မ အ ေအာင္ ျ မန္ မာျ ပ ည္ က အင္ ဂ်င္ နီ ယာတိုင္း ေလ့ လာ ဖတ္ ထားသ င့္ တဲ့ သမို င္းတ ခု

မြစ် ပွားနာ (ကင် ဆာ)မိတ် ဆွေတ ယောက်လ က်တို့လို့ MES Myanmar Engineering Society လို့ခေါ်တဲ့ မြန်မာ အင်ဂျ င်နီယာအ သင်းရဲ့ we b page ကို ဝင် ကြည့်မိပါတယ်.. ၁၉၉၆ က စတင်ဖွဲ့စည်းတယ်လို့တွေ့ပါတယ်.. ကျနော်က မြန်မာပြည်မှာ ရှိလိုက် မရှိလိုက်ဆိုတော့ အသင်းမဝင်မိဘူးလို့ ထင်ပါတယ်.. တချို့သူငယ်ချင်းတွေက အသင်းမှာ ဝင်လှုပ်ရှားနေတာလဲ သတိပြုမိပါတယ်.. သူတို့ကိုလဲ အားကျနေပါတယ်.. ကိုယ်ပိုင်အချိန်တွေဖဲ့ပြီး အများအကျိုးဆောင်ရွက်နေတာကိုး..ကျနော်ရဲ့လေ့လာမှုအားနည်းတာလဲ ပါချင်ပါလိမ့်မယ်.. ကျနော်ထင်တာက ဒီအဖွဲ့အစည်းဟာ အသင်းဝင်ကြေးရယ် လှူဒါန်းငွေတွေနဲ့ ရပ်တည်နေတဲ့အဖွဲ့အစည်းပေါ့.. စီးပွားရေးလဲလုပ်တယ် မထင်ပါဘူး.. တကယ်လဲ မလုပ်ဖူးနဲ့တူပါတယ်.. ကုမ္ပဏီဘာညာကြားမှ မကြားဖူးတာကိုး.. အင်ဂျင်နီယာတွေကို အင်ဂျင်နီယာအရည်အသွေး ပိုမိုတောက်ပြောင်လာအောင် ကူညီပံ့ပိုးမယ့်အဖွဲ့လို့ မြင်ထားပါတယ်..

ဟော MES web page ရဲ့ award ဆိုတဲ့ခေါင်းစဉ်အောက်ကို ကြည့်မိတော့မှ အသင်းရဲ့ ဂုဏ်ထူးဆောင်အသင်းသားတွေစာရင်း တွေ့ပါရောလား.. ဦးသိန်းစိန် ဦးရွှေမန်းကစပြီး အင်ဂျင်နီယာကျောင်းက ဆရာ့ဆရာကြီးတွေ စစ်ဘက်/အရပ်ဘက်ဆိုင်ရာ အင်ဂျင်နီယာပုဂ္ဂိုလ်တွေကို ဂုဏ်ထူးဆောင်ချီးမြှင့်တာတွေ တွေ့ရပါတယ်.. ဒါကမထူးဆန်းလှပါဘူး..ဒါပေမယ့် ခရိုနီအကြီးစားတွေဖြစ်တဲ့ ဦးအိုက်ထွန်း၊ ဇေကမ္ဘာခင်ရွှေ (asia world)၊ ထွန်းမြင့်နိုင်၊ ဦးအောင်ကိုဝင်း၊ ဦးကိုကိုထွေး၊ ရွှေသံလွင်ဦးကျော်ဝင်း တို့အပြင် ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်အတော်များများကိုပါ ဂုဏ်ထူးဆောင်ချီးမြှင့်ခဲ့တာ သွားတွေ့ရပါတယ်.. ဂုဏ်ထူးဆောင်ကို ဘယ်လိုစံမျိုးနဲ့ရွေးပါသလဲ.. ပေးပါသလဲ.. တကယ့်ကို အသင်းအတွက်စွမ်းစွမ်းတမံဆောင်ရွက်ချက်တွေရှိခဲ့လို့လား.. ပြောရမယ်ဆို လတ်တလောလူတွေစိတ်ဝင်စားနေတဲ့ ၇-ဘီလီယံဘုန်းမော်ရွှေကိုလဲ ဒီဂုဏ်ပြုစာရင်းမှာတွေ့ပါတယ်.. ဒါဆိုရင် MES ကဘာလဲ ဘယ်လဲ ကျနော်တော်တော့ကို တုန်လှုပ်မိပါတယ်..

