ႏွစ္ပတ္ၾကာပိတ္မိေနတဲ့ တ႐ုတ္မိုင္းတြင္းၿပိဳက်မႈမွ အလုပ္သမား ၁၁ ဦးကို ကယ္ဆယ္ႏိုင္

တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္းရွိ ေ႐ႊမိုင္းတြင္းတစ္ခုမွာ ေျမေအာက္ေပါက္ကြဲမႈ ျဖစ္ပြားၿပီးေနာက္ ၁၄ ရက္ၾကာ ပိတ္မိေနတဲ့ မိုင္းလုပ္သားေတြထဲက ၁၁ ဦးကို တနဂၤေႏြေန႔က ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံပိုင္ CCTV သတင္းက ေဖာ္ျပခဲ့ပါတယ္။

ဇန္နဝါရီ ၁၀ ရက္ေန႔က ရွန္ေဒါင္းျပည္နယ္ ကြီရွားၿမိဳ႕ မိုင္းတြင္းမွာ ေပါက္ကြဲမႈ ျဖစ္ခဲ့ၿပီး အလုပ္သမား ၂၂ ဦး ေျမေအာက္ မီတာ ၆၀၀ ခန႔္မွာ ပိတ္မိေနခဲ့တာ ျဖစ္ပါတယ္။ေဖာ္ျပခဲ့တဲဗီဒီယိုဖိုင္ထဲမွာ နံနက္အေစာပိုင္းက ပထမဆုံး အလုပ္သမားတစ္ဦးကို ကယ္ထုတ္ႏိုင္ခဲ့ၿပီး အရမ္းအားနည္းေနတာေၾကာင့္ လူနာတင္ယာဥ္နဲ႔ ေဆး႐ုံကိုပို႔ေဆာင္ေပးထားေၾကာင္း သိရပါတယ္။

ေနာက္ထပ္ ၁၀ ဦးကိုေတာ့ ဥမင္လမ္းေၾကာင္းကေန ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့အပတ္က ၎တို႔ကို ကယ္ဆယ္ေရးအဖြဲ႕ေတြနဲ႔ ဆက္သြယ္မိၿပီး အစားအစာနဲ႔ ရိကၡာေတြေပးပို႔ခဲ့တာပါ။တစ္ဦးကေတာ့ ဒဏ္ရာရရွိထားၿပီး အခ်ိဳ႕က ကယ္ဆယ္ေရးအကူအညီေတြနဲ႔ လမ္းေလွ်ာက္ေနၾကတာကိုေတြ႕ရပါတယ္။

ေနာက္ဆုံး သိရတဲ့သတင္းအရ မိုင္းလုပ္သမားတစ္ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ၿပီးခဲ့တဲ့ၾကာသပေတးေန႔ကေနာက္ထပ္ အလုပ္သမား ၁၀ ဦးပါအဖြဲ႕နဲ႔ ဆက္သြယ္မိၿပီး ပိတ္ဆို႔ေနတဲ့အတားအဆီးေတြကို ဖယ္ရွားဖို႔ ႏွစ္ပတ္ၾကာျမင့္မယ္လို႔ ေျပာခဲ့ပါတယ္။

မိုင္းတြင္း ေျမေအာက္ေပါက္ကြဲမႈေၾကာင့္ ေျမေအာက္မွာ ပိတ္မိေနတဲ့အလုပ္သမားေတြကို ကယ္ဆယ္ေရးေတြ ကူညီဖို႔ အခက္အခဲေတြ ရင္ဆိုင္ေနရတာလည္း ျဖစ္ပါတယ္။ၿပီးခဲ့တဲ့အပတ္က မီတာ ၅၀၈ ခန႔္အကြာက မိုင္းအလုပ္သမား ၁၁ ဦးကို အဆက္အသြယ္ရရွိခဲ့ပါတယ္။ ၎တို႔ထဲ တစ္ဦးကေတာ့ ကနဦးေပါက္ကြဲမႈမွာ ေခါင္းမွာ အႀကီးအက်ယ္ဒဏ္ရာရရွိခဲ့ၿပီး ေသဆုံးသြားတယ္လို႔ အတည္ျပဳခဲ့ပါတယ္။

ကယ္ဆယ္ေရးအဖြဲ႕ဟာ ေက်ာက္သားကို လြန္နဲ႔ေဖာက္ထားတဲ့ လမ္းေၾကာင္းေတြကတဆင့္ ရိကၡာ၊ ေဆးဝါးနဲ႔ တျခားအေထာက္အပံ့ေတြ ေပးေနခဲ့တာပါ။ ရိကၡာေတြ ရရွိခဲ့တာေၾကာင့္က်န္းမာေရးေတြ ေကာင္းမြန္ေနတယ္လို႔ တ႐ုတ္ႏိုင္ငံပိုင္သတင္းကေန ေဖာ္ျပသြားပါတယ္။တနဂၤေႏြေန႔က မိုင္းလုပ္သမားေတြကို ဥမင္လမ္းေၾကာင္းက ဓါတ္ေလွကားတစ္ခုနဲ႔ တစ္ဦးခ်င္းစီ ကယ္ထုတ္ခဲ့တာကို CCTV သတင္းက ထုတ္လႊင့္သြားပါတယ္။

