Credit.Thettunzaw Zaw
unicode
လူနာတွေကို ဆေးဆက်ပြီး မကုပါဘူး ဆိုတဲ့ ကတိပေးတော့မှ ဆရာဝန်ဘွဲ့ ရတဲ့လူ သမိုင်းမှာတကယ်ရှိခဲ့ပါတယ် 😆သူ့နာမည်က တော့ Richard Axel ပါ။သူက ဆေးကျောင်း တစ်လျှောက်လုံးမှာပုံမှန် မဟုတ်တဲ့ နှလုံးခုန်သံ murmur လည်းတစ်ခါမှ နားမထောင်တတ်သလိုမျက်ကြည်လွှာကို လည်း မကြည့်တတ်ခဲ့ပါဘူးသူ့မျက်မှန်ဟာ လူနာ ဗိုက်ထဲ ပြုတ်ကျဖူးသလိုခွဲနေတဲ့ ခွဲစိတ်ဆရာဝန်ရဲ့ လက်ကို လူနာကိုယ်ပေါ်မှာတွဲပြီး ချုပ်မိတဲ့အထိ အခြေအနေဆိုးသူပါ။ နောက်ဆုံး သူ့ဆရာတွေက သူလူနာတွေကို ဆေးမကုပါဘူး ဘူးဆိုပြီးကတိပေးမှ သူ့ကို ဆေးပညာဘွဲ့ ပေးခဲ့ပါတယ်။
လူနာအရှင်ကို မကုရတဲ့ နောက်မှာ လူနာအသေတွေကို ကြည့်ရတဲ့ pathology ဌာန မှာအလုပ်သင်ဆင်းပါတယ်။ ဆင်းပြီး တစ်နှစ်အကြာမှာတော့ သူ့ဆရာက မင်း လူအသေတွေနဲ့လည်း အလုပ်လုပ်လို့ မရဘူး ဆိုပြီးပြောခဲ့ပါတယ်။ 😂ဒါပေမယ့် သူဟာ cell တွေထဲကို DNA transferလုပ်တဲ့ နည်းကို ပူးတွဲတွေ့ရှိခဲ့သလို HIV နဲ့ CD4ဟာ ဆက်ဆက်နေတယ်ဆိုတာရယ်ကိုပထမဆုံးသက်သေပြနိုင်ခဲ့ပါတယ်။အနံ့အာရုံကို လက်ခံတဲ့Olfactory receptor mechanism တွေကိုရှာဖွေ နိုင်ခဲ့တဲ့ အတွက် သူဟာ ၂၀၀၄ ခုနှစ်မှာဆေးပညာဆိုင်ရာ နိုဗယ်ဆု ကို ရရှိခဲ့ပါတယ်။
(ဆရာဝန် လုပ်ဖို့ လုံး၀ ကို ပါရမီ မပါတဲ့ လူကဆေးပညာရဲ့ အမြင့်ဆုံးဆုတွေထဲက တစ်ခုဖြစ်တဲ့ ဆေးပညာဆိုင်ရာ နိုဗယ်ဆု ရတယ်ဆိုတဲ့ သတင်းကို သူ့ဆရာတွေသာ ကြားရင်ဘယ်လိုများ နေမလဲ မသိ 😂)
Credit.Thettunzaw Zaw