဆံရေးအဆင်ပြေတဲ့၊ အိမ်သားတွေအတွက်အကျိုးရှိအောင် စီမံပေးနိုင်မယ့် အိမ်ထောင်ဦးစီးကောင်းရှိတဲ့အိမ်ကိုပေးမလား။ အိမ်သားတွေကို အားအားရှိ ရိုက်နှက်နှိပ်စက်နေတဲ့ အပိုးမကျိုး ထောင့်မကျိုး၊ ပေးလိုက်ရင် ရောင်းစားအရက်သောက်ပစ်မယ့် အိမ်ထောင်ဦးစီးမျိုးရှိတဲ့အိမ်ကို ပေးမလား စဉ်းစားလေ။ မွေးလာကတည်းက မသုံးဖူးတဲ့ အသစ်စက်စက်ဦးနှောက်ကြီးနဲ့ ဖျစ်ညှစ်စဉ်းစား။ ကျေးဇူးမတင်ရပြီးရော သောက်ပြစ်ရှာဖို့ချည်း ရှာကြံစဉ်းစားမနေနဲ့။

ကာကွယ်ဆေး မရခင်တုန်းက မရနိုင်ဘူးတဲ့။ ရလာပြန်တော့ ပြောင်းပြောတယ်။ Quality ကောင်းချင်မှ ကောင်းမှာပေါ့တဲ့။ 100% ကာကွယ်နိုင်လို့လားတဲ့။ မေးပါရစေဦး… ကာကွယ်ဆေးဆိုတာ 100% ကာကွယ်နိုင်တယ်ဆိုတာ ရှိလား။ ကာကွယ်ဆေးမပြောနဲ့ ပိုပိုသာသာ ကြော်ငြာတဲ့ လက်သန့်ဆေးတောင် ပိုးမွှားတွေကို 90.– ကာကွယ်ပေးပါတယ်ပဲ ပြောရဲတာအမေစုက ပထမအသုတ်မှာ မထိုးပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေကိုပဲ အရင်ထိုးပေးမှာပါ။ အစိုးရယန္တယားရဲ့ တာဝန်ရှိသူအနေနဲ့ရော အသက်အရွယ်အရရောကြောင့် ဒုတိယအသုတ်မှာ ထိုးခွင့်ရတာ ပြည်သူတွေကို အားနာပါတယ်တဲ့။ အဲ့ကျ ပြောပြန်ရော… ပထမအသုတ်မှာ မထိုးရဲလို့ ကျန်းမာရေးဝန်ထမ်းတွေကို အစမ်းသပ်ခံခိုင်းတာတဲ့။

ကာကွယ်ဆေးဆိုတာ ထုတ်ပြီးပြီ.. ရော့အင့်ဆိုပြီး ပေးလိုက်ရအောင် လက်ဖက်ရည်ဆိုင်က ပလာတာလည်း မဟုတ်။ Phase အဆင့်ဆင့်နဲ့ စမ်းသပ်ပြီးမှ စိတ်ချရပြီဆိုမှ ထုတ်လုပ်တဲ့အဆင့်၊ ခွင့်ပြုတဲ့အဆင့်ကိုရောက်တယ်ဆိုတာကလည်း ဘာလာလာဟောင်တွေကို ရှင်းပြနေလို့ ဥာဏ်မှီမှာလည်း မဟုတ်။ဒေါ်အောင်ဆန်းစုကြည်က သူမထိုးခင် အစမ်းသပ်ခံချင်လို့ ထိုးပေးပါဆိုရင် မြန်မာပြည်တစ်ဝက်လောက်က အစမ်းသပ်ခံပါရစေဆိုပြီး တန်းစီကြတဲ့လူတန်းက ပြောနေတဲ့ကောင်တွေ အိမ်ဇနပုဒ်ရှေ့တောင် ရောက်လာဦးမယ်။ ကူလီကူမာပြောရပြီးရောဆိုတဲ့နှုတ်သီးတွေကိုပါ ဖြတ်နင်းသွားလို့ သွားတွေ တစ်ချောင်းစီ လိုက်ကောက်နေရမယ်။

