႐ုရွားတို႔ ျမန္မာတို႔ကို ေထာက္ပံ့မယ္ဆိုေသာ PANTSIR-S1 ေလေၾကာင္းရန္ကာကြယ္ေရး စနစ္ ႏွင့္ ORLAN-10E ေထာက္လွမ္းေရး ဒ႐ုန္းဆိုတာ ဘာလဲ…?

လက္ရွိအခ်ိန္တြင္ ႐ုရွားကာကြယ္ေရးဝန္ႀကီးသည္ျမန္မာျပည္သို႔ ခ်စ္ၾကည္ေရး ခရီး လာေရာက္လည္ပတ္လ်က္ရွိၿပီး ျမန္မာႏိုင္ငံအား Pantsir-S1ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္မ်ားနဲ႔Orlan-10E ေမာင္းသူမဲ့ေလယာဥ္မ်ားေထာက္ပံ့သြားမည္ဟုဆိုလိုက္ပါသည္။ထို႐ုရွားက ျမန္မာကို ေရာင္းခ်ေပးမဲ့တဲ့ Orlan-10Eေထာက္လွမ္းေရး ဒ႐ုန္းဟာ အရင္က႐ုရွားတပ္မေတာ္မွာသာ အသုံးျပဳလ်က္ ရွိၿပီးျမန္မာႏိုင္ငံကို ပထမဆုံး Export ေရာင္းခ်ေထာက္ပံ့ ေပးတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

Orlan-10E ဒ႐ုန္းဟာ ဓာတ္ဆီ အင္ဂ်င္နဲ႔ ေမာင္းႏွင္တဲ့UAV အမ်ိဳးအစား ျဖစ္ၿပီး ဒ႐ုန္းတစ္စင္း (၁ယူနစ္ကို)ေဒၚလာ ၈၇,၀၀၀ မွ ေဒၚလာ ၁၂၀,၀၀၀ ၾကားတန္ဘိုးရွိတယ္လို႔ သိရပါတယ္။Orlan-10E ဒ႐ုန္း အုပ္စုမွာ ဒ႐ုန္း ၃စင္းပါဝင္ပါကပထမတစ္စင္းက တစ္ကီလိုမီတာ သို႔မဟုတ္ ၁.၅ကီလိုမီတာ အျမင့္မွ ေထာက္လွမ္းေရး လုပ္ငန္းေတြကိုေဆာင္႐ြက္ၿပီး၊ ဒုတိယ တစ္စင္းက အီလက္ထ႐ြန္နစ္စစ္ဆင္ေရး Electronic Warfare လုပ္ငန္းေတြကိုလုပ္ေဆာင္မွာ ျဖစ္ပါတယ္။ တတိယ ဒ႐ုန္းတစ္စင္းကေတာ့ ေရဒီယို အခ်က္ျပ အသံလႊင့္ Transponderအျဖစ္နဲ႔ ေထာက္လွမ္းေရး သတင္း အခ်က္အလက္ေတြကို ေျမျပင္ ထိန္းခ်ဳပ္မႈ စခန္းကို ပို႔လႊင့္ ေပးမွာျဖစ္ပါတယ္။

ဒ႐ုန္းဟာ ေျမျပင္ကို ျပန္လည္ ဆင္းသက္လာရာမွာေလထီးကို အသုံးျပဳ ဆင္းသက္ၿပီး၊ ဒ႐ုန္းရဲ႕ ဝမ္းဗိုက္ေအာက္မွာ ေလအိတ္တစ္လုံးကို သုံးၿပီး ဆင္းသက္ရပါတယ္။Orlan-10 ဒ႐ုန္းကို အေမရိကန္၊ ဂ်ပန္ ၊ ဂ်ာမနီ ၊တ႐ုတ္နဲ႔ ႏိုင္ငံေပါင္းစုံက ပစၥည္း အစိတ္အပိုင္းေတြနဲ႔ဖြဲ႕စည္း တည္ေဆာက္ ထားတယ္လို႔လည္း သိရွိရပါတယ္။႐ုပ္သံဖိုင္Pantsir-S1 အေနနဲ႔ကေတာ့ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ၂၁.၆.၂၀၁၇ေန႔မွာ ႐ုရွားႏိုင္ငံ Tulaၿမိဳ႕မွာရွိတဲJSC KBP(Instrument Design Bureau)မွာစစ္လက္နက္ပစၥည္းေတြကိုသြားေရာက္ေလ့လာၾကည့္ရႈခဲ့ပါတယ္။

