ျပည္သူ႔ အစိုးရ စစ္ စစ္ ရခဲ့ေလၿပီ

မလေးရှားမှာ အလုပ် လုပ်ခဲ့ စဉ်က မြန်မာ သံရုံးဆိုတာ အခွန်ကောက်ဖို့ ကလွဲရင် ဘာမှအလုပ်မလု ပ်မှန်းသိလို့ အလုပ် ရှင်တွေက မြန်မာအလုပ်သမားဆိုရင် ချေးတုံး ခွေ းနိုင် နိုင်တ တ်ကြတာပါ။ နှစ်စဉ်နေ့စားခ တိုးတော့ တာဝန်ချင်း အတူ တူကို မြန်မာ ၁ ရင်းဂစ်ပဲတိုးပြီး၊ အခြားနိုင်ငံခြားသားအလုပ်သမားတွေကို ၃ ရင်းဂစ်တိုးပေးတဲ့ဖြစ်ရပ်လေး မှတ်မိနေသေးတယ်။ မတရားလို့ မြန်မာအလုပ်သမားတွေလူစုပြီး ရုံးကသူဌေးမကို တက်ကွန်ပလိန်းတက်ကြပါတယ်။ သူဌေးမပြန်ပြောခဲ့တဲ့အဖြေကို ခုချိန်ထိကြားယောင်နေဆဲပါ။

“နင်တို့က မြန်မာပြည်ကအ လုပ်သမားတွေမို့ပါတဲ့။ သူများနိုင်ငံသားတွေနဲ့ နင်တို့ယှဉ်လို့မရဘူးတဲ့လေ။” ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုပါပဲ၊ လူကို အရည်အချင်းနဲ့မဆုံးဖြတ်ဘဲ သူလာခဲ့ရာတိုင်းပြည်နဲ့ ဆုံးဖြတ်တာ ဘယ်လောက် ရင်ခံစရာကောင်းပါသလဲ။ ကျွန်တော်တို့အဲနေ့က ပြန်လည်ချေပစရာစကားလုံးမကျန်တော့လို့ တပ်ပြန်ဆုတ်ခဲ့ကြရပါတယ်။ တကယ်တော့ ကိုယ့်နိုင်ငံသံရုံးက ကိုယ့်လူမျိုးအတွက်အလုပ်မလုပ်ဘဲ ငွေကောက်ဖို့လောက်ပဲ စိတ်ဝင်စားနေတာက ပြသနာရင်းမြစ်ပါ။

အခု ထိုင်းမှာဒုက္ခရောက်နေတဲ့ မြန်မာလုပ်သားကိုဗစ်ကူးစက်ခံနေရလို့ ခွဲခြားဆက်ဆံခံနေရသူတွေကို မြန်မာအစိုးရက စားစရာတွေကူညီထောက်ပံ့ပို့ဆောင်နေတဲ့ဓါတ်ပုံလေးတွေကြည့်ပြီး၊ သူတို့အတွက် ဘယ်လောက်တောင်မှ အားအင်တွေရှိနေ လိမ့်မလဲတွေးပြီး ပီတိဖြစ်ရပါတယ်။ တဖက်မှာလည်း ထိုင်းအစိုးရတာဝန်ရှိသူတွေရင်ထဲ မြန်မာအစိုးရတာဝန်ရှိသူတွေဟာ သူ့ပြည် သူတွေကို ဒုက္ခရောက်ချိန်မှာ ပစ်မထားကြဘူး၊ ငါတို့ မတရားသူတို့အပေါ် နိုင်ချင်တိုင်းနိုင်လို့ ရတဲ့ခေတ်ကုန်သွားပြီလို့ အတွေးရောက်စေမှာပါ။

အရင်ပါတ်က ရေဒီယိုမှာ ကြေငြာတာလေး နားထောင်လိုက်ရတယ်။ ထိုင်းအစိုးရက တရားမ ဝင်လုပ်နေကြတဲ့ မြန်မာလုပ်သာ ၅ သိန်းလောက်ကို ပုန်းမနေကြဘဲ သတင်းပို့ဖို့, အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမယ်လို့ ကြေငြာနေတာမျိုးဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ကိုယ့်အစိုးရက သံတမန်နည်းလမ်းတွေကတဆင့် အစိုးရချင်းကိုယ့်ပြည်သူကို ကူညီပေးဖို့ တောင်းဆိုနေလို့သာဖြစ်ပါတယ်။

လက်ရှိအစိုးရကို ပြည်သူတွေချစ် နေတာဟာ အကြောင်းမဲ့သက်သက်မဟုတ်ဘူးဗျ။ ပြည်သူ့အစိုးရခေတ်မယ် ဆော်လမွန်ငါးတို့ အိမ်ပြန်ချိန် နီးလာပြီလို့သာ စိတ်ဝယ်တင်းရင်း ရင်ထဲပီတိဖြစ်ရပါတော့တယ်။