အဲ့လောက် မုန်းနေတဲ့ ဟော့ဒီ့အစိုးရက စီစဉ်ပေးတဲ့ကာကွယ်ဆေးကို မာနကြီးကြီးနဲ့ မထိုးဘဲ နေကြည့်ကြပါလား။ လိုအပ်နေသူတွေအတွက် တစ်လုံးပိုထွက်လာတာပေါ့။ အဲ့လိုလည်း အဖြစ်ရှိမယ့်ဟာတွေ မဟုတ်ဘူး။ ကာကွယ်ဆေးထိုးလို့ရပြီဆိုရင် ရှေ့ဆုံးကနေ ထဘီမနိုင် ပုဝါမနိုင် ရောက်ချလာမယ့်ဟာတွေအေး… ဒီကာကွယ်ဆေးက ယုံရပါ့မလားဆိုတဲ့ဟာတွေ မယုံရင်မထိုးနဲ့။ တမာရွက်တွေ ဝါးနေလိုက်။ ကြက်သွန်နီတွေရှူနေလိုက်။ ဟုတ်ပြီလား…ကျုပ်တို့ကတော့ ကာကွယ်ဆေးထိုးခွင့်ရတဲ့အချိန်ကို စောင့်မယ်။ ထိုးဖို့အလှည့်ကျရင် ယုံယုံကြည်ကြည်အထိုးခံမယ်။ အလှည့်မကျသေးလည်း ဆဲနေမှာ မဟုတ်ဘူး။ အခြားလူတွေ ထိုးခွင့်ရတာလည်း သွယ်ဝိုက်သော အကာအကွယ်ပဲ။

တစ်ခုတော့ သတိပေးလိုက်ဦးမယ်။ အစိုးရက အစိုးရအလုပ်လုပ်တာ ကျေးဇူးတင်စရာ မလိုဘူး။ ဒါပေမယ့် အပြစ်မရှိအပြစ်ရှာ ရိုင်းစိုင်းစော်ကား မိုက်ရိုင်းထားရင် သတိတော့ထား။ တော်ကြာ အကုသိုလ်တွေ အကျိုးပေးပြီး ကာကွယ်ဆေးကိုယ်ထဲဝင်မှ အပုတ်ဆန်ပြီး မာလကီးယားနေမယ်။အမေ့ကာကွယ်ဆေး မထိုးဘဲ ပါပါးရေငုတ်သင်္ဘောကြီး ထိုးထည့်နေလိုက်ကြ.. ဟုတ်ပြီလား။

အိပန်ဆယ်လို

zawgyi

ကိုဗစ္ ျမန္မာျပည္မွာ စေတြ႕ၿပီဆိုတုန္းက တစ္ကမာၻလုံးျဖစ္တဲ့ကပ္ ျမန္မာျပည္မွာ စျဖစ္တာ အစိုးရမေကာင္းလို႔လို႔ တန္းဆဲၾကတာပဲ။ပထမလႈိင္းမွာ အေတာ္အတန္ထိန္းႏိုင္ခဲ့ေတာ့လည္း သတင္းေတြ ထိန္ခ်န္ထားတာျဖစ္မွာေပါ့။ ဘယ္လို​ ေသာက္သုံးမက်တာ၊ ဘယ္သူ ေသာက္သုံးမက်တာ အျပစ္တင္ၾကျပန္ေရာ။ ရခိုင္ကိစၥကစၿပီး Second Wave ကူးစက္မႈႏႈန္းေတြ ဒုန္းခနဲ တက္လာေရာ တာမလုံတဲ့ တကယ့္တာဝန္ရွိသူေတြကို မေျပာရဲေတာ့ ဒီဘက္ပဲ လွည့္ဆဲၾကေတာ့တာပဲ။ ငါမေျပာခဲ့ဘူးလားဆိုတဲ့ အထာေတြနဲ႔။ မသိရင္ပဲ အစိုးရယႏၲယားရဲ႕ တာဝန္ရွိသူေတြ၊ MOHS က ဆရာဝန္ေတြအားလုံးေပါင္းရင္ေတာင္ သူတို႔ေလာက္ မသိတဲ့အထာေတြနဲ႔။

Second Wave ကူးစက္မႈႏႈန္းေတြ ျပန္က်လာေတာ့လည္း ႀကိတ္ကုေနတာေလ၊ သတင္းေတြထိန္ခ်န္ထားတာတဲ့။ စစ္တဲ့သူအေရအတြက္ေပၚမွာ က်လာတဲ့ %ပါလို႔ေျပာလည္း မရဘူး။ က်ားက်ားမီးယပ္ပဲ။ ထိန္ခ်န္ထားတယ္ပဲ။ကာကြယ္ေဆးရဖို႔ ႀကိဳးစားေနတယ္လည္းဆိုေရာ တစ္ကမာၻလုံးက ခ်မ္းသာတဲ့ႏိုင္ငံေတြ ရွိသမွ်ပုံေပးၿပီး ဝယ္ခ်င္ေနတဲ့ေဆးကို ျမန္မာလိုႏိုင္ငံက ရမလား။ ေ႐ြးေကာက္ပြဲနီးလို႔ မက္လုံးေပးတာတဲ့။ မျဖစ္ႏိုင္တဲ့စကားေတြတဲ့။ ကာကြယ္ေဆးဝယ္ဖို႔ စီစဥ္ေတာ့ ခ်မ္းသာတဲ့သူေဌးႀကီးေတြ၊ အလႉရွင္ေတြနဲ႔ ျပည္သူေတြက ဝိုင္းလႉၾက၊ ဝိုင္းကူၾကေတာ့ ကာကြယ္ေဆးအေၾကာင္းျပၿပီး အလႉခံတာတဲ့။ ဘုန္းတာတဲ့။ ခိုးတာတဲ့။

