အေမရိကန္ လႊတ္ေတာ္ကို ဝင္ေရာက္စီ းနင္းဖို႔ လႈံ႕ေဆာ္ေပးတဲ့ အဖြဲ႕ေတြအ တြက္ ေဒၚနယ္ ထရမ့္ ေဒၚလာ (၂ .၇) သန္းေက်ာ္ေပးခဲ့

အမေရိကန်လွှတ်တော် အဆောက်အအုံကို ဝင်စီးနင်းပြီး ဆန္ဒပြသူတွေကို လှုံ ဆော်ပေးတဲ့သူတွေအတွက် သမ္မတဟောင်း ဒေါ်နယ်ထရမ်က အမေရိကန်ဒေါ်လာ (၂.၇) သန်းပေးအပ်ခဲ့ တယ်တယ်လို့ Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီဖော်ပြမှုဟာ ရွေးကောက်ပွဲကော်မရှင်က ဆန္ဒပြပွဲမတိုင်ခင်ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာပါရှိတဲ့ အစီရင် ခံစာတစ်ရပ်ကို အခြေခံဖော်ပြတာဖြစ်ပြီး လှုပ်ရှားစည်းရုံးပေးတဲ့ လူတစ်ယောက်ချင်းစီနဲ့ အဖွဲ့အစည်းအလိုက်ကို ဒေါ်နယ်ထရမ့်က နိုဝင်ဘာ (၂၃) ရက်နေ့အထိ ငွေတွေပေးခဲ့တယ်လို့ ဆိုပါတယ်။

လွှတ်တော်အဆောက်အအုံကို အကြမ်းဖက်စီးနင်းမှုဖြစ်စဉ်မှာ လူငါးဦးသေဆုံးခဲ့ရတဲ့အတွက် အမေရိကန်အောက်လွှတ်တော်က ထရမ့်ကို အရေးယူဖို့ မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ပြီး အထက်လွှတ်တော်က ဆက်လက်လုပ်ဆောင်ဖို့ ရက်ချိန်းစဉ်းစားနေဆဲ ဖြစ်ပါတယ်။

ထရမ့်ဟာ Capitol စီးနင်းမှုမတိုင်မီ အချိန်အထိ သူ့အတွက်လှုံ့ဆော်ပေးခဲ့ကြတဲ့ လူတွေ၊ အဖွဲ့အစည်းတွေအတွက် ဒေါ်လာ (၂ .၇) သန်းပေးခဲ့ရာမှာ အများဆုံးရရှိခဲ့တဲ့ အဖွဲ့ကတော့ Event Strategies Inc ဖြစ်ပြီး ဒေါ်လာ (၁ .၇) သန်းကျော်အထိ ပေးခဲ့ရတယ်လို့ သိရပါတယ်။

ထရမ့်မဲအနိုင်ရရေး တရားဝင်လှုပ်ရှားမှုအဖွဲ့အစည်း ရှစ်ဖွဲ့ရှိခဲ့ပြီး ဆန္ဒပြပွဲဖြစ်ဖို့ ဦးဆောင်လှုံ့ဆော်ပေးခဲ့တဲ့ National Park Service က မက်ဂီမူလ်ဗန်နီက ဒေါ်လာ ၁၃၈၀၀၀၊ ၂၀၁၈ ဖေဖော်ဝါရီ လကတည်းက ပြီးခဲ့တဲ့ ရွေးကောက်ပွဲအပြီးကာလအထိ ထရမ့်အောင်နိုင်ရေးစီမံချက်အကောင်အထည်ဖော်တဲ့ မန်နေဂျာ Megan Powers အတွက် ဒေါ်လာ ၂၉၀၀၀၀ ပေးအပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေါ်နယ်ထရမ့် သမ္မတရွေးကောက်ပွဲအောင်နိုင်ရေးအကြံပေးတစ်ဦးကတော့ ဒီငွေတွေပေးရခြင်းဟာ ဇန်နဝါရီ (၆) ရက် Capitol ဆန္ဒပြပွဲနဲ့ မသက်ဆိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။ဒေါ်နယ်ထရမ့်ဟာ နယူးယောက်မြို့ကြီးမှာမွေးဖွားခဲ့ပြီးမှ ကယ်လီဖိုးနီးယားပြည်နယ်ကို ပြောင်းရွှေ့ အခြေချခဲ့သူဖြစ်လို့ နယူးယောက်မြို့တော်အာဏာပိုင်တွေနဲ့ မြို့တွင်းဆောက်လုပ်ရေးလုပ်ငန်း စာချုပ်များစွာလည်း ချုပ်ဆို လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုလို အရှုပ်အရှင်းတွေဖြစ်လာပြီးနောက် နယူးယောက်အာဏာပိုင်တွေက ထရမ့်နဲ့ချုပ်ဆိုထားတဲ့ လုပ်ငန်းစာချုပ်များစွာကို ဖျက်သိမ်းလိုက်ကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါရှိနေပါတယ်။

