ကားပါကင္တြင္အိပ္ခဲ့ရသည့္ စစ္သည္မ်ားကို အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ေတာင္းပန္…

အေမရိကန္လႊတ္ေတာ္အေဆာက္အအုံနားက ေျမေအာက္ကားပါကင္တစ္ခုမွာ အိပ္ေနရတဲ့ အမ်ိဳးသားအေစာင့္တပ္ (ျပည္နယ္ေတြက လႊတ္ေပးတဲ့ အရန္တပ္) တပ္ဖြဲ႕ဝင္တခ်ိဳ႕ရဲ႕ ဓာတ္ပုံေတြ ျပန႔္ႏွံ႔လာၿပီးေနာက္ဒီ့အတြက္ သမၼတဂ်ိဳးဘိုင္ဒန္က အေစာင့္တပ္အႀကီးအကဲကို ဖုန္းဆက္ ေတာင္းပန္ခဲ့တယ္လို႔ ဆိုတယ္။လႊတ္ေတာ္ကိုဝင္စီးတဲ့အၾကမ္းဖက္မႈ ျဖစ္ခဲ့တဲ့ေနာက္ ဝါရွင္တန္ဒီစီမွာလုပ္တဲ့ သမၼတက်မ္းက်ိန္ပြဲအတြက္ အေစာင့္တပ္ဖြဲ႕ဝင္ ၂၅၀၀၀ ေက်ာ္ကို ျဖန႔္ခ်ခဲ့ရတယ္။ကားပါကင္မွာ အိပ္ေနတဲ့အေစာင့္တပ္ဖြဲ႕ဝင္ေတြရဲ႕ပုံေတြ ဇန္နဝါရီ ၂၁ ရက္က ျပန႔္ႏွံ႔လာၿပီးေနာက္တခ်ိဳ႕ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြက ေဒါသထြက္ၿပီး ေစလႊတ္ထားတဲ့အေစာင့္တပ္သားေတြကို ျပန္ေခၚမႈတခ်ိဳ႕ ရွိခဲ့တယ္။

သမၼတဘိုင္ဒန္က အေစာင့္တပ္အႀကီးအကဲကို ဇန္နဝါရီ ၂၂ ရက္က ဖုန္းဆက္ေတာင္းပန္ခဲ့ၿပီးသမၼတကေတာ္ ဂ်ီးလ္ဘိုင္ဒန္ကလည္း တပ္ဖြဲ႕ဝင္တခ်ိဳ႕ဆီ သြားေရာက္လို႔ ေက်းဇူးတင္စကားေျပာရင္း ဘီစကြတ္မုန႔္လက္ေဆာင္ ေပးခဲ့တယ္လို႔ ဆိုတယ္။ရက္အတန္ၾကာ ႏိုးႏိုးၾကားၾကားေစာင့္ၾကပ္ခဲ့ရၿပီေနာက္ ကားအိပ္ေဇာအေငြ႕ေတြနဲ႔သန႔္စင္ခန္း ျပည့္ျပည့္စုံစုံ မရွိတဲ့ ေနရာမွာ တပ္ဖြဲ႕ဝင္ေတြ အိပ္စက္ခဲ့ရတဲ့အတြက္ ႏိုင္ငံေရးသမားတခ်ိဳ႕ဆီက ေဝဖန္မႈေတြ ထြက္ေပၚခဲ့တာပါ။လႊတ္ေတာ္အေဆာက္အအုံကေန ဒီကားပါကင္ကို ဘာေၾကာင့္ေရာက္ကုန္တာလဲဆိုတာလည္း မသဲကြဲပါဘူး။ဒီလိုအေျခအေနမွာ အေစာင့္တပ္သားေတြအိပ္ေနရပုံနဲ႔ ကိုဗစ္ေရာဂါကူးမွာကိုပါ စိုးရိမ္ၾကတာ။

