အ စိုးရ သ စ်တွ င် ဒေါ်အောင် ဆ န်းစုြ က ည် အတို င် ပင် ခံပု ဂ္ဂို လ် အြ ဖစ် ဆက် ရှိနေမည်
Ref: Irrawaddy
unicode
လာမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)၏ အစိုးရ အဖွဲ့သစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက် မြင်တွေ့ ရဖွယ် ရှိနေသည်။ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ လုပ်ခွင့် မရသည်ကလွဲ၍ ကျန်သည့် အစိုးရ အဖွဲ့ ဝင်နှင့် မည်သည့်နေရာမဆို အကုန်လုပ်၍ ရကြောင်း NLD ပါတီ ဒုတိယ ဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်က ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။ဒေါက်တာ ဇော်မြင့်မောင်က“သမ္မတ လုပ်လို့ မရတာကလွဲရင် ကျန်တဲ့ အစိုးရ အဖွဲ့ဝင် အကုန်လုပ်လို့ ရတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကြောင့်မိုလို့ ဗမာပြည်မှာ ဘာထိခိုက်သွားလို့လဲလို့။ အဲဒါဆို အဖြေက ရှင်းနေတာပဲ။ လိုအပ်အချက်အရ ကျနော်တို့က လုပ်ခဲ့တာပဲ”ဟု ပြောသည်။၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ ဖြစ်ခွင့် ကန့်သတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် တွင် NLD ပါတီ အာဏာရလာသည့်အခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသည့် ရာထူးတခုကို ဖန်တီးပြီး အစိုးရအဖွဲ့ကို ဦးဆောင်လျက်ရှိသည်။နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးသည် နိုင်ငံတော်သမ္မတ ပြီးရင် တိုင်းပြည်မှာ အာဏာအရှိဆုံး ရာထူးတခု အဖြစ် ရှိနေပြီး အစိုးရအဖွဲ့ အတွင်းရှိ လုပ်ငန်းအားလုံး ချုပ်ကိုင်ထားနိုင်သည့်
နိုင်ငံတော် ဝန်ကြီးချုပ် ရာထူူးနှင့် ဆင်တူပြီး ပြည် ထောင်စု အင်္ဂါစဉ်တွင်လည်း သမ္မတ ပြီးလျှင် နံပါတ် ၂ နေရာတွင် ရှိနေသည်။ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတရုံး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးတာဝန်များကိုပါ ပူး တွဲ ထမ်းဆောင်ခဲ့သည်မှာ ယခုဆိုရင် ၅ နှစ် ပြည့်တော့မည် ဖြစ်သလို အတိုင်ပင်ခံရာထူးသည် နိုင်ငံတော်သမ္မတ သက် တမ်းနှင့်အတူတူ ဖြစ်၍ ယခုအခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းရာထူးတွင် ဆက်လက် နေထိုင်ဖွယ် ရှိသည်။ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာစေရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို မကွေးတိုင်း၊
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် အမျိုးသား လွှတ်တော်တွင် အဆိုတရပ်အဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
Ref: Irrawaddy
Leave a Reply
Your email address will not be published. Required fields are marked *