မိုက္ခ႐ိုေဝ့ဖ္ မီးဖိုေတြဟာ ကင္ဆာျဖစ္ေစတယ္ဆိုတာ ဟုတ္သလား

ဒီမေးခွန်းလေးကိုမဖြေခင် မိုက်ခရိုဝေ့ဖ်မီးဖိုတွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ အရင်ဆုံးလေ့လာကြည့်ကြရအောင်ခင်ဗျ။

Microwave ဆိုတဲ့အမည်အတိုင်းပါပဲ။ သူအလုပ်လုပ်တဲ့ပုံစံက Electromagnetic Wave လို့ခေါ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကိုထုတ်လွှတ်ပြီး အစားအသောက်တွေထဲမှာရှိတဲ့ ရေမော်လီကျူးလေးတွေကို လှုပ်ခါစေတာပါ။ အဲ့ဒီလှုပ်ရှားသွားတဲ့မော်လီကျူးလေးတွေဟာ အချင်းချင်းပွတ်တိုက်ရာကနေ အပူထွက်လာပါတယ်။

မျက်စိထဲမြင်အာင်ပြောရရင် ကျနော်တို့လက်ဖဝါးနှစ်ဘက်ကို ကြာကြာပွတ်တိုက်လိုက်ရင်ပူလာသလိုမျိုးပါ။ အဲ့ဒီလိုနည်းနဲ့အပူထွက်လာတာကြောင့် စားစရာတွေကို အချိန်အကြာကြီးစောင့်စရာမလိုဘဲ အမြန်အပူဓာတ်ရစေတာပါ။

တကယ်တော့ အဲ့ဒီလျှပ်စစ်သံလိုက်လှိုင်းဆိုတာကလည်း အထွေအထူးတော့မဟုတ်ပါဘူး။ ကျနော်တို့နေ့စဉ်သုံးနေတဲ့လက်ကိုင်ဖုန်းတွေ ကြိုးမပါဘဲဆက်သွယ်နိုင်တာ အဲ့ဒီလျှပ်စစ်သံလိုက်လှိုင်းတွေကြောင့်ပါ။ ဖုန်းမှာသုံးတဲ့လှိုင်းနဲ့ မိုက်ခရိုဝေ့ဖ်မီးဖိုမှာသုံးတဲ့လှိုင်းက နည်းနည်းလေးတော့ကွာပေမယ့် အခြေခံသဘောတရားကတော့ အတူတူပါပဲ။

ကင်ဆာရောဂါကိုဖြစ်စေတယ်ဆိုတဲ့ဓာတ်ရောင်ခြည်တွေက ဓာတ်မှန်ရိုက်ရင်သုံးတဲ့ X Rays တို့၊ Gamma Rays တို့လို ဓာတ်ရောင်ခြည်တွေကိုခေါ်တာပါ။ အဲ့ဒီဓာတ်ရောင်ခြည်တွေကမှ Radiation လို့ခေါ်တဲ့ အန္တရာယ်ရှိတဲ့ဓာတ်ရောင်ခြည်သင့်တာကိုဖြစ်စေတာပါ။ အဲ့ဒါကြောင့် ဓာတ်ရောင်ခြည်နဲ့ လျှပ်စစ်သံလိုက်လှိုင်းက သဘောသဘာဝချင်းမတူပါဘူး။ အဲ့ဒါကြောင့် မိုက်ခရိုဝေ့ဖ်မီးဖိုတွေဟာ လူကိုအန္တရာယ်ဖြစ်တယ်တို့၊ ကင်ဆာရောဂါဖြစ်စေတယ်တို့ဆိုတာတွေဟာ တကယ်တော့မဟုတ်ပါဘူး။

ဒါဆိုရင် မိုက်ခရိုဝေ့ဖ်မီးဖိုရဲ့ မကောင်းတဲ့အချက်တွေက ဘာတွေဖြစ်မလဲ။မိုက်ခရိုဝေ့ဖ်မီးဖိုသုံးရင် အဖြစ်များတတ်တဲ့ပြဿနာကတော့ အပူလောင်တာပါပဲ။ အစားအစာတွေကို မိုက်ခရိုဝေ့ဖ်နဲ့ အပူပေးလိုက်တဲ့အခါ အပေါ်ယံပုံစံမပျက် ရှိနေတတ်တဲ့အတွက်ကြောင့် ရုတ်တရတ်ဆို အတွင်းပိုင်းအပူကိုမေ့နေတတ်ကြပါတယ်။ ပုံမှန်ချက်ပြုတ်ထားသလိုမျိုး အငွေ့ထောင်းထောင်းထမနေပေမယ့် အတွင်းမှာတော့တအားပူနေတတ်ပါတယ်။ အဲ့ဒါကိုသတိမထားမိဘဲစားမိတဲ့အခါမျိုးမှာ ခံတွင်းကိုအပူလောင်စေတတ်ပါတယ်။