Ref : Bloomberg
Photo : AFP
source : Omedia

zawgyi

အေမရိကန္လႊတ္ေတာ္အေဆာက္အအုံကို ဝင္စီးနင္းၿပီး ဆႏၵျပသူေတြကို လႈံေဆာ္ေပးတဲ့သူေတြအတြက္ သမၼတေဟာင္းေဒၚနယ္ထရမ္က အေမရိကန္ေဒၚလာ (၂.၇) သန္းေပးအပ္ခဲ့တယ္တယ္လို႔ Bloomberg သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ဒီေဖာ္ျပမႈဟာ ေ႐ြးေကာက္ပြဲေကာ္မရွင္က ဆႏၵျပပြဲမတိုင္ခင္ထုတ္ျပန္လိုက္တဲ့ ေၾကညာခ်က္မွာပါရွိတဲ့ အစီရင္ ခံစာတစ္ရပ္ကို အေျခခံေဖာ္ျပတာျဖစ္ၿပီး လႈပ္ရွားစည္း႐ုံးေပးတဲ့ လူတစ္ေယာက္ခ်င္းစီနဲ႔ အဖြဲ႕အစည္းအလိုက္ကို ေဒၚနယ္ထရမ့္က ႏိုဝင္ဘာ (၂၃) ရက္ေန႔အထိ ေငြေတြေပးခဲ့တယ္လို႔ ဆိုပါတယ္။

လႊတ္ေတာ္အေဆာက္အအုံကို အၾကမ္းဖက္စီးနင္းမႈျဖစ္စဥ္မွာ လူငါးဦးေသဆုံးခဲ့ရတဲ့အတြက္ အေမရိကန္ေအာက္လႊတ္ေတာ္က ထရမ့္ကို အေရးယူဖို႔ မဲခြဲဆုံးျဖတ္အတည္ျပဳခဲ့ၿပီး အထက္လႊတ္ေတာ္က ဆက္လက္လုပ္ေဆာင္ဖို႔ ရက္ခ်ိန္းစဥ္းစားေနဆဲ ျဖစ္ပါတယ္။

ထရမ့္ဟာ Capitol စီးနင္းမႈမတိုင္မီ အခ်ိန္အထိ သူ႔အတြက္လႈံ႕ေဆာ္ေပးခဲ့ၾကတဲ့ လူေတြ၊ အဖြဲ႕အစည္းေတြအတြက္ ေဒၚလာ (၂ .၇) သန္းေပးခဲ့ရာမွာ အမ်ားဆုံးရရွိခဲ့တဲ့ အဖြဲ႕ကေတာ့ Event Strategies Inc ျဖစ္ၿပီး ေဒၚလာ (၁ .၇) သန္းေက်ာ္အထိ ေပးခဲ့ရတယ္လို႔ သိရပါတယ္။

ထရမ့္မဲအႏိုင္ရေရး တရားဝင္လႈပ္ရွားမႈအဖြဲ႕အစည္း ရွစ္ဖြဲ႕ရွိခဲ့ၿပီး ဆႏၵျပပြဲျဖစ္ဖို႔ ဦးေဆာင္လႈံ႕ေဆာ္ေပးခဲ့တဲ့ National Park Service က မက္ဂီမူလ္ဗန္နီက ေဒၚလာ ၁၃၈၀၀၀၊ ၂၀၁၈ ေဖေဖာ္ဝါရီ လကတည္းက ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲအၿပီးကာလအထိ ထရမ့္ေအာင္ႏိုင္ေရးစီမံခ်က္အေကာင္အထည္ေဖာ္တဲ့ မန္ေနဂ်ာ Megan Powers အတြက္ ေဒၚလာ ၂၉၀၀၀၀ ေပးအပ္ခဲ့ရတယ္လို႔ ဆိုပါတယ္။

ေဒၚနယ္ထရမ့္ သမၼတေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးအႀကံေပးတစ္ဦးကေတာ့ ဒီေငြေတြေပးရျခင္းဟာ ဇန္နဝါရီ (၆) ရက္ Capitol ဆႏၵျပပြဲနဲ႔ မသက္ဆိုင္ဘူးလို႔ ျငင္းဆိုထားပါတယ္။ေဒၚနယ္ထရမ့္ဟာ နယူးေယာက္ၿမိဳ႕ႀကီးမွာေမြးဖြားခဲ့ၿပီးမွ ကယ္လီဖိုးနီးယားျပည္နယ္ကို ေျပာင္းေ႐ႊ႕ အေျခခ်ခဲ့သူျဖစ္လို႔ နယူးေယာက္ၿမိဳ႕ေတာ္အာဏာပိုင္ေတြနဲ႔ ၿမိဳ႕တြင္းေဆာက္လုပ္ေရးလုပ္ငန္း စာခ်ဳပ္မ်ားစြာလည္း ခ်ဳပ္ဆို လုပ္ကိုင္ေနသူ ျဖစ္ပါတယ္။

ဒါေပမဲ့ အခုလို အရႈပ္အရွင္းေတြျဖစ္လာၿပီးေနာက္ နယူးေယာက္အာဏာပိုင္ေတြက ထရမ့္နဲ႔ခ်ဳပ္ဆိုထားတဲ့ လုပ္ငန္းစာခ်ဳပ္မ်ားစြာကို ဖ်က္သိမ္းလိုက္ၾကတယ္လို႔လည္း သတင္းေတြမွာ ေဖာ္ျပပါရွိေနပါတယ္။

Ref : Bloomberg
Photo : AFP
source : Omedia

Leave a Reply

Your email address will not be published. Required fields are marked *