ထိုင္ဝမ္ကိုဖိအားေပးမႈ ရပ္တန္႔ရန္ တ႐ုတ္ကို အေမရိကန္ ကတို က္တြန္း

အေမရိကန္ႏိုင္ငံျခားေရး ၀ န္ႀကီးဌာနကတ႐ုတ္အား ထိုင္ဝမ္အေပၚဖိအားေပး မႈကိုရပ္တန႔္ရန္တိုက္တြန္ းခဲ့ပါတယ္။

ထိုင္ဝမ္အေပၚတ႐ုတ္၏စစ္ေရးဖိအားသည္ေဒသတြင္းၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္မႈကိုၿခိမ္းေျခာက္ေနသည္ဟုအေမရိကန္ႏိုင္ငံျခားေရး ၀ န္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ Ned Price ကစေနေန႔ကထုတ္ျပန္ခဲ့ပါတယ္။ထိုင္ဝမ္အပါအ ၀ င္အိမ္နီးခ်င္းမ်ားအားၿခိမ္းေျခာက္ရန္ တ႐ုတ္၏ဆက္လက္ႀကိဳးပမ္းေနျခင္းအေပၚ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ကေဖာ္ျပပါတယ္။

ထိုင္ဝမ္အားစစ္ေရး၊ သံတမန္ေရးႏွင့္စီးပြားေရးဖိအားေပးမႈမ်ားအား ရပ္ဆိုင္းရန္ႏွင့္ထိုင္ဝမ္၏ဒီမိုကေရစီေ႐ြးခ်ယ္တင္ေျမႇာက္ခံထားရေသာကိုယ္စားလွယ္မ်ားႏွင့္အဓိပၸါယ္ျပည့္ဝေသာေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ရန္ေဘဂ်င္းအားတိုက္တြန္းထားပါတယ္။

“အင္ဒို – ပစိဖိတ္ေဒသတြင္းကြၽႏ္ုပ္တို႔၏သာယာဝေျပာမႈ၊ လုံၿခဳံမႈႏွင့္တန္ဖိုးမ်ားကိုျမႇင့္တင္ရန္ကြၽႏ္ုပ္တို႔သည္သူငယ္ခ်င္းမ်ား၊ မဟာမိတ္မ်ားႏွင့္အတူရပ္တည္မည္ျဖစ္ၿပီး၎တြင္ဒီမိုကရက္တစ္ထိုင္ဝမ္ႏွင့္ကြၽႏ္ုပ္တို႔၏ဆက္ဆံေရးကိုပိုမိုနက္ရႈိင္းေစသည္။” ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါတယ္။

အေမရိကန္သမၼတေဟာင္း Donald Trump ၏အုပ္ခ်ဳပ္မႈသည္ထိုင္ဝမ္ႏွင့္ဆက္ဆံေရးကိုပိုမိုခိုင္မာေစခဲ့သည္။ထိုင္ဝမ္ႏွင့္ဆက္ဆံေရးပိုမိုနက္ရႈိင္းလာေစရန္အေမရိကန္၏ရပ္တည္ခ်က္ကိုဆက္လက္ထိန္းသိမ္းရန္သမၼတဂ်ိဳးဘိုင္ဒင္အစိုးရသစ္၏ကတိကဝတ္ ကို ထုတ္ျပန္ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
CRD -MyanmaPlatform

Unicode

အမေရိကန်နိုင်ငံခြားရေး ၀ န်ကြီးဌာနကတရုတ်အား ထိုင်ဝမ်အပေါ်ဖိအားပေးမှုကိုရပ်တန့်ရန်တိုက်တွန်းခဲ့ပါတယ်။

ထိုင်ဝမ်အပေါ်တရုတ်၏စစ်ရေးဖိအားသည်ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကိုခြိမ်းခြောက်နေသည်ဟုအမေရိကန်နိုင်ငံခြားရေး ၀ န်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Ned Price ကစနေနေ့ကထုတ်ပြန်ခဲ့ပါတယ်။
ထိုင်ဝမ်အပါအ ၀ င်အိမ်နီးချင်းများအားခြိမ်းခြောက်ရန် တရုတ်၏ဆက်လက်ကြိုးပမ်းနေခြင်းအပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကဖော်ပြပါတယ်။

ထိုင်ဝမ်အားစစ်ရေး၊ သံတမန်ရေးနှင့်စီးပွားရေးဖိအားပေးမှုများအား ရပ်ဆိုင်းရန်နှင့်ထိုင်ဝမ်၏ဒီမိုကရေစီရွေးချယ်တင်မြှောက်ခံထားရသောကိုယ်စားလှယ်များနှင့်အဓိပ္ပါယ်ပြည့်ဝသောတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန်ဘေဂျင်းအားတိုက်တွန်းထားပါတယ်။

“အင်ဒို – ပစိဖိတ်ဒေသတွင်းကျွန်ုပ်တို့၏သာယာဝပြောမှု၊ လုံခြုံမှုနှင့်တန်ဖိုးများကိုမြှင့်တင်ရန်ကျွန်ုပ်တို့သည်သူငယ်ချင်းများ၊ မဟာမိတ်များနှင့်အတူရပ်တည်မည်ဖြစ်ပြီး၎င်းတွင်ဒီမိုကရက်တစ်ထိုင်ဝမ်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကိုပိုမိုနက်ရှိုင်းစေသည်။” ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတဟောင်း Donald Trump ၏အုပ်ချုပ်မှုသည်ထိုင်ဝမ်နှင့်ဆက်ဆံရေးကိုပိုမိုခိုင်မာစေခဲ့သည်။ထိုင်ဝမ်နှင့်ဆက်ဆံရေးပိုမိုနက်ရှိုင်းလာစေရန်အမေရိကန်၏ရပ်တည်ချက်ကိုဆက်လက်ထိန်းသိမ်းရန်သမ္မတဂျိုးဘိုင်ဒင်အစိုးရသစ်၏ကတိကဝတ် ကို ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
CRD -MyanmaPlatform

Leave a Reply

Your email address will not be published. Required fields are marked *