နောက်တချက်ကတော့ မိုက်ခရိုဝေ့ဖ်မီးဖိုမှာသုံးတဲ့ သုံးတဲ့ပန်းကန်ခွက်ယောက်တွေပါ။ အလင်းပြန်များတဲ့ စတီးတို့၊ ပြောင်ပြောင်လက်လက်သတ္တုတို့ဆို အဆင်မပြေပါဘူး။ လျှပ်စစ်သံလိုက်လှိုင်းတွေက အလင်းပြန်သလို ပြန်ထွက်လာနိုင်တာကြောင့် သုံးလို့မရပါဘူး။

မယ်လမင်းပစ္စည်းတွေထဲမှာတော့ ကွာလတီမြင့်တဲ့တချို့အမှတ်တံဆိပ်တွေက မိုက်ခရိုဝေ့ဖ်သုံးလို့ရပါတယ်လို့ ရေးထားကြပါတယ်။ ဒါပေမယ့် တချို့ကွာလတီနိမ့်တဲ့မယ်လမင်းပစ္စည်းတွေဟာ အပူချိန်များလွန်းရင်မခံနိုင်ဘဲ အပေါ်ယံလွှာတွေလောင်သွားတာ၊ ကွဲအက်သွားတာတွေဖြစ်တတ်လို့ မယ်လမင်းဆို မိုက်ခရိုဝေ့ဖ်နဲ့ မသုံးတာပိုအန္တရာယ်ကင်းပါတယ်။

ပြီးတော့ တခါသုံးပစ္စည်းတွေအပါအဝင်၊ ပလပ်စတစ်ပစ္စည်းတွေ၊ ဖော့ဗူးတွေဟာလည်း မိုက်ခရိုဝေ့ဖ်နဲ့သုံးဖို့မသင့်ပါဘူး။ ပလပ်စတစ်ပစ္စည်းတွေဟာ အပူနဲ့ထိတွေ့တဲ့အခါ BPA (Bisphanol A) လို့ခေါ်တဲ့ဓာတ်ပစ္စည်းတစ်မျိုးနဲ့ လူကိုအန္တရာယ်ဖြစ်စေတဲ့ တခြားဓာတုပစ္စည်းတွေထွက်လာတတ်ပါတယ်။ တချို့ပလပ်စတစ်ပစ္စည်းတွေမှာတော့ BPA Free လို့ရေးထားပါတယ်။ ဒါပေမယ့် သူလည်းမယ်လမင်းလိုပါပဲ။ မသုံးတာကပိုကောင်းပါတယ်။

ကြွေထည်ပစ္စည်းတွေကတော့ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့သုံးဖို့ အဆင်အပြေဆုံးပါ။ အပူဒဏ်ခံနိုင်တာရယ်၊ ဓာတုပစ္စည်းတွေမထွက်နိုင်တာရယ်၊ ကိုင်ရပြုရတာအဆင်ပြေတာရယ်တွေကြောင့် ကြွေထည်ပစ္စည်းတွေကတော့ အကောင်းဆုံးပါပဲ။

တကယ်တော့မိုက်ခရိုဝေ့ဖ်မီးဖိုတွေက ခုမှပါ်လာတာတော့မဟုတ်ပါဘူး။ ၁၉၄၆ ခုနှစ်ကတည်းက စပြီးထုတ်လုပ်သုံးစွဲခဲ့ကြတာပါ။ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ သုံးလို့အဆင်ပြေအောင်၊ အန္တရာယ်ကင်းအောင် တဖြည်းဖြည်းအဆင့်မြှင့်လာခဲ့တာပါ။ တကယ်သာ ကင်ဆာဖြစ်စေတယ်၊ ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်ဆို ကမ္ဘာမှာ ဘယ်သူမှသုံးကြတော့မှာ မဟုတ်ပါဘူး။

source : Dr. Okka Kyi Winn

zawgyi

ဒီေမးခြန္းေလးကိုမေျဖခင္ မိုက္ခ႐ိုေဝ့ဖ္မီးဖိုေတြ ဘယ္လိုအလုပ္လုပ္သလဲဆိုတာ အရင္ဆုံးေလ့လာၾကည့္ၾကရေအာင္ခင္ဗ်။

