ၿမိတ္ၿမိဳ႕တြင္ ေဒၚလာသန္း ၃၀၀ ခန႔္ ရင္းႏွီးျမႇဳပ္ႏွံမည့္ အျပည္ျပည္ဆိုင္ရာ ငါးေလလံေဈးတစ္ခုႏွင့္ စက္မႈဇုန္ စီမံကိန္းတစ္ခု တည္ေဆာက္မည္

မြိတ်မြို့နယ်တွင် အမေရိကန်ဒေါ်လာ သန်း၃၀၀ ခန့် ရင်းနှီးမြှုပ်နှံမည့် အပြည်ပြည်ဆိုင်ရာငါးလေလံဈေးကြီးတစ်ခုနှင့် စက်မှုဇုန်စီမံကိန်းတစ်ခု ဖော်ဆောင်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။

မြိတ်မြို့ ကျွဲကူးကျေးရွာအုပ်စုအတွင်း အကောင်ထည်ဖော် ဆောင်ရွက်မည့် အဆိုပါစီမံကိန်းကိုမြိတ်အများပိုင်ကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး စီမံကိန်းမြေနေရာကို ဧက ၂၀၀၀ကျော် လျာထားကြောင်း သိရသည်။ ဒီဇင်ဘာ၇ ရက်က ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လုပ်ငန်းနှင့် ပတ်သက်ပြီး မြိတ်အများပိုင်မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။

“ငါးလေလံဈေးနဲ့ ပတ်သက်ပြီး သူတို့ လုပ်ချင်တဲ့လုပ်ငန်း Proposal တွေကို လာရောက်ပြီး အစိုးရအဖွဲ့ထံမှာ လာရောက် ရှင်းပြတာပါ။ ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ လုပ်မယ့်လုပ်ငန်းကို ကျွန်တော်တို့ပြည်ထောင်စုအဆင့်ကို တင်ပြရမယ်။ ငါးလေလံဈေးအဟောင်းနဲ့ အသစ်ရယ်ဆိုပြီးတော့ မဟုတ်ဘူး

မြိတ်အများပိုင်က သူတို့လုပ်ချင်တဲ့အပိုင်းကိုလာရောက် တင်ပြတာပါ။ ရှေ့ဆက်လုပ်ရမယ့်အပိုင်းတွေကတော့ အများကြီး ရှိပါသေးတယ်”ဟု တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောကြားသည်။

ငါးလေလံဈေးနှင့် စက်မှုဇုန်မှာ တစ်ဆက်တည်းဖြစ်ပြီး အဆိုပါစီမံကိန်းကို ပြည်ထောင်စုအဆင့်မှခွင့်ပြုချက်ရပါက အမြန်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။“ငါးဈေးနဲ့ စက်မှုဇုန်က တစ်ဆက်တည်း ဧကနှစ်ထောင်လောက် လိုပါတယ်။ ကုန်ကြမ်းကနေကုန်ချောထုတ်နိုင်တဲ့ အဆင့်အထိပေါ့။တိုင်းဒေသကြီးအစိုးရနဲ့ ဗဟိုက ခွင့်ပြုလို့ရှိရင်ဆက်လက် လုပ်ဆောင်သွားမှာပါ။

ရင်းနှီးမြှုပ်နှံမှုကဒေါ်လာသန်း ၃၀၀ လောက် ရှိပါ့မယ်။အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရလာပါလိမ့်မယ်။ လုပ်ငန်းရှင်ငယ်တွေအများကြီးပေါ်လာပါလိမ့်မယ်။မောတောင်လမ်းကို အခြေပြုပြီး လုပ်ဆောင်ပေမဲ့ဈေးကွက်တွက် ချေကိုက်ရင် ရန်ကုန်ကိုလည်းပို့နိုင်ပါတယ်”ဟု မြိတ်အများပိုင် ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးလှသန်းက ပြောကြားသည်။

အဆိုပါစီမံကိန်းကို ပြည်ထောင်စုအဆင့်ကလည်းခွင့်ပြုနိုင်ဖွယ်ရှိနေပြီး ခွင့်ပြုချက်ရပါက အမြန်ဆုံးအကောင်ထည်ဖော်ရန် စီစဉ်နေပြီဖြစ်ကြောင်းမြိတ်အများပိုင်မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့်ရေထွက်ကုန်များကို ထိုင်းနိုင်ငံဈေးကွက်သို့အဓိက တင်ပို့နေရပြီး ငါးဈေးကွက်မှာလည်းထိုင်းနိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။မြိတ်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာငါးလေလံဈေးကြီးမှာ ဒေါ်လာသန်း ၇၀ ရင်းနှီးမြှုပ်နှံခွင့် ရထားသော်လည်း အစိုးရက ရင်းနှီးမြုပ်နှံငွေလွှဲခြင်းကို ယခုအထိ ခွင့်ပြုပေးခြင်းမရှိသည့်အတွက် လုပ်ငန်းကြန့်ကြာမှုဖြစ်ပေါ်နေကြောင်း သိရသည်။

source : ELEVEN-NEWS

zawgyi

ၿမိတ္ၿမိဳ႕နယ္တြင္ အေမရိကန္ေဒၚလာ သန္း၃၀၀ ခန႔္ ရင္းႏွီးျမႇဳပ္ႏွံမည့္ အျပည္ျပည္ဆိုင္ရာငါးေလလံေဈးႀကီးတစ္ခုႏွင့္ စက္မႈဇုန္စီမံကိန္းတစ္ခု ေဖာ္ေဆာင္ရန္ တနသၤာရီတိုင္းေဒသႀကီးအစိုးရအဖြဲ႕သို႔ တင္ျပထားေၾကာင္း သိရသည္။

