သန္လ်င္ၿမိဳ႕နယ္ႏွင့္ သာေကတၿမိဳ႕နယ္တို႔ကိုဆက္သြယ္တည္ေဆာက္ေနေသာ သန္လ်င္တံတားအမွတ္(၃) သာေကတ ဘက္ျခမ္း စီမံကိန္း ၈၃ ရာခိုင္ႏႈန္းေက်ာ္ခန႔္ၿပီးစီး

ရန္ကုန္တိုင္း ေဒသႀကီးအတြင္းပဲခူးျမစ္အားျဖတ္သန္း၍ သန္လ်င္ၿမိဳ႕နယ္ႏွင့္ သာေကတၿမိဳ႕နယ္တို႔ကိုဆက္သြယ္တည္ေဆာက္ေနေသာ ပဲခူးျမစ္ကူးတံတားသန္လ်င္တံတားအမွတ္(၃)တည္ေဆာက္ေရးတြင္ သာေကတဘက္ျခမ္းစီမံကိန္းမွာ ၈၃ ရာခိုင္ႏႈန္းေက်ာ္ခန႔္ၿပီးစီးေနၿပီျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ တံတားဦးစီးဌာနမွသိရသည္။

က်န္ရွိေသာ စီမံကိန္းအပိုင္းမ်ားရွိလုပ္ငန္းမ်ားကိုလည္း ဆက္လက္ေဆာင္႐ြက္ေနၿပီး တံတားႀကီးတည္ေဆာက္ၿပီးစီးပါက သန္လ်င္၊ ေက်ာက္တန္းေဒသရွိ သီလဝါအထူးစီးပြားေရးဇုန္၏ ကုန္စည္ စီးဆင္းမႈျမန္ဆန္ေစေရးအတြက္အေထာက္အကူျပဳႏိုင္မည္ျဖစ္ေၾကာင္းသန္လ်င္တံတားအမွတ္(၃) တည္ေဆာက္ေရးစီမံကိန္း႐ုံးမွ အင္ဂ်င္နီယာခ်ဳပ္ဦးထြန္းလင္းကေျပာသည္။

လက္ရွိအခ်ိန္တြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား ၈၃ ရာခိုင္ႏႈန္း အထိၿပီးစီးေနၿပီျဖစ္ေသာ သာေကတဘက္ျခမ္းစီမံကိန္းအပိုင္းသည္ ကုန္းေပၚတြင္ တည္ရွိေနသည့္အပိုင္းျဖစ္ရာ တည္ေဆာက္ရလြယ္ကူသည့္အတြက္ ကိုဗစ္ကာလအတြင္းလုပ္ငန္းမ်ား ေခတၱရပ္ဆိုင္းထားခဲ့ရေသာ္လည္း လ်ာထားခ်က္ထက္လုပ္ငန္းမ်ား ပိုမိုၿပီးစီးေနၿပီျဖစ္ေၾကာင္းလည္း ဦးထြန္းလင္းက ဆိုသည္။

”ေရထဲမွာ လုပ္ရတဲ့ က်န္တဲ့အပိုင္းေတြက နည္းပညာအရခက္ခဲမႈေတြရွိတယ္၊ ကိုဗစ္ေၾကာင့္ ဂ်ပန္က ပညာရွင္ေတြ မေရာက္ႏိုင္ေသးေတာ့ လုပ္ငန္းၿပီးစီးမႈ နည္းေနေသးတယ္၊ ကိုဗစ္အေျခအေနေကာင္းရင္ေတာ့ လ်ာထားခ်က္အတိုင္းလုပ္ငန္းေတြ ျပန္ေဆာင္႐ြက္ႏိုင္မွာပါ”ဟု ဦးထြန္းလင္းကေျပာသည္။

သီလဝါ အထူးစီးပြားေရးဇုန္၏ကုန္စည္စီးဆင္းမႈ အဝင္အထြက္မ်ားသည္ လာမည့္ႏွစ္မ်ားတြင္ ပိုမိုမ်ားျပားျမန္ဆန္လာမည္ျဖစ္ရာ ကုန္စည္စီးဆင္းမႈ ေခ်ာေမြ႕ေစေရးအတြက္ ယာဥ္ႀကီးမ်ား ျဖတ္သန္းသြားလာႏိုင္ရန္ တည္ေဆာက္ရျခင္းျဖစ္ေၾကာင္းလည္း၎ကဆိုသည္။

”တံတားသစ္ တည္ေဆာက္ရာလမ္းေၾကာင္းက သီလဝါအထူးစီးပြားေရးဇုန္အတြက္ အေထာက္အကူျပဳ႐ုံမကဘဲ ဒီလမ္းေၾကာင္းက ၿမိဳ႕ျပဧရိယာနဲ႔အတိုဆုံးခ်ိတ္ဆက္ႏိုင္တဲ့ လမ္းေၾကာင္းတစ္ခုလည္းျဖစ္ပါတယ္”ဟု ဦးထြန္းလင္းက ဆိုသည္။တံတားအသစ္အား လက္ရွိအသုံးျပဳေနဆဲျဖစ္သည့္ ပင္မတံတား၏ ၁၂၅ မီတာအကြာတြင္ တည္ေဆာက္ေနျခင္းျဖစ္သည္။

