မြန်မာနိုင်ငံတွင် ယခုလက်ရှိအချိန်အထိ တွေ့ရှိရသည့် ကိုဗစ် ဓာတ်ခွဲ အတည်ပြုလူနာ (၁၃၇,၀၉၈) ဦးအနက် (၆၃) ရာခိုင်နှုန်းသည် ကိုဗစ်ရောဂါ လက္ခဏာ တစ်စုံတစ်ရာမရှိဘဲ ပြင်ပအမြင်တွင် လူကောင်းပကတိသဖွယ် ဖြစ်နေသဖြင့် အခြားသူများထံသို့ ရောဂါကူးစက်စေနိုင်သည်ဆိုသည့် အချက်အား ပြည်သူများအနေဖြင့် အထူး (အထူး) သတိပြုကြကာ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများအား တိကျစွာ (တိကျစွာ) လိုက်နာကြရန် အရေးကြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာန က အသိပေးချက်ထုတ်ပြန်ထားသည်။
ထို့အပြင် လိုက်နာခြင်းမရှိပါက ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည် မြင့်မားလာမည် ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(ကျန်းမာရေးဝန်ကြီးဌာန)
source : (ဇော်လင်းမြင့်)
zawgyi
source : (ဇော်လင်းမြင့်)