ေနာက္ထပ္ ပိတ္မိေနတဲ့ အလုပ္သမားေတြကို ကယ္ဆယ္ေရးအဖြဲ႕ေတြက ဆက္လက္ ရွာေဖြလ်က္ရွိေနေၾကာင္း သိရပါတယ္။တ႐ုတ္မိုင္းတြင္း ၿပိဳက်မႈနဲ႔ မေတာ္တဆမႈေတြဟာ လုပ္ငန္းခြင္ ေဘးကင္းလုံၿခဳံမႈမရွိတာေၾကာင့္ ေသဆုံးမႈေတြ ျဖစ္ပြားေလ့ရွိပါတယ္။ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ေခ်ာင္ကင္းၿမိဳ႕ ေျမၿပိဳက်မႈ ျဖစ္ပြားခဲ့ၿပီး အလုပ္သမား ၂၃ ဦး ေျမေအာက္မွာပိတ္မိၿပီး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

CRD – MyanmaPlatform

Unicode

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ရွှေမိုင်းတွင်းတစ်ခုမှာ မြေအောက်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ၁၄ ရက်ကြာ ပိတ်မိနေတဲ့ မိုင်းလုပ်သားတွေထဲက ၁၁ ဦးကို တနင်္ဂနွေနေ့က ကယ်ဆယ်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် CCTV သတင်းက ဖော်ပြခဲ့ပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့က ရှန်ဒေါင်းပြည်နယ် ကွီရှားမြို့ မိုင်းတွင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အလုပ်သမား ၂၂ ဦး မြေအောက် မီတာ ၆၀၀ ခန့်မှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။ဖော်ပြခဲ့တဲဗီဒီယိုဖိုင်ထဲမှာ နံနက်အစောပိုင်းက ပထမဆုံး အလုပ်သမားတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး အရမ်းအားနည်းနေတာကြောင့် လူနာတင်ယာဉ်နဲ့ ဆေးရုံကိုပို့ဆောင်ပေးထားကြောင်း သိရပါတယ်။

နောက်ထပ် ၁၀ ဦးကိုတော့ ဥမင်လမ်းကြောင်းကနေ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ၎င်းတို့ကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်မိပြီး အစားအစာနဲ့ ရိက္ခာတွေပေးပို့ခဲ့တာပါ။
တစ်ဦးကတော့ ဒဏ်ရာရရှိထားပြီး အချို့က ကယ်ဆယ်ရေးအကူအညီတွေနဲ့ လမ်းလျှောက်နေကြတာကိုတွေ့ရပါတယ်။

နောက်ဆုံး သိရတဲ့သတင်းအရ မိုင်းလုပ်သမားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ကြာသပတေးနေ့ကနောက်ထပ် အလုပ်သမား ၁၀ ဦးပါအဖွဲ့နဲ့ ဆက်သွယ်မိပြီး ပိတ်ဆို့နေတဲ့အတားအဆီးတွေကို ဖယ်ရှားဖို့ နှစ်ပတ်ကြာမြင့်မယ်လို့ ပြောခဲ့ပါတယ်။

မိုင်းတွင်း မြေအောက်ပေါက်ကွဲမှုကြောင့် မြေအောက်မှာ ပိတ်မိနေတဲ့အလုပ်သမားတွေကို ကယ်ဆယ်ရေးတွေ ကူညီဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်က မီတာ ၅၀၈ ခန့်အကွာက မိုင်းအလုပ်သမား ၁၁ ဦးကို အဆက်အသွယ်ရရှိခဲ့ပါတယ်။ ၎င်းတို့ထဲ တစ်ဦးကတော့ ကနဦးပေါက်ကွဲမှုမှာ ခေါင်းမှာ အကြီးအကျယ်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားတယ်လို့ အတည်ပြုခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဟာ ကျောက်သားကို လွန်နဲ့ဖောက်ထားတဲ့ လမ်းကြောင်းတွေကတဆင့် ရိက္ခာ၊ ဆေးဝါးနဲ့ တခြားအထောက်အပံ့တွေ ပေးနေခဲ့တာပါ။ ရိက္ခာတွေ ရရှိခဲ့တာကြောင့်ကျန်းမာရေးတွေ ကောင်းမွန်နေတယ်လို့ တရုတ်နိုင်ငံပိုင်သတင်းကနေ ဖော်ပြသွားပါတယ်။တနင်္ဂနွေနေ့က မိုင်းလုပ်သမားတွေကို ဥမင်လမ်းကြောင်းက ဓါတ်လှေကားတစ်ခုနဲ့ တစ်ဦးချင်းစီ ကယ်ထုတ်ခဲ့တာကို CCTV သတင်းက ထုတ်လွှင့်သွားပါတယ်။

နောက်ထပ် ပိတ်မိနေတဲ့ အလုပ်သမားတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက် ရှာဖွေလျက်ရှိနေကြောင်း သိရပါတယ်။တရုတ်မိုင်းတွင်း ပြိုကျမှုနဲ့ မတော်တဆမှုတွေဟာ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုမရှိတာကြောင့် သေဆုံးမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလက ချောင်ကင်းမြို့ မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး အလုပ်သမား ၂၃ ဦး မြေအောက်မှာပိတ်မိပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။

CRD – MyanmaPlatform

Leave a Reply

Your email address will not be published. Required fields are marked *