ဆိုရွယ္မီဒီယာ ကုမၸဏီမ်ားသည္ ဇန္နဝါရီ ၆ က အေမရိကန္ ပါလီမန္ အေဆာက္အဦကို ၀င္ေ ရာက္စီးနင္းခဲ့ေသာ အဓိက႐ုဏ္း ဖန္တီးသူမ်ားအား ဖမ္းဆီးႏိုင္ရန္ အခ်က္အလက္မ်ားကို လႊဲေျပာင္းျခင္းျဖင့္ ဥပေဒစိုးမိုးေရး ေအဂ်င္စီမ်ားႏွင့္ ပူးေပါင္း လုပ္ေဆာင္ေနသည္ဟု သိရသည္။
ယခု လူမႈကြန္ရက္ ပလက္ေဖာင္းမ်ား၏ ေထာက္ပံ့မႈသည္ ေႏြရာသီက ေဂ်ာ့ခ်္ဖလိုဒ္ ဆႏၵျပမႈမ်ား အတြင္း ႀကဳံေတြ႕ခဲ့ရသည့္ စုံစမ္းစစ္ေဆးေရး နည္းလမ္းႏွင့္ ဆင္တူေနသည္။ဟတ္တန္ပို႔စ္ သတင္းစာ၏ အဆိုအရ ပါလီမန္ အေဆာက္အဦ အဓိက႐ုဏ္းမ်ား အေပၚ စြဲခ်က္တင္မႈမ်ား ပိုမို မ်ားျပားလာသည္ႏွင့္ အမွ် နည္းပညာ ကုမၸဏီမ်ားသည္ သတင္း အခ်က္အလက္မ်ားကို စုစည္း လႊဲေျပာင္းေပးရန္ ဆႏၵရွိ ေၾကာင္းျပသခဲ့သည္။
ထရမ့္ပ္ကို ေထာက္ခံသူမ်ားထဲတြင္ ပါဝင္ခဲ့ၿပီး ယခု တရားစြဲ Jesus Riverက ေဖ့စ္ဘြတ္ခ္က FBI သို႔ သတင္းအခ်က္အလက္မ်ား ေပးပို႔ေနခဲ့သည္ဟု သံသယရွိထားသည္။ Rivera သည္ အဓိက႐ုဏ္းမ်ားအၾကား သူကိုယ္တိုင္ ငါးမိနစ္ၾကာ ဗီဒီယိုမွတ္တမ္းတင္ ခဲ့ေသာ္လည္း ေဖ့စ္ဘြတ္က သူ႔ဖိုင္ကို ဖ်က္ခဲ့သည္။ ထိုေနာက္ ေဖ့စ္ဘုတ္က သူ႔အေကာင့္ကို ပိတ္ထားျခင္း သို႔မဟုတ္ ဖ်က္သိမ္းျခင္း ရွိခဲ့ေသာ္လည္း ဖက္ဒရယ္ရွာေဖြမႈ အရ FBI သို႔ ေပးအပ္ေသာ ေဖ့စ္ဘုတ္ အၫႊန္းစာမ်က္ႏွာသည္ Rivera တင္ခဲ့ေသာ ဖိုင္ႏွင့္ ကိုက္ညီသည္” ဟု Rivera ၏အမႈတြင္ တာဝန္ေပးအပ္ထားေသာ FBI အထူး ကိုယ္စားလွယ္ က ဆိုသည္။
အသက္ ၄၀ ရွိၿပီျဖစ္ေသာ ခရစ္စတိုဖာ စပန္ဆာ သည္လည္း အဓိက႐ုဏ္းကို ပါလီမန္ အေဆာက္အဦ အတြင္းမွေန၍ Facebook တြင္ တိုက္႐ိုက္ လႊင့္ထုတ္ခဲ့သည္။ ထိုဗီဒီယို မ်ားကို ေဖ့စ္ဘြတ္ခ္မွ အက္ဘီအိုင္သို႔ ေပးပို႔သည္။စပန္ဆာကို တရားစြဲဆိုမႈသည္ သတင္းေပး သူတစ္ဦး၏ ထုတ္ျပန္ခ်က္မ်ားကို ကိုးကားထား သည္ဟု ဆိုေသာ္လည္း Facebook မွ ေပးေသာ သတင္းအခ်က္ အလက္ရရွိၿပီးေနာက္မွ ဥပေဒစိုးမိုးေရး အရာရွိမ်ား သတင္းေပးသူကို စကားေျပာခဲ့သည္ဟု ဆိုသည္။
ဤျဖစ္ရပ္ ႏွစ္ခုက ေဖ့စ္ဘြတ္ခ္၊ ဂူဂဲလ္ႏွင့္ အျခားနည္းပညာႏွင့္ ဆက္သြယ္ေရး ကုမၸဏီမ်ားသည္ သူတို႔၏ ပိုင္ဆိုင္မႈ သတင္းအခ်က္ အလက္ကို အက္ဖ္ဘီအိုင္သို႔ ေပးေနသည္မွာ ေသခ်ာေနသည္။ အေမရိကန္ပါလီမန္ အေဆာက္အဦ အတြင္း အဓိက႐ုဏ္း ျဖစ္ပြားစဥ္က သုံးခဲ့ေသာ စမတ္ဖုန္း အက္ပလီေကးရွင္းမ်ား၏ အခ်က္အလက္ တည္ေနရာ မွတ္သာခ်က္မ်ားသည္ လည္း အာဏာပိုင္မ်ားအတြက္ စြဲခ်က္တင္ရန္ လိုအပ္ေသာ သက္ေသ အေထာက္ အထားမ်ား ျဖစ္လာခဲ့သည္။
ေက်ာ္မြန္ဦး
CRD – ChannelKeyMyanmar
Unicode