နာမည္မေဖာ္တဲ့ အရာရွိတစ္ေယာက္က တပ္ဖြဲ႕ဝင္ ၂၅၀၀၀ ထဲက ၁၀၀ နဲ႔ ၂၀၀ ၾကား ကိုဗစ္ကူးခဲ့တယ္လို႔ ႐ိုက္တာကို အလြတ္သေဘာ ေျပာခဲ့ၿပီး သတင္းအတည္ျပဳႏိုင္ျခင္းေတာ့ မရွိေသး။ဇန္နဝါရီ ၂၁ ေႏွာင္းပိုင္းမွာေတာ့ အဲဒီတပ္ဖြဲ႕ဝင္ေတြ လႊတ္ေတာ္အေဆာက္အအုံဆီ ျပန္ေရာက္သြားၿပီလို႔ ဆိုတယ္။ဖေလာ္ရီဒါအုပ္ခ်ဳပ္ေရးမႉး Ron DeSantis (ရီပတ္ဘလီကန္)က သူ႔ျပည္နယ္ကလႊတ္ထားတဲ့ အေစာင့္တပ္ကို ျပန္ေခၚခဲ့ၿပီး ဒီအမိန႔္ဟာ အျငင္းပြားစရာ ျဖစ္လာတယ္။ဆီးနိတ္အမ်ားစု ေခါင္းေဆာင္သစ္ျဖစ္လာတဲ့ ဒီမိုကရက္က Chuck Schumer က ဒါမ်ိဳးေနာက္ထပ္ ဘယ္ေတာ့မွ မျဖစ္ေစရလို႔ ေျပာလိုက္တယ္။

ဒီလုပ္ရပ္အေပၚ ဆီးနိတ္က စည္းမ်ဥ္းေကာ္မတီက စုံစမ္းသြားမယ္လို႔ ဆိုတယ္။လႊတ္ေတာ္အေဆာက္အအုံႀကီးဟာ အေစာင့္တပ္သားေတြ အနားယူဖို႔လည္း ဧရိယာေတြရွိပါတယ္လို႔ အေစာင့္တပ္နဲ႔ လႊတ္ေတာ္ရဲတပ္ဖြဲ႕က ဇန္နဝါရီ ၂၂ ရက္မွာ ပူးတြဲထုတ္ျပန္ခဲ့တယ္။တာဝန္ခ်ိန္ျပင္ပ တပ္ဖြဲ႕ဝင္ေတြဟာ ဟိုတယ္ခန္းေတြမွာ ေနၾကၿပီး စိုးရိမ္ေပးတဲ့ အမတ္ေတြကို ေက်းဇူးတင္တယ္လို႔လည္း ေျပာတယ္။နယူးေယာက္တိုင္းမ္အဆိုအရေတာ့ လာမယ့္ရက္ေတြမွာ အေစာင့္တပ္သား ၁၉၀၀၀ ေလာက္ ျပည္နယ္ေတြကို ျပန္ၾကမွာျဖစ္ၿပီးဝါရွင္တန္မွာ ၇၀၀၀ ေလာက္ေတာ့ က်န္လိမ့္မယ္လို႔ ခန႔္မွန္းသတဲ့။

Ref; BBC
CRD_Sir Min Myat San

unicode

အမေရိကန်လွှတ်တော်အဆောက်အအုံနားက မြေအောက်ကားပါကင်တစ်ခုမှာ အိပ်နေရတဲ့ အမျိုးသားအစောင့်တပ် (ပြည်နယ်တွေက လွှတ်ပေးတဲ့ အရန်တပ်) တပ်ဖွဲ့ဝင်တချို့ရဲ့ ဓာတ်ပုံတွေ ပြန့်နှံ့လာပြီးနောက်ဒီ့အတွက် သမ္မတဂျိုးဘိုင်ဒန်က အစောင့်တပ်အကြီးအကဲကို ဖုန်းဆက် တောင်းပန်ခဲ့တယ်လို့ ဆိုတယ်။လွှတ်တော်ကိုဝင်စီးတဲ့အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့နောက် ဝါရှင်တန်ဒီစီမှာလုပ်တဲ့ သမ္မတကျမ်းကျိန်ပွဲအတွက် အစောင့်တပ်ဖွဲ့ဝင် ၂၅၀၀၀ ကျော်ကို ဖြန့်ချခဲ့ရတယ်။ကားပါကင်မှာ အိပ်နေတဲ့အစောင့်တပ်ဖွဲ့ဝင်တွေရဲ့ပုံတွေ ဇန်နဝါရီ ၂၁ ရက်က ပြန့်နှံ့လာပြီးနောက်တချို့ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ဒေါသထွက်ပြီး စေလွှတ်ထားတဲ့အစောင့်တပ်သားတွေကို ပြန်ခေါ်မှုတချို့ ရှိခဲ့တယ်။