စီးပွားရေးတော့မလုပ်ဖူး စီးပွားရေးကို ကြုံသလိုထင်သလိုလုပ် ဘနဖူးသိုက်တူး ကလိန်ကကျစ်လုပ်နေတဲ့သူတွေကို ဘာလို့ဖက်လှဲ့တကင်းလုပ်နေရတာပါလိမ့်.. ငါးပွက်ရာ ငါးစာချတာလား စံနဲ့ပေးတာလား အကြံနဲ့ထွေးတာလား.. ကျနော်တို့က ဘိလပ်မြေအချိုး ၁:၂:၄ ကို ထိရင် ဒီကောင်သူခိုး.. သံချောင်းအရွယ် အစားဝိတ်လျှော့ရင် ဒီကောင်သူခိုး.. မြေကျင်းလျှော့ရင် ဒီကောင်သူခိုးလို့.. ဆုံးမဖို့သာအားထုတ်နေကြတာလေ..

ကျနော်အမြဲတမ်းပြောခဲ့ပါတယ်.. တိုင်းပြည်ကြီးကို စစ်တပ်ကဖျက်ဆီးခဲ့တယ်ဆိုရင် ၅၀% ပဲမှန်မယ်.. အင်ဂျင်နီယာအပါအဝင် အသိပညာအတတ်ပညာရှင်တွေကနောက်ထပ် ၅၀% ကို ဖျက်ဆီးခဲ့တာပါ.. ခင်ဗျားဟာအင်ဂျင်နီယာတယောက်ဆိုရင် MES web ကိုဝင်လေ့လာကြည့် ခြုံငုံအတွေးတခုရပါလိမ့်မယ်.. ပြီးရင် အနာဂတ် MES ကို ဘယ်လိုအပြုသဘောဆောင် ဝိုင်းရံသင့်တယ်ဆိုတာလဲ တွေးမိမှာပါ.. ပွင့်လင်းမြင်သာခေတ်ရောက်ရင်ပေါ့ဗျာ.. တိုင်းပြည်တိုးတက်လာအောင် စီမံကိန်းတွေ ပရော့ဂျက်တွေ လုပ်ရပါမယ်.. ဘတ်ဂျက်တွေ ပိုက်ဆံတွေသုံးရမှာပေါ့.. သုံးတဲ့ပိုက်ဆံနဲ့ လျော်ညီတဲ့ အရည်အသွေးထွက်လာဖို့က ကျနော်တို့အင်ဂျင်နီယာတွေရဲ့ တာဝန်ပါပဲ.. ဒီနေရာမှာမလေလွင့်ပဲပိုနေရင် လိုနေတဲ့ ဟိုဘက်ပညာရေး ကျန်းမာရေးတွေမှာ ပိုသုံးလို့ရမှာပေါ့.. တိုင်းပြည်ဘဏ္ဍာဆိုတာက ပြည်သူ့ပိုက်ဆံတွေကိုး။

သူခိုးကင်းစင် မြန်ပြည်တခွင်ခေတ် အမြန်ရောက်နိုင်ပါစေ..ဝင်းထိန် (၈၇-စက်မှု)မှတ်ချက် – အခု ပို့စ်ဟာ ၂၀၁၇ ခုနှစ်က ပို့ပါ၊ ဒီပို့စ်တက်ပြီးတဲ့နောက် MES က အဲ့ဒီ web page ကို ဖြုတ်လိုက်ပါပြီ..