ဆိုရှယ်မီဒီယာ ကုမ္ပဏီများသည် ဇန်နဝါရီ ၆ က အမေရိကန် ပါလီမန် အဆောက်အဦကို ဝင်ရောက်စီးနင်းခဲ့သော အဓိကရုဏ်း ဖန်တီးသူများအား ဖမ်းဆီးနိုင်ရန် အချက်အလက်များကို လွှဲပြောင်းခြင်းဖြင့် ဥပဒေစိုးမိုးရေး အေဂျင်စီများနှင့် ပူးပေါင်း လုပ်ဆောင်နေသည်ဟု သိရသည်။
ယခု လူမှုကွန်ရက် ပလက်ဖောင်းများ၏ ထောက်ပံ့မှုသည် နွေရာသီက ဂျော့ချ်ဖလိုဒ် ဆန္ဒပြမှုများ အတွင်း ကြုံတွေ့ခဲ့ရသည့် စုံစမ်းစစ်ဆေးရေး နည်းလမ်းနှင့် ဆင်တူနေသည်။ဟတ်တန်ပို့စ် သတင်းစာ၏ အဆိုအရ ပါလီမန် အဆောက်အဦ အဓိကရုဏ်းများ အပေါ် စွဲချက်တင်မှုများ ပိုမို များပြားလာသည်နှင့် အမျှ နည်းပညာ ကုမ္ပဏီများသည် သတင်း အချက်အလက်များကို စုစည်း လွှဲပြောင်းပေးရန် ဆန္ဒရှိ ကြောင်းပြသခဲ့သည်။
ထရမ့်ပ်ကို ထောက်ခံသူများထဲတွင် ပါဝင်ခဲ့ပြီး ယခု တရားစွဲ Jesus Riverက ဖေ့စ်ဘွတ်ခ်က FBI သို့ သတင်းအချက်အလက်များ ပေးပို့နေခဲ့သည်ဟု သံသယရှိထားသည်။ Rivera သည် အဓိကရုဏ်းများအကြား သူကိုယ်တိုင် ငါးမိနစ်ကြာ ဗီဒီယိုမှတ်တမ်းတင် ခဲ့သော်လည်း ဖေ့စ်ဘွတ်က သူ့ဖိုင်ကို ဖျက်ခဲ့သည်။ ထိုနောက် ဖေ့စ်ဘုတ်က သူ့အကောင့်ကို ပိတ်ထားခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း ရှိခဲ့သော်လည်း ဖက်ဒရယ်ရှာဖွေမှု အရ FBI သို့ ပေးအပ်သော ဖေ့စ်ဘုတ် အညွှန်းစာမျက်နှာသည် Rivera တင်ခဲ့သော ဖိုင်နှင့် ကိုက်ညီသည်” ဟု Rivera ၏အမှုတွင် တာဝန်ပေးအပ်ထားသော FBI အထူး ကိုယ်စားလှယ် က ဆိုသည်။
အသက် ၄၀ ရှိပြီဖြစ်သော ခရစ်စတိုဖာ စပန်ဆာ သည်လည်း အဓိကရုဏ်းကို ပါလီမန် အဆောက်အဦ အတွင်းမှနေ၍ Facebook တွင် တိုက်ရိုက် လွှင့်ထုတ်ခဲ့သည်။ ထိုဗီဒီယို များကို ဖေ့စ်ဘွတ်ခ်မှ အက်ဘီအိုင်သို့ ပေးပို့သည်။စပန်ဆာကို တရားစွဲဆိုမှုသည် သတင်းပေး သူတစ်ဦး၏ ထုတ်ပြန်ချက်များကို ကိုးကားထား သည်ဟု ဆိုသော်လည်း Facebook မှ ပေးသော သတင်းအချက် အလက်ရရှိပြီးနောက်မှ ဥပဒေစိုးမိုးရေး အရာရှိများ သတင်းပေးသူကို စကားပြောခဲ့သည်ဟု ဆိုသည်။
ဤဖြစ်ရပ် နှစ်ခုက ဖေ့စ်ဘွတ်ခ်၊ ဂူဂဲလ်နှင့် အခြားနည်းပညာနှင့် ဆက်သွယ်ရေး ကုမ္ပဏီများသည် သူတို့၏ ပိုင်ဆိုင်မှု သတင်းအချက် အလက်ကို အက်ဖ်ဘီအိုင်သို့ ပေးနေသည်မှာ သေချာနေသည်။
အမေရိကန်ပါလီမန် အဆောက်အဦ အတွင်း အဓိကရုဏ်း ဖြစ်ပွားစဉ်က သုံးခဲ့သော စမတ်ဖုန်း အက်ပလီကေးရှင်းများ၏ အချက်အလက် တည်နေရာ မှတ်သာချက်များသည် လည်း အာဏာပိုင်များအတွက် စွဲချက်တင်ရန် လိုအပ်သော သက်သေ အထောက် အထားများ ဖြစ်လာခဲ့သည်။
ကျော်မွန်ဦး
CRD – ChannelKeyMyanmar