ေဆးျမႇီ းတိုေ သာက္ ရင္ ကိုဗစ္ေပ်ာက္တယ္လို႔ ေျပာ ဆိုခဲ့တဲ့ သီရိ လကၤာက်န္းမာေရးဝန္ႀကီး ကိုဗစ္ ကူးစက္ခံရ

ဆေးမြှီ းတိုသောက်ရင် ကိုဗ စ်ပျောက် တယ်လို့ တိုက်တွန်းထောက်ခံချက်ပေးခဲ့တဲ့ သီရိလင်္ ကာကျန်းမာရေးဝန်ကြီး ပါဗီသရာဝ န်နီယာအာချာကို ကိုဗစ်ပိုးကူးစက်ခဲ့တယ်လို့ ဘီဘီစီ သတင် းဌာနက ဖော်ပြထားပါတယ်။

သီရိလင်္ကာကျန်း မာရေးဝန်ကြီးဟာ ကိုဗစ်ကာလအတွင်း နတ်ဆရာတစ်ယောက်ထုတ် လုပ်လိုက်တဲ့ ဆေးမြှီးတိုကို ကိုယ်တိုင်သောက်သုံးပြခဲ့သလို ပြည်သူတွေလည်း သောက်သုံးဖို့ တိုက်တွန်းခဲ့ပြီး အဲဒီဆေးက ကိုဗစ်ကိုရာသက်ပန် ကာကွယ်နို င်တယ်လို့ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ကိုဗစ်ရောဂါစဖြစ်ချိန်ကစပြီး ဒီနေ့အထိ ကူးစက်ခံရသူပေါင်း (၅၆၀၀၀) ကျော်ရှိပြီး သေဆုံးသူ (၂၇၆) ယောက် ရှိနေပါတယ်။ပါဗီသရာဟာ သီရိလင်္ ကာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရတဲ့လေးယာက်မြောက် ဝန်ကြီးဖြစ်ပြီး ကိုဗစ်ပို းနှစ် ကြိမ်စစ်ဆေးရာမှာ နှစ်ကြိမ်စလုံး ပိုးတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ပါဗီသရာပြောတဲ့ဆေးဟာ အာနိသင်သက်ရောက်မှုမရှိဘူးလို့ သီရိလင်္ကာဆရာဝန်တွေက ကန့်ကွက်ပြောဆိုခဲ့ကြပေမယ့် လူတွေကတော့ ဆေးထုတ်လုပ်တဲ့ နတ်ဆရာရှိရာကို အများအပြား သွားရောက် နေကြဆဲဖြစ်တယ်လို့ သတင်းမှာပါရှိပါတယ်။

သီရိလင်္ကာနိုင်ငံဟာ နောက်တစ်ပတ်ထဲမှာ အိန္ဒိယနိုင်ငံက ထောက်ပံ့ပေးပို့မယ့် Oxford/AstraZeneca ကာကွယ်ဆေး စတင်ရရှိတော့မှာ ဖြစ်ပါတယ်။ကိုဗစ်ရောဂါကို ဆေးမြှီး တိုနဲ့ တိုင်းရင်းဆေးတွေနဲ့ကုသတာကို အသိအမှတ်မပြုဘဲ သုံးစွဲနေ ကြတာဟာ သီရိလင်္ကာတစ်နိုင်ငံတည်းမှာမဟုတ်ဘဲ မာဒါဂက်စ်ကာသမ္မတ အန်ဒရေးရာဂျိုလီနာက ဆေးဘက်ဝင် သစ်ပင်၊သစ်မြစ်တွေနဲ့လုပ်ထားတဲ့ ရေစင် ဆေးကို သောက်သုံး ကြရမယ်လို့ လှုံဆော်တိုက်တွန်းခဲ့သေးတဲ့အတွက် ဝေဖန်မှုတွေခံခဲ့ရပါသေးတယ်။

ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ နိုင်ငံရေ းခေါင်း ဆောင်တွေထဲမှာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ ယူကေ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့လည်း ပါဝင်ခဲ့ပါသေးတယ်။