zawgyi

ျမစ္ပြားနာ (ကင္ဆာ)မိတ္ေဆြတေယာက္လက္တို႔လို႔ MES Myanmar Engineering Society လို႔ေခၚတဲ့ ျမန္မာအင္ဂ်င္နီယာအသင္းရဲ႕ web page ကိုဝင္ၾကည့္မိပါတယ္.. ၁၉၉၆ က စတင္ဖြဲ႕စည္းတယ္လို႔ေတြ႕ပါတယ္.. က်ေနာ္က ျမန္မာျပည္မွာ ရွိလိုက္ မရွိလိုက္ဆိုေတာ့ အသင္းမဝင္မိဘူးလို႔ ထင္ပါတယ္.. တခ်ိဳ႕သူငယ္ခ်င္းေတြက အသင္းမွာ ဝင္လႈပ္ရွားေနတာလဲ သတိျပဳမိပါတယ္.. သူတို႔ကိုလဲ အားက်ေနပါတယ္.. ကိုယ္ပိုင္အခ်ိန္ေတြဖဲ့ၿပီး အမ်ားအက်ိဳးေဆာင္႐ြက္ေနတာကိုး..က်ေနာ္ရဲ႕ေလ့လာမႈအားနည္းတာလဲ ပါခ်င္ပါလိမ့္မယ္.. က်ေနာ္ထင္တာက ဒီအဖြဲ႕အစည္းဟာ အသင္းဝင္ေၾကးရယ္ လႉဒါန္းေငြေတြနဲ႔ ရပ္တည္ေနတဲ့အဖြဲ႕အစည္းေပါ့.. စီးပြားေရးလဲလုပ္တယ္ မထင္ပါဘူး.. တကယ္လဲ မလုပ္ဖူးနဲ႔တူပါတယ္.. ကုမၸဏီဘာညာၾကားမွ မၾကားဖူးတာကိုး.. အင္ဂ်င္နီယာေတြကို အင္ဂ်င္နီယာအရည္အေသြး ပိုမိုေတာက္ေျပာင္လာေအာင္ ကူညီပံ့ပိုးမယ့္အဖြဲ႕လို႔ ျမင္ထားပါတယ္..

ေဟာ MES web page ရဲ႕ award ဆိုတဲ့ေခါင္းစဥ္ေအာက္ကို ၾကည့္မိေတာ့မွ အသင္းရဲ႕ ဂုဏ္ထူးေဆာင္အသင္းသားေတြစာရင္း ေတြ႕ပါေရာလား.. ဦးသိန္းစိန္ ဦးေ႐ႊမန္းကစၿပီး အင္ဂ်င္နီယာေက်ာင္းက ဆရာ့ဆရာႀကီးေတြ စစ္ဘက္/အရပ္ဘက္ဆိုင္ရာ အင္ဂ်င္နီယာပုဂၢိဳလ္ေတြကို ဂုဏ္ထူးေဆာင္ခ်ီးျမႇင့္တာေတြ ေတြ႕ရပါတယ္.. ဒါကမထူးဆန္းလွပါဘူး..ဒါေပမယ့္ ခ႐ိုနီအႀကီးစားေတြျဖစ္တဲ့ ဦးအိုက္ထြန္း၊ ေဇကမာၻခင္ေ႐ႊ (asia world)၊ ထြန္းျမင့္ႏိုင္၊ ဦးေအာင္ကိုဝင္း၊ ဦးကိုကိုေထြး၊ ေ႐ႊသံလြင္ဦးေက်ာ္ဝင္း တို႔အျပင္ ျပည္နယ္နဲ႔တိုင္း ဝန္ႀကီးခ်ဳပ္အေတာ္မ်ားမ်ားကိုပါ ဂုဏ္ထူးေဆာင္ခ်ီးျမႇင့္ခဲ့တာ သြားေတြ႕ရပါတယ္.. ဂုဏ္ထူးေဆာင္ကို ဘယ္လိုစံမ်ိဳးနဲ႔ေ႐ြးပါသလဲ.. ေပးပါသလဲ.. တကယ့္ကို အသင္းအတြက္စြမ္းစြမ္းတမံေဆာင္႐ြက္ခ်က္ေတြရွိခဲ့လို႔လား.. ေျပာရမယ္ဆို လတ္တေလာလူေတြစိတ္ဝင္စားေနတဲ့ ၇-ဘီလီယံဘုန္းေမာ္ေ႐ႊကိုလဲ ဒီဂုဏ္ျပဳစာရင္းမွာေတြ႕ပါတယ္.. ဒါဆိုရင္ MES ကဘာလဲ ဘယ္လဲ က်ေနာ္ေတာ္ေတာ့ကို တုန္လႈပ္မိပါတယ္..

