အိႏၵိယက ကန္ေဒၚလာ ၆ ဘီလီယံေက်ာ္ရင္းႏွီးျမႇဳပ္ႏွံမည့္ သန္လ်င္ေရနံခ်က္စက္႐ုံစီမံကိန္းအတြက္ တင္ျပလာေသာ အဆိုျပဳလႊာမ်ား စိစစ္ေနၿပီ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်း အိန္ဒိယနိုင်ငံ ရေနံကော်ပိုရေးရှင်းလီမိတက်က အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံမည့် ရေနံချက်စက်ရုံစီမံကိန်းအတွက် တင်ပြထားသော အဆိုပြုလွှာများကို စိစစ်နေပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။

လက်ရှိတွင် တင်ပြလာသည့်အဆိုပြုလွှာပါအချက်အလက်များကို သေချာစွာစိစစ်လျက်ရှိပြီး အကြောင်းပြန်ထားခြင်းမရှိသေးဘဲ ရေနံချက်စက်ရုံတည်ဆောက်ရန် မြေဧကမှာ များစွာလိုအပ်မည်ဖြစ်ကာ တည်ဆောက်မည့် စက်များ၏ Capacity အပေါ်လည်းမူတည်သေးကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီတန်ချိန် ငါးသန်းခန့်အသုံးပြုနေပြီး လိုအပ်ချက်၏ ၅ ရာခိုင်နှုန်းကျော်သာ ပြည်တွင်းတွင် ထုတ်လုပ်နိုင်သေးကြောင်း သိရပါတယ်။

ထို့ကြောင့် ပြည်ပနိုင်ငံများမှ တင်သွင်းနေရပြီး မြန်မာ့စွမ်းအင်ကဏ္ဍတွင် တရုတ်နိုင်ငံက ၇၀ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကာ အိန္ဒိယနိုင်ငံကလည်း မြန်မာ့စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း သိရပါတယ်။

ကိုဗစ်အခြေအနေများကြောင့် ရေနံချက်စက်ရုံစီမံကိန်းမှာ ယခု ၂၀၂၁ခုနှစ်အတွင်း အကောင်အထည်ဖော်နိုင်ခြင်း ရှိ၊ မရှိ သေချာမသိရှိရသေးကြောင်း သိရပါတယ်။

source : myanmaplatform

zawgyi

ရန္ကုန္တိုင္းေဒသႀကီး သန္လ်င္ၿမိဳ႕နယ္အတြင္း အိႏၵိယႏိုင္ငံ ေရနံေကာ္ပိုေရးရွင္းလီမိတက္က အေမရိကန္ေဒၚလာ ၆ ဘီလီယံေက်ာ္ရင္းႏွီးျမႇဳပ္ႏွံမည့္ ေရနံခ်က္စက္႐ုံစီမံကိန္းအတြက္ တင္ျပထားေသာ အဆိုျပဳလႊာမ်ားကို စိစစ္ေနၿပီျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ သိရပါတယ္။

လက္ရွိတြင္ တင္ျပလာသည့္အဆိုျပဳလႊာပါအခ်က္အလက္မ်ားကို ေသခ်ာစြာစိစစ္လ်က္ရွိၿပီး အေၾကာင္းျပန္ထားျခင္းမရွိေသးဘဲ ေရနံခ်က္စက္႐ုံတည္ေဆာက္ရန္ ေျမဧကမွာ မ်ားစြာလိုအပ္မည္ျဖစ္ကာ တည္ေဆာက္မည့္ စက္မ်ား၏ Capacity အေပၚလည္းမူတည္ေသးေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံတြင္ တစ္ႏွစ္လွ်င္ ဓာတ္ဆီ၊ ဒီဇယ္ဆီ၊ ေလယာဥ္ဆီတန္ခ်ိန္ ငါးသန္းခန႔္အသုံးျပဳေနၿပီး လိုအပ္ခ်က္၏ ၅ ရာခိုင္ႏႈန္းေက်ာ္သာ ျပည္တြင္းတြင္ ထုတ္လုပ္ႏိုင္ေသးေၾကာင္း သိရပါတယ္။

ထို႔ေၾကာင့္ ျပည္ပႏိုင္ငံမ်ားမွ တင္သြင္းေနရၿပီး ျမန္မာ့စြမ္းအင္က႑တြင္ တ႐ုတ္ႏိုင္ငံက ၇၀ ရာခိုင္ႏႈန္းျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးျဖစ္ကာ အိႏၵိယႏိုင္ငံကလည္း ျမန္မာ့စြမ္းအင္က႑တြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ ကမ္းလွမ္းလာျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ကိုဗစ္အေျခအေနမ်ားေၾကာင့္ ေရနံခ်က္စက္႐ုံစီမံကိန္းမွာ ယခု ၂၀၂၁ခုႏွစ္အတြင္း အေကာင္အထည္ေဖာ္ႏိုင္ျခင္း ရွိ၊ မရွိ ေသခ်ာမသိရွိရေသးေၾကာင္း သိရပါတယ္။

source : myanmaplatform

Leave a Reply

Your email address will not be published. Required fields are marked *