KBPစက္႐ုံဟာ ေဝဟင္မွ ေျမျပင္ပစ္ မစ္ဇိုင္းမ်ား၊ေျမျပင္မွ ေဝဟင္ပစ္မစ္ဇိုင္းမ်ားနဲ႔ ေျမျပင္ပစ္မစ္ဇိုင္းအမ်ိဳးမ်ိဳးထုတ္လုပ္တဲ့စက္႐ုံႀကီးျဖစ္ပါတယ္။ဒီ KBPစက္႐ုံဟာ ႐ုရွားတို႔ရဲ႕ နာမည္ႀကီးေလေၾကာင္းရန္ကာကြယ္ေရးစံနစ္ Pantsir-S1ထုတ္လုပ္တဲ့ စက္႐ုံလည္းျဖစ္ပါတယ္။Pantsir-S1ကို NATOတပ္ဖြဲ႕ကSA-22 Greyhound လိုအမည္ေပးထားပါတယ္။႐ုရွားမွာ ၂၀၁၂ကတပ္ေတာ္ဝင္ခဲ့ၿပီးUS$ 13.15 million မွUS$14.67millionတန္ဖိုးရွိပါတယ္။(Update: ယူေအအီး ႏွင့္ ဆားဗီးယားတို႔ကိုေဒၚလာ ၁၅သန္းႏွင့္ ေရာင္းခ်ေပးခဲ့သည္။)Pantsir – S1ယူနစ္တစ္ခုမွာေျမျပင္မွ ေဝဟင္ပစ္ဒုံးက်ည္ (SAM)12ခုနဲ2Dual 30mm ေအာ္တိုစက္အေျမာက္၄လက္ပါဝင္ပါတယ္။

ဒီစံနစ္မွာ တာတို တာလတ္ပစ္ေလေၾကာင္းရန္ကာကြယ္ေရးစံနစ္ေတြေပါင္းစပ္ထားၿပီး၊ေနာက္ဆုံးေပၚAir Defence Technology နဲ႔ေခတ္မီေရဒါေတြ ပါဝင္ပါတယ္Pantsir S1ဟာ တိုက္ေလယာဥ္၊ဟယ္လီေကာ္ပတာ၊ခ႐ုဇ္ဒုံးက်ည္ေတြနဲ႔ေမာင္းသူမဲ့ ဒ႐ုန္း UAVေတြကိုေကာင္းစြာ ပစ္ခ်ႏိုင္တယ္လို႔ဆိုပါတယ္။အခ်ိဳ႕စစ္သတင္း website ေတြကေတာ့Stealthနည္းပညာသုံးတဲ့ F-22,F-35တိုက္ေလယာဥ္ေတြကိုပါ ၿခိမ္းေျခာက္ႏိုင္စြမ္းရွိတယ္လို႔သုံးသပ္ထားပါတယ္။

(ဒါကေတာ့ ခ်င့္ခ်ိန္ၿပီးမွ ယုံၾကည္ႏိုင္ပါတယ္ ခင္ဗ်။)

Credit : Than Lwin Ū

unicode

လက်ရှိအချိန်တွင် ရုရှားကာကွယ်ရေးဝန်ကြီးသည်မြန်မာပြည်သို့ ချစ်ကြည်ရေး ခရီး လာရောက်လည်ပတ်လျက်ရှိပြီး မြန်မာနိုင်ငံအား Pantsir-S1လေကြောင်းရန် ကာကွယ်ရေးစနစ်များနဲ့Orlan-10E မောင်းသူမဲ့လေယာဉ်များထောက်ပံ့သွားမည်ဟုဆိုလိုက်ပါသည်။ထိုရုရှားက မြန်မာကို ရောင်းချပေးမဲ့တဲ့ Orlan-10Eထောက်လှမ်းရေး ဒရုန်းဟာ အရင်ကရုရှားတပ်မတော်မှာသာ အသုံးပြုလျက် ရှိပြီးမြန်မာနိုင်ငံကို ပထမဆုံး Export ရောင်းချထောက်ပံ့ ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Orlan-10E ဒရုန်းဟာ ဓာတ်ဆီ အင်ဂျင်နဲ့ မောင်းနှင်တဲ့UAV အမျိုးအစား ဖြစ်ပြီး ဒရုန်းတစ်စင်း (၁ယူနစ်ကို)ဒေါ်လာ ၈၇,၀၀၀ မှ ဒေါ်လာ ၁၂၀,၀၀၀ ကြားတန်ဘိုးရှိတယ်လို့ သိရပါတယ်။Orlan-10E ဒရုန်း အုပ်စုမှာ ဒရုန်း ၃စင်းပါဝင်ပါကပထမတစ်စင်းက တစ်ကီလိုမီတာ သို့မဟုတ် ၁.၅ကီလိုမီတာ အမြင့်မှ ထောက်လှမ်းရေး လုပ်ငန်းတွေကိုဆောင်ရွက်ပြီး၊ ဒုတိယ တစ်စင်းက အီလက်ထရွန်နစ်စစ်ဆင်ရေး Electronic Warfare လုပ်ငန်းတွေကိုလုပ်ဆောင်မှာ ဖြစ်ပါတယ်။ တတိယ ဒရုန်းတစ်စင်းကတော့ ရေဒီယို အချက်ပြ အသံလွှင့် Transponderအဖြစ်နဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေကို မြေပြင် ထိန်းချုပ်မှု စခန်းကို ပို့လွှင့် ပေးမှာဖြစ်ပါတယ်။