ၿမိတ္ၿမိဳ႕ ကြၽဲကူးေက်း႐ြာအုပ္စုအတြင္း အေကာင္ထည္ေဖာ္ ေဆာင္႐ြက္မည့္ အဆိုပါစီမံကိန္းကိုၿမိတ္အမ်ားပိုင္ေကာ္ပိုေရးရွင္းက ရင္းႏွီးျမႇဳပ္ႏွံမည္ျဖစ္ၿပီး စီမံကိန္းေျမေနရာကို ဧက ၂၀၀၀ေက်ာ္ လ်ာထားေၾကာင္း သိရသည္။ ဒီဇင္ဘာ၇ ရက္က ထားဝယ္ၿမိဳ႕ရွိ တနသၤာရီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံ လုပ္ငန္းႏွင့္ ပတ္သက္ၿပီး ၿမိတ္အမ်ားပိုင္မွ တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပခဲ့သည္။

“ငါးေလလံေဈးနဲ႔ ပတ္သက္ၿပီး သူတို႔ လုပ္ခ်င္တဲ့လုပ္ငန္း Proposal ေတြကို လာေရာက္ၿပီး အစိုးရအဖြဲ႕ထံမွာ လာေရာက္ ရွင္းျပတာပါ။ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏနဲ႔ လုပ္မယ့္လုပ္ငန္းကို ကြၽန္ေတာ္တို႔ျပည္ေထာင္စုအဆင့္ကို တင္ျပရမယ္။ ငါးေလလံေဈးအေဟာင္းနဲ႔ အသစ္ရယ္ဆိုၿပီးေတာ့ မဟုတ္ဘူး

ၿမိတ္အမ်ားပိုင္က သူတို႔လုပ္ခ်င္တဲ့အပိုင္းကိုလာေရာက္ တင္ျပတာပါ။ ေရွ႕ဆက္လုပ္ရမယ့္အပိုင္းေတြကေတာ့ အမ်ားႀကီး ရွိပါေသးတယ္”ဟု တနသၤာရီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ဦးျမင့္ေမာင္က ေျပာၾကားသည္။

ငါးေလလံေဈးႏွင့္ စက္မႈဇုန္မွာ တစ္ဆက္တည္းျဖစ္ၿပီး အဆိုပါစီမံကိန္းကို ျပည္ေထာင္စုအဆင့္မွခြင့္ျပဳခ်က္ရပါက အျမန္ဆုံး အေကာင္ထည္ေဖာ္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။“ငါးေဈးနဲ႔ စက္မႈဇုန္က တစ္ဆက္တည္း ဧကႏွစ္ေထာင္ေလာက္ လိုပါတယ္။ ကုန္ၾကမ္းကေနကုန္ေခ်ာထုတ္ႏိုင္တဲ့ အဆင့္အထိေပါ့။တိုင္းေဒသႀကီးအစိုးရနဲ႔ ဗဟိုက ခြင့္ျပဳလို႔ရွိရင္ဆက္လက္ လုပ္ေဆာင္သြားမွာပါ။

ရင္းႏွီးျမႇဳပ္ႏွံမႈကေဒၚလာသန္း ၃၀၀ ေလာက္ ရွိပါ့မယ္။အလုပ္အကိုင္ အခြင့္အလမ္းေတြ အမ်ားႀကီးရလာပါလိမ့္မယ္။ လုပ္ငန္းရွင္ငယ္ေတြအမ်ားႀကီးေပၚလာပါလိမ့္မယ္။ေမာေတာင္လမ္းကို အေျချပဳၿပီး လုပ္ေဆာင္ေပမဲ့ေဈးကြက္တြက္ ေခ်ကိုက္ရင္ ရန္ကုန္ကိုလည္းပို႔ႏိုင္ပါတယ္”ဟု ၿမိတ္အမ်ားပိုင္ ေကာ္ပိုေရးရွင္းဥကၠ႒ ဦးလွသန္းက ေျပာၾကားသည္။

အဆိုပါစီမံကိန္းကို ျပည္ေထာင္စုအဆင့္ကလည္းခြင့္ျပဳႏိုင္ဖြယ္ရွိေနၿပီး ခြင့္ျပဳခ်က္ရပါက အျမန္ဆုံးအေကာင္ထည္ေဖာ္ရန္ စီစဥ္ေနၿပီျဖစ္ေၾကာင္းၿမိတ္အမ်ားပိုင္မွ တာဝန္ရွိသူတစ္ဦးကေျပာၾကားသည္။

တနသၤာရီတိုင္းေဒသႀကီးအတြင္းမွ ထြက္ရွိသည့္ေရထြက္ကုန္မ်ားကို ထိုင္းႏိုင္ငံေဈးကြက္သို႔အဓိက တင္ပို႔ေနရၿပီး ငါးေဈးကြက္မွာလည္းထိုင္းႏိုင္ငံသို႔ ေရာက္ရွိေနေၾကာင္း သိရသည္။ၿမိတ္ၿမိဳ႕ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာငါးေလလံေဈးႀကီးမွာ ေဒၚလာသန္း ၇၀ ရင္းႏွီးျမႇဳပ္ႏွံခြင့္ ရထားေသာ္လည္း အစိုးရက ရင္းႏွီးျမဳပ္ႏွံေငြလႊဲျခင္းကို ယခုအထိ ခြင့္ျပဳေပးျခင္းမရွိသည့္အတြက္ လုပ္ငန္းၾကန႔္ၾကာမႈျဖစ္ေပၚေနေၾကာင္း သိရသည္။

source : ELEVEN-NEWS

Leave a Reply

Your email address will not be published. Required fields are marked *