Microwave ဆိုတဲ့အမည္အတိုင္းပါပဲ။ သူအလုပ္လုပ္တဲ့ပုံစံက Electromagnetic Wave လို႔ေခၚတဲ့ လွ်ပ္စစ္သံလိုက္လႈိင္းေတြကိုထုတ္လႊတ္ၿပီး အစားအေသာက္ေတြထဲမွာရွိတဲ့ ေရေမာ္လီက်ဴးေလးေတြကို လႈပ္ခါေစတာပါ။ အဲ့ဒီလႈပ္ရွားသြားတဲ့ေမာ္လီက်ဴးေလးေတြဟာ အခ်င္းခ်င္းပြတ္တိုက္ရာကေန အပူထြက္လာပါတယ္။

မ်က္စိထဲျမင္အာင္ေျပာရရင္ က်ေနာ္တို႔လက္ဖဝါးႏွစ္ဘက္ကို ၾကာၾကာပြတ္တိုက္လိုက္ရင္ပူလာသလိုမ်ိဳးပါ။ အဲ့ဒီလိုနည္းနဲ႔အပူထြက္လာတာေၾကာင့္ စားစရာေတြကို အခ်ိန္အၾကာႀကီးေစာင့္စရာမလိုဘဲ အျမန္အပူဓာတ္ရေစတာပါ။

တကယ္ေတာ့ အဲ့ဒီလွ်ပ္စစ္သံလိုက္လႈိင္းဆိုတာကလည္း အေထြအထူးေတာ့မဟုတ္ပါဘူး။ က်ေနာ္တို႔ေန႔စဥ္သုံးေနတဲ့လက္ကိုင္ဖုန္းေတြ ႀကိဳးမပါဘဲဆက္သြယ္ႏိုင္တာ အဲ့ဒီလွ်ပ္စစ္သံလိုက္လႈိင္းေတြေၾကာင့္ပါ။ ဖုန္းမွာသုံးတဲ့လႈိင္းနဲ႔ မိုက္ခ႐ိုေဝ့ဖ္မီးဖိုမွာသုံးတဲ့လႈိင္းက နည္းနည္းေလးေတာ့ကြာေပမယ့္ အေျခခံသေဘာတရားကေတာ့ အတူတူပါပဲ။

ကင္ဆာေရာဂါကိုျဖစ္ေစတယ္ဆိုတဲ့ဓာတ္ေရာင္ျခည္ေတြက ဓာတ္မွန္႐ိုက္ရင္သုံးတဲ့ X Rays တို႔၊ Gamma Rays တို႔လို ဓာတ္ေရာင္ျခည္ေတြကိုေခၚတာပါ။ အဲ့ဒီဓာတ္ေရာင္ျခည္ေတြကမွ Radiation လို႔ေခၚတဲ့ အႏၲရာယ္ရွိတဲ့ဓာတ္ေရာင္ျခည္သင့္တာကိုျဖစ္ေစတာပါ။ အဲ့ဒါေၾကာင့္ ဓာတ္ေရာင္ျခည္နဲ႔ လွ်ပ္စစ္သံလိုက္လႈိင္းက သေဘာသဘာဝခ်င္းမတူပါဘူး။ အဲ့ဒါေၾကာင့္ မိုက္ခ႐ိုေဝ့ဖ္မီးဖိုေတြဟာ လူကိုအႏၲရာယ္ျဖစ္တယ္တို႔၊ ကင္ဆာေရာဂါျဖစ္ေစတယ္တို႔ဆိုတာေတြဟာ တကယ္ေတာ့မဟုတ္ပါဘူး။

ဒါဆိုရင္ မိုက္ခ႐ိုေဝ့ဖ္မီးဖိုရဲ႕ မေကာင္းတဲ့အခ်က္ေတြက ဘာေတြျဖစ္မလဲ။မိုက္ခ႐ိုေဝ့ဖ္မီးဖိုသုံးရင္ အျဖစ္မ်ားတတ္တဲ့ျပႆနာကေတာ့ အပူေလာင္တာပါပဲ။ အစားအစာေတြကို မိုက္ခ႐ိုေဝ့ဖ္နဲ႔ အပူေပးလိုက္တဲ့အခါ အေပၚယံပုံစံမပ်က္ ရွိေနတတ္တဲ့အတြက္ေၾကာင့္ ႐ုတ္တရတ္ဆို အတြင္းပိုင္းအပူကိုေမ့ေနတတ္ၾကပါတယ္။ ပုံမွန္ခ်က္ျပဳတ္ထားသလိုမ်ိဳး အေငြ႕ေထာင္းေထာင္းထမေနေပမယ့္ အတြင္းမွာေတာ့တအားပူေနတတ္ပါတယ္။ အဲ့ဒါကိုသတိမထားမိဘဲစားမိတဲ့အခါမ်ိဳးမွာ ခံတြင္းကိုအပူေလာင္ေစတတ္ပါတယ္။