ဒရုန်းဟာ မြေပြင်ကို ပြန်လည် ဆင်းသက်လာရာမှာလေထီးကို အသုံးပြု ဆင်းသက်ပြီး၊ ဒရုန်းရဲ့ ဝမ်းဗိုက်အောက်မှာ လေအိတ်တစ်လုံးကို သုံးပြီး ဆင်းသက်ရပါတယ်။Orlan-10 ဒရုန်းကို အမေရိကန်၊ ဂျပန် ၊ ဂျာမနီ ၊တရုတ်နဲ့ နိုင်ငံပေါင်းစုံက ပစ္စည်း အစိတ်အပိုင်းတွေနဲ့ဖွဲ့စည်း တည်ဆောက် ထားတယ်လို့လည်း သိရှိရပါတယ်။ရုပ်သံဖိုင်Pantsir-S1 အနေနဲ့ကတော့မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ၂၁.၆.၂၀၁၇နေ့မှာ ရုရှားနိုင်ငံ Tulaမြို့မှာရှိတဲJSC KBP(Instrument Design Bureau)မှာစစ်လက်နက်ပစ္စည်းတွေကိုသွားရောက်လေ့လာကြည့်ရှုခဲ့ပါတယ်။

KBPစက်ရုံဟာ ဝေဟင်မှ မြေပြင်ပစ် မစ်ဇိုင်းများ၊မြေပြင်မှ ဝေဟင်ပစ်မစ်ဇိုင်းများနဲ့ မြေပြင်ပစ်မစ်ဇိုင်းအမျိုးမျိုးထုတ်လုပ်တဲ့စက်ရုံကြီးဖြစ်ပါတယ်။ဒီ KBPစက်ရုံဟာ ရုရှားတို့ရဲ့ နာမည်ကြီးလေကြောင်းရန်ကာကွယ်ရေးစံနစ် Pantsir-S1ထုတ်လုပ်တဲ့ စက်ရုံလည်းဖြစ်ပါတယ်။Pantsir-S1ကို NATOတပ်ဖွဲ့ကSA-22 Greyhound လိုအမည်ပေးထားပါတယ်။ရုရှားမှာ ၂၀၁၂ကတပ်တော်ဝင်ခဲ့ပြီးUS$ 13.15 million မှUS$14.67millionတန်ဖိုးရှိပါတယ်။(Update: ယူအေအီး နှင့် ဆားဗီးယားတို့ကိုဒေါ်လာ ၁၅သန်းနှင့် ရောင်းချပေးခဲ့သည်။)Pantsir – S1ယူနစ်တစ်ခုမှာမြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် (SAM)12ခုနဲ2Dual 30mm အော်တိုစက်အမြောက်၄လက်ပါဝင်ပါတယ်။

ဒီစံနစ်မှာ တာတို တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေးစံနစ်တွေပေါင်းစပ်ထားပြီး၊နောက်ဆုံးပေါ်Air Defence Technology နဲ့ခေတ်မီရေဒါတွေ ပါဝင်ပါတယ်Pantsir S1ဟာ တိုက်လေယာဉ်၊ဟယ်လီကော်ပတာ၊ခရုဇ်ဒုံးကျည်တွေနဲ့မောင်းသူမဲ့ ဒရုန်း UAVတွေကိုကောင်းစွာ ပစ်ချနိုင်တယ်လို့ဆိုပါတယ်။အချို့စစ်သတင်း website တွေကတော့Stealthနည်းပညာသုံးတဲ့ F-22,F-35တိုက်လေယာဉ်တွေကိုပါ ခြိမ်းခြောက်နိုင်စွမ်းရှိတယ်လို့သုံးသပ်ထားပါတယ်။

(ဒါကတော့ ချင့်ချိန်ပြီးမှ ယုံကြည်နိုင်ပါတယ် ခင်ဗျ။)

Credit : Than Lwin Ū

Leave a Reply

Your email address will not be published. Required fields are marked *