Ref : BBC
Photo : AFP
source : Omedia

zawgyi

ေဆးျမႇီးတိုေသာက္ ရင္ ကိုဗစ္ေ ပ်ာက္တယ္လို႔ တိုက္တြန္းေထာက္ခံခ်က္ေပးခဲ့တဲ့ သီရိလကၤာက်န္းမာေရးဝန္ႀကီး ပါဗီသရာဝန္နီယာအာခ်ာကို ကိုဗစ္ပိုးကူးစက္ခဲ့တယ္လို႔ ဘီဘီစီသတင္းဌာနက ေဖာ္ျပထားပါတယ္။

သီရိလကၤာက်န္းမာေရးဝန္ႀကီးဟာ ကိုဗစ္ကာလအတြင္း နတ္ဆရာတစ္ေယာက္ထုတ္ လုပ္လိုက္တဲ့ ေဆးျမႇီးတိုကို ကိုယ္တိုင္ေသာက္သုံးျပခဲ့သလို ျပည္သူေတြလည္း ေသာက္သုံးဖို႔တိုက္တြန္းခဲ့ၿပီး အဲဒီေဆးက ကိုဗစ္ကိုရာသက္ပန္ ကာကြယ္ႏိုင္တယ္လို႔ေျပာဆိုခဲ့သူ ျဖစ္ပါတယ္။

သီရိလကၤာႏိုင္ငံဟာ ကိုဗစ္ေရာဂါစျဖစ္ခ်ိန္ကစၿပီး ဒီေန႔အထိ ကူးစက္ခံရသူေပါင္း (၅၆၀၀၀) ေက်ာ္ရွိၿပီး ေသဆုံးသူ (၂၇၆) ေယာက္ ရွိေနပါတယ္။ပါဗီသရာဟာ သီရိလကၤာႏိုင္ငံမွာ ကိုဗစ္ကူး စက္ခံရတဲ့ေလးယာက္ေျမာက္ ဝန္ႀကီးျဖစ္ၿပီး ကိုဗစ္ပိုးႏွစ္ႀကိမ္ စစ္ေဆးရာမွာ ႏွစ္ႀကိမ္စလုံး ပိုးေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။

ပါဗီသရာေျပာတဲ့ေဆးဟာ အာနိသင္ သက္ေရာက္မႈမရွိဘူးလို႔ သီရိလကၤာ ဆရာဝန္ေတြက ကန႔္ကြက္ေျပာဆိုခဲ့ၾကေပမယ့္ လူေတြကေတာ့ ေဆးထုတ္လုပ္တဲ့ နတ္ဆရာရွိရာကို အမ်ားအျပား သြားေရာက္ေနၾကဆဲျဖစ္တယ္လို႔ သတင္းမွာပါရွိပါတယ္။

သီရိလကၤာႏိုင္ငံဟာ ေနာက္တစ္ပတ္ထဲမွာ အိႏၵိယႏိုင္ငံက ေထာက္ပံ့ေပးပို႔မယ့္ Oxford/AstraZeneca ကာကြယ္ေဆး စတင္ရရွိေတာ့မွာ ျဖစ္ပါတယ္။ကိုဗစ္ေရာဂါကို ေဆးျမႇီးတိုနဲ႔တိုင္းရင္းေဆးေတြနဲ႔ ကုသတာကို အသိအမွတ္မျပဳဘဲ သုံးစြဲေနၾကတာဟာ သီရိလကၤာ တစ္ႏိုင္ငံတည္းမွာမဟုတ္ဘဲ မာဒါဂက္စ္ကာသမၼတ အန္ဒေရးရာဂ်ိဳလီနာက ေဆး ဘက္ဝင္ သစ္ပင္၊သစ္ျမစ္ေတြနဲ႔လုပ္ထားတဲ့ ေရစင္ေဆးကို ေသာက္ သုံးၾကရမယ္လို႔ လႈံေဆာ္တိုက္တြန္းခဲ့ေသးတဲ့အတြက္ ေဝဖန္မႈေတြခံခဲ့ရပါေသးတယ္။

ကိုဗစ္ကူးစက္ခံခဲ့ရတဲ့ ႏိုင္ငံေရ းေခါင္းေဆာင္ေတြထဲမွာ ျပင္သစ္သမၼတ အီမန္န်ဴရယ္ မက္ခ႐ြန္၊ ယူေက ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆ င္နဲ႔ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္တို႔လည္း ပါဝင္ ခဲ့ပါေသးတယ္။

Ref : BBC
Photo : AFP
source : Omedia

Leave a Reply

Your email address will not be published. Required fields are marked *