“ဘဂ်ါလီ(မူရင်းအခေါ်’ရိုဟင်ဂျာ’)ပြဿနာကြောင့်နှစ်နိုင်ငံ တင်းမာမှုတွေ ရှိနေပေမယ့် နိုင်ငံ့လိုအပ်ချက်အရ မြန်မာဆီကနေ နောက်ထပ်လည်း ဝယ်သွားဖို့ရန် ရှိနိုင်ပါတယ်”လို့ ဘဂ်လားဒေ့ရှ် အာဏာပိုင်တွေကဒီကနေ့မှာ အတည်ပြု ပြောကြားခဲ့ပါသည်။
#KoNayNay
Unicode
ဘဂ်လားဒေ့ရှ်က မြန်မာနိင်ငံဆီကနေ ဆန်တန်ချိန် ၁သိန်းအထိ ဝယ်သွားမည်လို့အတည်ပြုပြောကြားလိုက်ပြီးဖြစ်သည်။
“ဘဂါ်လီ(မူရင်းအခေါ်’ရိုဟင်ဂျာ’)ပြဿနာကြောင့်နှစ်နိုင်ငံ တင်းမာမှုတွေ ရှိနေပေမယ့် နိုင်ငံ့လိုအပ်ချက်အရ မြန်မာဆီကနေ နောက်ထပ်လည်း ဝယ်သွားဖို့ရန် ရှိနိုင်ပါတယ်”လို့ ဘဂ်လားဒေ့ရှ် အာဏာပိုင်တွေကဒီကနေ့မှာ အတည်ပြု ပြောကြားခဲ့ပါသည်။
ဘဂ်လားဒေ့ရှ်ဟာ တနှစ်ကို ဆန်တန်ချိန် ၃၅သန်းအထိ ထုတ်လုပ်နိုင်ပြီးကမ္ဘာပေါ်၌ တတိယဆန်တန်ချိန် အများဆုံးထုတ်လုပ်နိင်သည့် နိုင်ငံဖြစ်ပေမယ့်နိုင်ငံ့လူဦးရေ ၁၆၅သန်းကျော်တို့အတွက် ယခုနှစ်ထဲ၌လုံလောက်အောင် ထုတ်လုပ်နိုင်ခြင်း မရှိသည့်အတွက်
မြန်မာ၊အိန္ဒိယအပါအဝင် အာရှနိုင်ငံများတို့ဆီကနေ ဆန်တွေ မှာယူတင်သွင်းမှုတွေ လုပ်နေရပါသည်။
ဘဂ် လားဒေ့ရှ်၌ ဆန်ဈေးမြင့်တက်နေမှုကြောင့်ပြည်သူ တွေ အခက်တွေ့နေရလို့ အစိုးရအာဏာပိုင်တွေက ဆန်ဈေးကို ကျဆင်းမှုရှိအောင် အစွမ်းကုန်ကြိုး ပမ်းလုပ်ဆောင်နေကြသည်။
#KoNayNay