ေနာက္တခ်က္ကေတာ့ မိုက္ခ႐ိုေဝ့ဖ္မီးဖိုမွာသုံးတဲ့ သုံးတဲ့ပန္းကန္ခြက္ေယာက္ေတြပါ။ အလင္းျပန္မ်ားတဲ့ စတီးတို႔၊ ေျပာင္ေျပာင္လက္လက္သတၱဳတို႔ဆို အဆင္မေျပပါဘူး။ လွ်ပ္စစ္သံလိုက္လႈိင္းေတြက အလင္းျပန္သလို ျပန္ထြက္လာႏိုင္တာေၾကာင့္ သုံးလို႔မရပါဘူး။

မယ္လမင္းပစၥည္းေတြထဲမွာေတာ့ ကြာလတီျမင့္တဲ့တခ်ိဳ႕အမွတ္တံဆိပ္ေတြက မိုက္ခ႐ိုေဝ့ဖ္သုံးလို႔ရပါတယ္လို႔ ေရးထားၾကပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ကြာလတီနိမ့္တဲ့မယ္လမင္းပစၥည္းေတြဟာ အပူခ်ိန္မ်ားလြန္းရင္မခံႏိုင္ဘဲ အေပၚယံလႊာေတြေလာင္သြားတာ၊ ကြဲအက္သြားတာေတြျဖစ္တတ္လို႔ မယ္လမင္းဆို မိုက္ခ႐ိုေဝ့ဖ္နဲ႔ မသုံးတာပိုအႏၲရာယ္ကင္းပါတယ္။

ၿပီးေတာ့ တခါသုံးပစၥည္းေတြအပါအဝင္၊ ပလပ္စတစ္ပစၥည္းေတြ၊ ေဖာ့ဗူးေတြဟာလည္း မိုက္ခ႐ိုေဝ့ဖ္နဲ႔သုံးဖို႔မသင့္ပါဘူး။ ပလပ္စတစ္ပစၥည္းေတြဟာ အပူနဲ႔ထိေတြ႕တဲ့အခါ BPA (Bisphanol A) လို႔ေခၚတဲ့ဓာတ္ပစၥည္းတစ္မ်ိဳးနဲ႔ လူကိုအႏၲရာယ္ျဖစ္ေစတဲ့ တျခားဓာတုပစၥည္းေတြထြက္လာတတ္ပါတယ္။ တခ်ိဳ႕ပလပ္စတစ္ပစၥည္းေတြမွာေတာ့ BPA Free လို႔ေရးထားပါတယ္။ ဒါေပမယ့္ သူလည္းမယ္လမင္းလိုပါပဲ။ မသုံးတာကပိုေကာင္းပါတယ္။

ေႂကြထည္ပစၥည္းေတြကေတာ့ မိုက္ခ႐ိုေဝ့ဖ္မီးဖိုနဲ႔သုံးဖို႔ အဆင္အေျပဆုံးပါ။ အပူဒဏ္ခံႏိုင္တာရယ္၊ ဓာတုပစၥည္းေတြမထြက္ႏိုင္တာရယ္၊ ကိုင္ရျပဳရတာအဆင္ေျပတာရယ္ေတြေၾကာင့္ ေႂကြထည္ပစၥည္းေတြကေတာ့ အေကာင္းဆုံးပါပဲ။

တကယ္ေတာ့မိုက္ခ႐ိုေဝ့ဖ္မီးဖိုေတြက ခုမွပၚလာတာေတာ့မဟုတ္ပါဘူး။ ၁၉၄၆ ခုႏွစ္ကတည္းက စၿပီးထုတ္လုပ္သုံးစြဲခဲ့ၾကတာပါ။ နည္းပညာေတြတိုးတက္လာတာနဲ႔အမွ် သုံးလို႔အဆင္ေျပေအာင္၊ အႏၲရာယ္ကင္းေအာင္ တျဖည္းျဖည္းအဆင့္ျမႇင့္လာခဲ့တာပါ။ တကယ္သာ ကင္ဆာျဖစ္ေစတယ္၊ က်န္းမာေရးအတြက္ အႏၲရာယ္ရွိတယ္ဆို ကမာၻမွာ ဘယ္သူမွသုံးၾကေတာ့မွာ မဟုတ္ပါဘူး။

source : Dr. Okka Kyi Winn

Leave a Reply

Your email address will not be published. Required fields are marked *