ကဲ… အခုကာကြယ္ေဆးက ရလို႔ပဲ ျမန္မာျပည္ထိ ေရာက္လာၿပီ။ ျမန္မာ့ေျမကို ေရာက္လာၿပီ။ ေအာင္မယ္… အဲ့က် ဘာေျပာတယ္မွတ္လဲ။ လႉလိုက္တာေလတဲ့… ဝယ္မယ္ဆိုတဲ့ဟာေတြက ဘယ္မွာလဲ စာရင္းလာစစ္ေသးတာ။ ဒီတစ္သန္းခြဲနဲ႔ အျပတ္၊ ထပ္ေရာက္မလာဘူးလို႔ ဘယ္ပေထြးက ဖိနပ္ေပးကိုက္ သင္ေပးလိုက္လဲမသိ။ ဝယ္ထားတာေတြက သူ႔အသုတ္နဲ႔သူ ထပ္ေရာက္လာမွာေလ။ဒီပလိုေမစီအရ လႉလိုက္တာေလတဲ့။ ႐ိုး႐ိုးေလးေတြးၾကည့္။ ကိုယ့္ေဘးအိမ္မွာ လိုအပ္ေနလို႔ ကိုယ္ကလႉမယ္ဆိုပါစို႔။ ပထမဆုံး ေပးမယ့္ဟာကို ကိုယ္နဲ႔ ဆက္ဆံေရးအဆင္ေျပတဲ့၊ အိမ္သားေတြအတြက္အက်ိဳးရွိေအာင္ စီမံေပးႏိုင္မယ့္ အိမ္ေထာင္ဦးစီးေကာင္းရွိတဲ့အိမ္ကိုေပးမလား။ အိမ္သားေတြကို အားအားရွိ ႐ိုက္ႏွက္ႏွိပ္စက္ေနတဲ့ အပိုးမက်ိဳး ေထာင့္မက်ိဳး၊ ေပးလိုက္ရင္ ေရာင္းစားအရက္ေသာက္ပစ္မယ့္ အိမ္ေထာင္ဦးစီးမ်ိဳးရွိတဲ့အိမ္ကို ေပးမလား စဥ္းစားေလ။ ေမြးလာကတည္းက မသုံးဖူးတဲ့ အသစ္စက္စက္ဦးေႏွာက္ႀကီးနဲ႔ ဖ်စ္ညႇစ္စဥ္းစား။ ေက်းဇူးမတင္ရၿပီးေရာ ေသာက္ျပစ္ရွာဖို႔ခ်ည္း ရွာႀကံစဥ္းစားမေနနဲ႔။

ကာကြယ္ေဆး မရခင္တုန္းက မရႏိုင္ဘူးတဲ့။ ရလာျပန္ေတာ့ ေျပာင္းေျပာတယ္။ Quality ေကာင္းခ်င္မွ ေကာင္းမွာေပါ့တဲ့။ 100% ကာကြယ္ႏိုင္လို႔လားတဲ့။ ေမးပါရေစဦး… ကာကြယ္ေဆးဆိုတာ 100% ကာကြယ္ႏိုင္တယ္ဆိုတာ ရွိလား။ ကာကြယ္ေဆးမေျပာနဲ႔ ပိုပိုသာသာ ေၾကာ္ျငာတဲ့ လက္သန္႔ေဆးေတာင္ ပိုးမႊားေတြကို 90.– ကာကြယ္ေပးပါတယ္ပဲ ေျပာရဲတာအေမစုက ပထမအသုတ္မွာ မထိုးပါဘူး။ က်န္းမာေရးဝန္ထမ္းေတြကိုပဲ အရင္ထိုးေပးမွာပါ။ အစိုးရယႏၲယားရဲ႕ တာဝန္ရွိသူအေနနဲ႔ေရာ အသက္အ႐ြယ္အရေရာေၾကာင့္ ဒုတိယအသုတ္မွာ ထိုးခြင့္ရတာ ျပည္သူေတြကို အားနာပါတယ္တဲ့။ အဲ့က် ေျပာျပန္ေရာ… ပထမအသုတ္မွာ မထိုးရဲလို႔ က်န္းမာေရးဝန္ထမ္းေတြကို အစမ္းသပ္ခံခိုင္းတာတဲ့။