သမ္မတဘိုင်ဒန်က အစောင့်တပ်အကြီးအကဲကို ဇန်နဝါရီ ၂၂ ရက်က ဖုန်းဆက်တောင်းပန်ခဲ့ပြီးသမ္မတကတော် ဂျီးလ်ဘိုင်ဒန်ကလည်း တပ်ဖွဲ့ဝင်တချို့ဆီ သွားရောက်လို့ ကျေးဇူးတင်စကားပြောရင်း ဘီစကွတ်မုန့်လက်ဆောင် ပေးခဲ့တယ်လို့ ဆိုတယ်။ရက်အတန်ကြာ နိုးနိုးကြားကြားစောင့်ကြပ်ခဲ့ရပြီနောက် ကားအိပ်ဇောအငွေ့တွေနဲ့သန့်စင်ခန်း ပြည့်ပြည့်စုံစုံ မရှိတဲ့ နေရာမှာ တပ်ဖွဲ့ဝင်တွေ အိပ်စက်ခဲ့ရတဲ့အတွက် နိုင်ငံရေးသမားတချို့ဆီက ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာပါ။လွှတ်တော်အဆောက်အအုံကနေ ဒီကားပါကင်ကို ဘာကြောင့်ရောက်ကုန်တာလဲဆိုတာလည်း မသဲကွဲပါဘူး။ဒီလိုအခြေအနေမှာ အစောင့်တပ်သားတွေအိပ်နေရပုံနဲ့ ကိုဗစ်ရောဂါကူးမှာကိုပါ စိုးရိမ်ကြတာ။

နာမည်မဖော်တဲ့ အရာရှိတစ်ယောက်က တပ်ဖွဲ့ဝင် ၂၅၀၀၀ ထဲက ၁၀၀ နဲ့ ၂၀၀ ကြား ကိုဗစ်ကူးခဲ့တယ်လို့ ရိုက်တာကို အလွတ်သဘော ပြောခဲ့ပြီး သတင်းအတည်ပြုနိုင်ခြင်းတော့ မရှိသေး။ဇန်နဝါရီ ၂၁ နှောင်းပိုင်းမှာတော့ အဲဒီတပ်ဖွဲ့ဝင်တွေ လွှတ်တော်အဆောက်အအုံဆီ ပြန်ရောက်သွားပြီလို့ ဆိုတယ်။ဖလော်ရီဒါအုပ်ချုပ်ရေးမှူး Ron DeSantis (ရီပတ်ဘလီကန်)က သူ့ပြည်နယ်ကလွှတ်ထားတဲ့ အစောင့်တပ်ကို ပြန်ခေါ်ခဲ့ပြီး ဒီအမိန့်ဟာ အငြင်းပွားစရာ ဖြစ်လာတယ်။ဆီးနိတ်အများစု ခေါင်းဆောင်သစ်ဖြစ်လာတဲ့ ဒီမိုကရက်က Chuck Schumer က ဒါမျိုးနောက်ထပ် ဘယ်တော့မှ မဖြစ်စေရလို့ ပြောလိုက်တယ်။

ဒီလုပ်ရပ်အပေါ် ဆီးနိတ်က စည်းမျဉ်းကော်မတီက စုံစမ်းသွားမယ်လို့ ဆိုတယ်။လွှတ်တော်အဆောက်အအုံကြီးဟာ အစောင့်တပ်သားတွေ အနားယူဖို့လည်း ဧရိယာတွေရှိပါတယ်လို့ အစောင့်တပ်နဲ့ လွှတ်တော်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၂ ရက်မှာ ပူးတွဲထုတ်ပြန်ခဲ့တယ်။တာဝန်ချိန်ပြင်ပ တပ်ဖွဲ့ဝင်တွေဟာ ဟိုတယ်ခန်းတွေမှာ နေကြပြီး စိုးရိမ်ပေးတဲ့ အမတ်တွေကို ကျေးဇူးတင်တယ်လို့လည်း ပြောတယ်။နယူးယောက်တိုင်းမ်အဆိုအရတော့ လာမယ့်ရက်တွေမှာ အစောင့်တပ်သား ၁၉၀၀၀ လောက် ပြည်နယ်တွေကို ပြန်ကြမှာဖြစ်ပြီးဝါရှင်တန်မှာ ၇၀၀၀ လောက်တော့ ကျန်လိမ့်မယ်လို့ ခန့်မှန်းသတဲ့။

Ref; BBC
CRD_Sir Min Myat San

Leave a Reply

Your email address will not be published. Required fields are marked *