ဓါတ်ပုံ။ ။ ကျော်သူ (ဗန်ကောက်)

zawgyi

မေလးရွားမွာ အလုပ္လုပ္ခဲ့ စဥ္က ျမန္မာသံ႐ုံးဆိုတာ အခြန္ေကာက္ဖို႔ကလြဲရင္ ဘာမွအလုပ္မလုပ္မွန္းသိလို႔ အလုပ္ရွင္ေတြက ျမန္မာအလုပ္သမားဆိုရင္ ေခ်းတုံးေခြးႏိုင္ ႏိုင္တတ္ၾကတာပါ။ ႏွစ္စဥ္ေန႔စားခတိုးေတာ့ တာဝန္ခ်င္းအတူ တူကို ျမန္မာ ၁ ရင္းဂစ္ပဲတိုးၿပီး၊ အျခားႏိုင္ငံျခားသားအလုပ္သမားေတြကို ၃ ရင္းဂစ္တိုးေပးတဲ့ျဖစ္ရပ္ေလး မွတ္မိေနေသးတယ္။ မတရားလို႔ ျမန္မာအလုပ္ သမားေတြလူစုၿပီး ႐ုံးကသူေဌးမကို တက္ကြန္ပလိန္းတက္ၾကပါတယ္။ သူေဌးမျပန္ေျပာခဲ့တဲ့အေျဖကို ခုခ်ိန္ထိၾကားေယာင္ေနဆဲပါ။

“နင္တို႔က ျမန္မာျပည္ကအလုပ္သမားေတြမို႔ပါတဲ့။ သူမ်ားႏိုင္ငံသားေတြနဲ႔ နင္တို႔ယွဥ္လို႔မရဘူးတဲ့ေလ။” ဒါဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈပါပဲ၊ လူကို အရည္အခ်င္းနဲ႔မဆုံးျဖတ္ဘဲ သူလာခဲ့ရာတိုင္းျပည္နဲ႔ ဆုံးျဖတ္တာ ဘယ္ေလာက္ရင္ခံစရ ာေကာင္းပါသလဲ။ ကြၽန္ေတာ္တို႔အဲေန႔က ျပန္လည္ေခ်ပစရာစကားလုံးမက်န္ေတာ့လို႔ တပ္ျပန္ဆုတ္ခဲ့ၾကရပါတယ္။ တကယ္ေတာ့ ကိုယ့္ႏိုင္ငံသံ႐ုံးက ကိုယ့္လူမ်ိဳးအတြက္အလုပ္မလုပ္ဘဲ ေငြေကာက္ဖို႔ေလာက္ပဲ စိတ္ဝင္စားေနတာက ျပသနာရင္းျမစ္ပါ။

အခု ထိုင္းမွာဒုကၡေရာက္ေနတဲ့ ျမန္မာ လုပ္သားကိုဗစ္ကူးစက္ခံေနရလို႔ ခြဲျခားဆက္ဆံခံေနရသူေတြကို ျမန္မာအစိုးရက စားစရာေတြကူညီေထာက္ပံ့ပို႔ေဆာင္ေနတဲ့ဓါတ္ပုံေလးေတြၾကည့္ၿပီး၊ သူတို႔အတြက္ ဘယ္ေလာက္ေတာင္မွ အား အင္ေတြရွိေနလိမ့္မလဲေတြးၿပီး ပီတိျဖစ္ရပါတယ္။ တဖက္မွာလည္း ထိုင္းအစိုးရတာဝန္ရွိသူေတြရင္ထဲ ျမန္မာအစိုးရတာဝန္ရွိသူေတြဟာ သူ႔ျပည္သူေတြကို ဒုကၡေရာက္ခ်ိန္မွာ ပစ္မထားၾကဘူး၊ ငါတို႔ မတရားသူတို႔အေပၚ္ ႏိုင္ခ်င္တိုင္းႏိုင္လို႔ ရတဲ့ေခတ္ကုန္သြားၿပီလို႔ အေတြးေရာက္ေစမွာပါ။

အရင္ပါတ္က ေရဒီယိုမွာ ေၾကျငာတာေလး နားေထာင္လိုက္ ရတယ္။ ထိုင္းအစိုးရက တရားမဝင္လုပ္ေနၾကတဲ့ ျမန္မာလုပ္သာ ၅ သိန္းေလာက္ကို ပုန္းမေနၾကဘဲ သတင္းပို႔ဖို႔, အသိအမွတ္ျပဳလက္မွတ္ ထုတ္ေပးမယ္လို႔ ေၾကျငာေနတာ မ်ိဳးဟာ တိုက္ဆိုင္မႈမဟုတ္ပါဘူး။ ကိုယ့္အစိုးရက သံတမန္နည္းလမ္းေတြကတဆင့္ အစိုးရခ်င္းကိုယ့္ျပည္သူကို ကူညီေပးဖို႔ ေတာင္းဆိုေနလို႔သာျဖစ္ပါတယ္။

လက္ရွိအစိုးရကို ျပည္သူေတြခ်စ္ေ နတာဟာ အေၾကာင္းမဲ့သက္သက္မဟုတ္ဘူးဗ်။ ျပည္သူ႔အစိုးရေခတ္မယ္ ေဆာ္လမြန္ငါးတို႔ အိမ္ျပန္ခ်ိန္ နီးလာၿပီလို႔သာ စိတ္ဝယ္တင္းရင္း ရင္ထဲပီတိျဖစ္ရပါေတာ့တယ္။

ဓါတ္ပုံ။ ။ ေက်ာ္သူ (ဗန္ေကာက္)

Leave a Reply

Your email address will not be published. Required fields are marked *