စီးပြားေရးေတာ့မလုပ္ဖူး စီးပြားေရးကို ႀကဳံသလိုထင္သလိုလုပ္ ဘနဖူးသိုက္တူး ကလိန္ကက်စ္လုပ္ေနတဲ့သူေတြကို ဘာလို႔ဖက္လွဲ႔တကင္းလုပ္ေနရတာပါလိမ့္.. ငါးပြက္ရာ ငါးစာခ်တာလား စံနဲ႔ေပးတာလား အႀကံနဲ႔ေထြးတာလား.. က်ေနာ္တို႔က ဘိလပ္ေျမအခ်ိဳး ၁:၂:၄ ကို ထိရင္ ဒီေကာင္သူခိုး.. သံေခ်ာင္းအ႐ြယ္ အစားဝိတ္ေလွ်ာ့ရင္ ဒီေကာင္သူခိုး.. ေျမက်င္းေလွ်ာ့ရင္ ဒီေကာင္သူခိုးလို႔.. ဆုံးမဖို႔သာအားထုတ္ေနၾကတာေလ..

က်ေနာ္အၿမဲတမ္းေျပာခဲ့ပါတယ္.. တိုင္းျပည္ႀကီးကို စစ္တပ္ကဖ်က္ဆီးခဲ့တယ္ဆိုရင္ ၅၀% ပဲမွန္မယ္.. အင္ဂ်င္နီယာအပါအဝင္ အသိပညာအတတ္ပညာရွင္ေတြကေနာက္ထပ္ ၅၀% ကို ဖ်က္ဆီးခဲ့တာပါ.. ခင္ဗ်ားဟာအင္ဂ်င္နီယာတေယာက္ဆိုရင္ MES web ကိုဝင္ေလ့လာၾကည့္ ၿခဳံငုံအေတြးတခုရပါလိမ့္မယ္.. ၿပီးရင္ အနာဂတ္ MES ကို ဘယ္လိုအျပဳသေဘာေဆာင္ ဝိုင္းရံသင့္တယ္ဆိုတာလဲ ေတြးမိမွာပါ.. ပြင့္လင္းျမင္သာေခတ္ေရာက္ရင္ေပါ့ဗ်ာ.. တိုင္းျပည္တိုးတက္လာေအာင္ စီမံကိန္းေတြ ပေရာ့ဂ်က္ေတြ လုပ္ရပါမယ္.. ဘတ္ဂ်က္ေတြ ပိုက္ဆံေတြသုံးရမွာေပါ့.. သုံးတဲ့ပိုက္ဆံနဲ႔ ေလ်ာ္ညီတဲ့ အရည္အေသြးထြက္လာဖို႔က က်ေနာ္တို႔အင္ဂ်င္နီယာေတြရဲ႕ တာဝန္ပါပဲ.. ဒီေနရာမွာမေလလြင့္ပဲပိုေနရင္ လိုေနတဲ့ ဟိုဘက္ပညာေရး က်န္းမာေရးေတြမွာ ပိုသုံးလို႔ရမွာေပါ့.. တိုင္းျပည္ဘ႑ာဆိုတာက ျပည္သူ႔ပိုက္ဆံေတြကိုး။

သူခိုးကင္းစင္ ျမန္ျပည္တခြင္ေခတ္ အျမန္ေရာက္ႏိုင္ပါေစ..ဝင္းထိန္ (၈၇-စက္မႈ)မွတ္ခ်က္ – အခု ပို႔စ္ဟာ ၂၀၁၇ ခုႏွစ္က ပို႔ပါ၊ ဒီပို႔စ္တက္ၿပီးတဲ့ေနာက္ MES က အဲ့ဒီ web page ကို ျဖဳတ္လိုက္ပါၿပီ..

Leave a Reply

Your email address will not be published. Required fields are marked *