ကာကြယ္ေဆးဆိုတာ ထုတ္ၿပီးၿပီ.. ေရာ့အင့္ဆိုၿပီး ေပးလိုက္ရေအာင္ လက္ဖက္ရည္ဆိုင္က ပလာတာလည္း မဟုတ္။ Phase အဆင့္ဆင့္နဲ႔ စမ္းသပ္ၿပီးမွ စိတ္ခ်ရၿပီဆိုမွ ထုတ္လုပ္တဲ့အဆင့္၊ ခြင့္ျပဳတဲ့အဆင့္ကိုေရာက္တယ္ဆိုတာကလည္း ဘာလာလာေဟာင္ေတြကို ရွင္းျပေနလို႔ ဥာဏ္မွီမွာလည္း မဟုတ္။ေဒၚေအာင္ဆန္းစုၾကည္က သူမထိုးခင္ အစမ္းသပ္ခံခ်င္လို႔ ထိုးေပးပါဆိုရင္ ျမန္မာျပည္တစ္ဝက္ေလာက္က အစမ္းသပ္ခံပါရေစဆိုၿပီး တန္းစီၾကတဲ့လူတန္းက ေျပာေနတဲ့ေကာင္ေတြ အိမ္ဇနပုဒ္ေရွ႕ေတာင္ ေရာက္လာဦးမယ္။ ကူလီကူမာေျပာရၿပီးေရာဆိုတဲ့ႏႈတ္သီးေတြကိုပါ ျဖတ္နင္းသြားလို႔ သြားေတြ တစ္ေခ်ာင္းစီ လိုက္ေကာက္ေနရမယ္။

အဲ့ေလာက္ မုန္းေနတဲ့ ေဟာ့ဒီ့အစိုးရက စီစဥ္ေပးတဲ့ကာကြယ္ေဆးကို မာနႀကီးႀကီးနဲ႔ မထိုးဘဲ ေနၾကည့္ၾကပါလား။ လိုအပ္ေနသူေတြအတြက္ တစ္လုံးပိုထြက္လာတာေပါ့။ အဲ့လိုလည္း အျဖစ္ရွိမယ့္ဟာေတြ မဟုတ္ဘူး။ ကာကြယ္ေဆးထိုးလို႔ရၿပီဆိုရင္ ေရွ႕ဆုံးကေန ထဘီမႏိုင္ ပုဝါမႏိုင္ ေရာက္ခ်လာမယ့္ဟာေတြေအး… ဒီကာကြယ္ေဆးက ယုံရပါ့မလားဆိုတဲ့ဟာေတြ မယုံရင္မထိုးနဲ႔။ တမာ႐ြက္ေတြ ဝါးေနလိုက္။ ၾကက္သြန္နီေတြရႉေနလိုက္။ ဟုတ္ၿပီလား…က်ဳပ္တို႔ကေတာ့ ကာကြယ္ေဆးထိုးခြင့္ရတဲ့အခ်ိန္ကို ေစာင့္မယ္။ ထိုးဖို႔အလွည့္က်ရင္ ယုံယုံၾကည္ၾကည္အထိုးခံမယ္။ အလွည့္မက်ေသးလည္း ဆဲေနမွာ မဟုတ္ဘူး။ အျခားလူေတြ ထိုးခြင့္ရတာလည္း သြယ္ဝိုက္ေသာ အကာအကြယ္ပဲ။

တစ္ခုေတာ့ သတိေပးလိုက္ဦးမယ္။ အစိုးရက အစိုးရအလုပ္လုပ္တာ ေက်းဇူးတင္စရာ မလိုဘူး။ ဒါေပမယ့္ အျပစ္မရွိအျပစ္ရွာ ႐ိုင္းစိုင္းေစာ္ကား မိုက္႐ိုင္းထားရင္ သတိေတာ့ထား။ ေတာ္ၾကာ အကုသိုလ္ေတြ အက်ိဳးေပးၿပီး ကာကြယ္ေဆးကိုယ္ထဲဝင္မွ အပုတ္ဆန္ၿပီး မာလကီးယားေနမယ္။အေမ့ကာကြယ္ေဆး မထိုးဘဲ ပါပါးေရငုတ္သေဘၤာႀကီး ထိုးထည့္ေနလိုက္ၾက.. ဟုတ္ၿပီလား။

အိပန္ဆယ္လို

Leave a Reply

Your email address will not be published. Required fields are marked *