ဂျက်မားနှင့် အာလီဘာဘာ သတိသာထားလော့၊ ရှီကျင့်ဖျင်ကတော့ ပညာပေးတော့မည်



လတ်တလောကာလ၌ တရုတ်နည်းပညာစတော့တွေဟာ ထိုဖိအားကြီးရှိနေသည့်အတွက်ဈေးနှုန်းအကျမှာ Buy on the dipsလုပ်တာမျိုးကိုလက်ရှောင်တာက အကောင်းဆုံးပင် ဖြစ်လိမ့်မည်။

Credit_KoNayNay

unicode

ရှန်ဟိုင်းဖိုရမ်တခု၌ တရုတ်အစိုးရရဲ့ စည်းမျဉ်းကန့်သတ်ချက်တွေနှင့် စီးပွားရေးပေါ်လစီတို့ကိုဝေဖန်ပြောကြားခဲ့မှုကြောင့် တရုတ်အာဏာပိုင်တွေနှင့်ဆက်ဆံရေးတင်းမာမှု ရှိခဲ့ပြီးနောက်လူမြင်ကွင်းကနေ၊ ဂျက်မားဟာပြီးခဲ့တဲ့နှစ်၊အောက်တိုဘာ ၂၄ရက်နေ့နောက်ပိုင်းကတည်းက ပျောက်ကွယ်သွားခဲ့ပြီးနောက်မနေ့တုန်းကတော့ လူမြင်ကွင်း၌ ကိုယ်လုံးပြပြန်ထွက်ပေါ်လာပါသည်။ဂျက်မားဟာ တရုတ်နည်းပညာကုမ္ပဏီကြီးအာလီဘာဘာနှင့် Ant groupတို့ကို ဦးစီးတည်ထောင်သူလည်းဖြစ်ပြီး တရုတ်မှာအချမ်းသာဆုံးဘီလျံနာတဦးလည်း ဖြစ်ပါသည်။

မနေ့တုန်းကတော့ ဂျက်မားဟာ လူမြင်ကွင်း၌ပြန်ပေါ်ထွက်လာခဲ့သည့်အတွက်ကြောင့်အာလီဘာဘာရှယ်ယာဈေးကလည်း အတက်ရှိလာခဲ့ပါသည်။ ဒီကနေ့မှာတော့ အကျဘက်ပြန်သွားနေပါသည်။လေ့လာသုံးသပ် မိသလောက်အရဆိုရရင်တော့ တရုတ်ဗဟိုဘဏ် က များမကြာမီanti-trust rulesအသစ်တွေကို ပြဌာန်းပြီးတော့ဂျက်မားရဲ့ လုပ်ငန်းအင်ပါယာ ကို နယ်ကျုံ့ပြီးအစိုးရက ထိန်းချုပ်ရလွယ်တဲ့ အထိ ချိုးနှိမ်မှုတွေလုပ်သွားဖို့ရန် ရှိနိင်သည် လို့ ထင်မြင်ယူဆမိပါသည်Alipay Service,Tencent နှင့် WeChatpayတို့တော့ တရုတ်ဗဟိုဘဏ်ရဲ့ anti-trust rulesတွေဖြင့်လှုပ်မရအောင် ချည်နှောင် ထိန်းချုပ်တာခံရတော့မည့်အနေအထား၌ ရှိနိုင်ပါသည်

လတ်တလောကာလ၌ တရုတ်နည်းပညာစတော့တွေဟာ ထိုဖိအားကြီးရှိနေသည့်အတွက်ဈေးနှုန်းအကျမှာ Buy on the dipsလုပ်တာမျိူးကိုလက်ရှောင်တာက အကောင်းဆုံးပင် ဖြစ်လိမ့်မည်။

Credit_KoNayNay

Leave a Reply

Your email address will not be published. Required fields are marked *