စီမံကိန္းကိုေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ တံတားဦးစီးဌာနႏွင့္ ဂ်ပန္ႏိုင္ငံ JICA ၏ ေခ်းေငြျဖင့္ဂ်ပန္ယန္း ၃၁ ဘီလီယံအကုန္အက်ခံတည္ေဆာက္ေနျခင္းျဖစ္သည္။ တံတားတည္ေဆာက္ေရးလုပ္ငန္းမ်ားကို အပိုင္းသုံးပိုင္းခြဲကာ တည္ေဆာက္ေနျခင္းျဖစ္ၿပီးပင္မတံတားႏွင့္ ခ်ဥ္းကပ္လမ္းအပါအဝင္စုစုေပါင္းမီတာ ၃၅ဝဝ ရွည္လ်ားသည္။ေလးလမ္းသြားတံတားျဖစ္ကာ ကားတစ္စီးခ်င္း ၇၅ တန္ရွိကားမ်ား ျဖတ္သန္းသြားႏိုင္သည္။

MyanmarTimes

Unicode

ရန်ကုန်တိုင်း ဒေသကြီးအတွင်းပဲခူးမြစ်အားဖြတ်သန်း၍ သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်တို့ကိုဆက်သွယ်တည်ဆောက်နေသော ပဲခူးမြစ်ကူးတံတားသန်လျင်တံတားအမှတ်(၃)တည်ဆောက်ရေးတွင် သာကေတဘက်ခြမ်းစီမံကိန်းမှာ ၈၃ ရာခိုင်နှုန်းကျော်ခန့်ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှသိရသည်။

ကျန်ရှိသော စီမံကိန်းအပိုင်းများရှိလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်နေပြီး တံတားကြီးတည်ဆောက်ပြီးစီးပါက သန်လျင်၊ ကျောက်တန်းဒေသရှိ သီလဝါအထူးစီးပွားရေးဇုန်၏ ကုန်စည် စီးဆင်းမှုမြန်ဆန်စေရေးအတွက်အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းသန်လျင်တံတားအမှတ်(၃) တည်ဆောက်ရေးစီမံကိန်းရုံးမှ အင်ဂျင်နီယာချုပ်ဦးထွန်းလင်းကပြောသည်။

လက်ရှိအချိန်တွင် တည်ဆောက်ရေးလုပ်ငန်းများ ၈၃ ရာခိုင်နှုန်း အထိပြီးစီးနေပြီဖြစ်သော သာကေတဘက်ခြမ်းစီမံကိန်းအပိုင်းသည် ကုန်းပေါ်တွင် တည်ရှိနေသည့်အပိုင်းဖြစ်ရာ တည်ဆောက်ရလွယ်ကူသည့်အတွက် ကိုဗစ်ကာလအတွင်းလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားခဲ့ရသော်လည်း လျာထားချက်ထက်လုပ်ငန်းများ ပိုမိုပြီးစီးနေပြီဖြစ်ကြောင်းလည်း ဦးထွန်းလင်းက ဆိုသည်။

”ရေထဲမှာ လုပ်ရတဲ့ ကျန်တဲ့အပိုင်းတွေက နည်းပညာအရခက်ခဲမှုတွေရှိတယ်၊ ကိုဗစ်ကြောင့် ဂျပန်က ပညာရှင်တွေ မရောက်နိုင်သေးတော့ လုပ်ငန်းပြီးစီးမှု နည်းနေသေးတယ်၊ ကိုဗစ်အခြေအနေကောင်းရင်တော့ လျာထားချက်အတိုင်းလုပ်ငန်းတွေ ပြန်ဆောင်ရွက်နိုင်မှာပါ”ဟု ဦးထွန်းလင်းကပြောသည်။

သီလဝါ အထူးစီးပွားရေးဇုန်၏ကုန်စည်စီးဆင်းမှု အဝင်အထွက်များသည် လာမည့်နှစ်များတွင် ပိုမိုများပြားမြန်ဆန်လာမည်ဖြစ်ရာ ကုန်စည်စီးဆင်းမှု ချောမွေ့စေရေးအတွက် ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ရန် တည်ဆောက်ရခြင်းဖြစ်ကြောင်းလည်း၎င်းကဆိုသည်။

”တံတားသစ် တည်ဆောက်ရာလမ်းကြောင်းက သီလဝါအထူးစီးပွားရေးဇုန်အတွက် အထောက်အကူပြုရုံမကဘဲ ဒီလမ်းကြောင်းက မြို့ပြဧရိယာနဲ့အတိုဆုံးချိတ်ဆက်နိုင်တဲ့ လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်”ဟု ဦးထွန်းလင်းက ဆိုသည်။တံတားအသစ်အား လက်ရှိအသုံးပြုနေဆဲဖြစ်သည့် ပင်မတံတား၏ ၁၂၅ မီတာအကွာတွင် တည်ဆောက်နေခြင်းဖြစ်သည်။

စီမံကိန်းကိုဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနနှင့် ဂျပန်နိုင်ငံ JICA ၏ ချေးငွေဖြင့်ဂျပန်ယန်း ၃၁ ဘီလီယံအကုန်အကျခံတည်ဆောက်နေခြင်းဖြစ်သည်။ တံတားတည်ဆောက်ရေးလုပ်ငန်းများကို အပိုင်းသုံးပိုင်းခွဲကာ တည်ဆောက်နေခြင်းဖြစ်ပြီးပင်မတံတားနှင့် ချဉ်းကပ်လမ်းအပါအဝင်စုစုပေါင်းမီတာ ၃၅ဝဝ ရှည်လျားသည်။လေးလမ်းသွားတံတားဖြစ်ကာ ကားတစ်စီးချင်း ၇၅ တန်ရှိကားများ ဖြတ်သန်းသွားနိုင်သည်။

MyanmarTimes

Leave a Reply

Your email address will not be published. Required fields are marked *