ဘ ရာဇီး လ္မွ မ်ိဳး ကြဲ ကို ဗစ္-၁ ၉ ဗိုင္းရ ပ္စ္ ကူးစ က္ ခံလူနာ အေ မရိ က န္တြင္ ပထ မဆုံ းေတြ႕လ ာရဟု အတည္ျပဳ

ဘရ ာဇီးတွ င် ပထမဆုံ း တွေ့ရှိ ခဲ့သော C OVID-19 မျိုးကွဲ၏ ပထ မဆုံး လူနာတ စ်ဦး အမေရိက န်တွင် ထွက်ပေ ါ်လာကြေ ာင်း မင်နီ ဆိုတာ ကျ န်းမာရေ းဌာနက တနင်္လာနေ့တွင် အတည်ပြုခဲ့သည်။ ထိုနေ့၌ပင် သမ္မတဂျိုးဘိုင်ဒင်သည် မကြာသေးမီက ဘရာဇီး၊ တောင်အာဖရိကနှင့် ဥရောပနိုင်ငံများသို့ သွာလာခွင့်နှင့် အမေရိကန်နိုင်ငံသား မဟုတ်သော နိုင်ငံခြားသားများ ဝင်ရောက်ခွင့် တားမြစ်ချက်များကို တိုးချဲ့ခဲ့သည်။မကြာသေးမီက ဘရာဇီးနိုင်ငံသို့ ခရီးသွားလာခဲ့သည့် သမိုင်းကြောင်းရှိသော မင်နီဆိုတာတွင် နေထိုင်သူတစ်ဦီးထံတွင် P1 ဟု လူသိများသည့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသစ် တွေ့ရှိခဲ့ သည်ဟု ကျန်းမာရေးဌာနမှ ထုတ်ပြန်ခဲ့သည်။ ဘရာဇီးမူကွဲ ဟုခေါ်ဆို ကြသော်လည်း ယင်းဗိုင်းရပ်စ်သည် ပိုမိုပြင်းထန်ခြင်း ရှိမရှိကိုမူ မသိရှိရသေးပါ။

အမေရိကန် ပြည်ထောင်စုတွင် ကိုဗစ်-၁၉ကို ပြင်းထန်စွာကို တိုက်ဖျက်ရန် ဂျိုးဘီဒင်က ကတိပေးခဲ့ပြီး လက်ရှိအချိန်အထိ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သတ်၍ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေသည်။အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီ က ခရီးသွားလာရေး ကန့်သတ်ချက် အသစ်နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် “ ကူးစက်ပျံ့နှံ့မှု ပိုမိုဆိုးရွား များပြားလာသည်နှင့်အမျှ ယခုအချိန်သည် အပြည်ပြည်ဆိုင်ရာ ခရီးသွားလာရေး အပေါ် ကန့်သတ်ချက်များ ဖယ်ရှားပေးရမည့် အချိန်မဟုတ်” ဟု ပြောကြားခဲ့သည်။

ဂျွန်ဟော့ကင်း တက္ကသိုလ်၏ အချက်အလက်များအရ အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာ ရောဂါဖြစ်ပွားမှု၏ လေးပုံတစ်ပုံခန့်တွင် ကူးစက်မှု ၂၅ သန်းကျော်နှင့် သေဆုံးသူ ၄၂၀,၀၀၀ ကျော်အား မှတ်ပုံတင်ထားသည်။အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) မှ အကြီးအကဲသစ်က နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွယ်သော သေဆုံးမှုသည် နောက်လတွင် ငါးသိန်း ထက်ကျော်လွန်နိုင်သည်ဟု သတိပေးခဲ့သည်။

CDC နှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၆ရက်မှ စ၍ အမေရိကန်သို့ လာမည့် ခရီးသွားများသည် COVID-19 စစ်ဆေးမှုကို ခံယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ယင်းစည်းမျဉ်းတွင် အမေရိကန် နိုင်ငံသားများနှင့် နိုင်ငံခြားသားများ အကုန်လုံး ပါဝင်သည်ဟု သိရသည်။
ကျော်မင်းဟန်

၂၆.၀၁.၂၀၂၁
Ref: AFP
crd…..ChannelKeyMyanmar

zawgyi

ဘရာဇီးတြင္ ပထမဆုံး ေတြ႕ရွိခဲ့ေသာ COVID-19 မ်ိဳးကြဲ၏ ပထမဆုံး လူနာတစ္ဦး အေမရိကန္တြင္ ထြက္ေပၚလာေၾကာင္း မင္နီဆိုတာ က်န္းမာေရးဌာနက တနလၤာေန႔တြင္ အတည္ျပဳခဲ့သည္။ ထိုေန႔၌ပင္ သမၼတဂ်ိဳးဘိုင္ဒင္သည္ မၾကာေသးမီက ဘရာဇီး၊ ေတာင္အာဖရိကႏွင့္ ဥေရာပႏိုင္ငံမ်ားသို႔ သြာလာခြင့္ႏွင့္ အေမရိကန္ႏိုင္ငံသား မဟုတ္ေသာ ႏိုင္ငံျခားသားမ်ား ဝင္ေရာက္ခြင့္ တားျမစ္ခ်က္မ်ားကို တိုးခ်ဲ႕ခဲ့သည္။မၾကာေသးမီက ဘရာဇီးႏိုင္ငံသို႔ ခရီးသြားလာခဲ့သည့္ သမိုင္းေၾကာင္းရွိေသာ မင္နီဆိုတာတြင္ ေနထိုင္သူတစ္ဦီးထံတြင္ P1 ဟု လူသိမ်ားသည့္ ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးကြဲအသစ္ ေတြ႕ရွိခဲ့ သည္ဟု က်န္းမာေရးဌာနမွ ထုတ္ျပန္ခဲ့သည္။ ဘရာဇီးမူကြဲ ဟုေခၚဆို ၾကေသာ္လည္း ယင္းဗိုင္းရပ္စ္သည္ ပိုမိုျပင္းထန္ျခင္း ရွိမရွိကိုမူ မသိရွိရေသးပါ။

အေမရိကန္ ျပည္ေထာင္စုတြင္ ကိုဗစ္-၁၉ကို ျပင္းထန္စြာကို တိုက္ဖ်က္ရန္ ဂ်ိဳးဘီဒင္က ကတိေပးခဲ့ၿပီး လက္ရွိအခ်ိန္အထိ ကမာၻေပၚတြင္ ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ ပတ္သတ္၍ ေသဆုံးမႈအမ်ားဆုံး ႏိုင္ငံျဖစ္ေနသည္။အိမ္ျဖဴေတာ္၏ ေျပာေရးဆိုခြင့္ရွိသူ ဂ်န္ပါစကီ က ခရီးသြားလာေရး ကန႔္သတ္ခ်က္ အသစ္ႏွင့္ ပတ္သက္သည့္ သတင္းစာ ရွင္းလင္းပြဲတြင္ “ ကူးစက္ပ်ံ႕ႏွံ႔မႈ ပိုမိုဆိုး႐ြား မ်ားျပားလာသည္ႏွင့္အမွ် ယခုအခ်ိန္သည္ အျပည္ျပည္ဆိုင္ရာ ခရီးသြားလာေရး အေပၚ ကန႔္သတ္ခ်က္မ်ား ဖယ္ရွားေပးရမည့္ အခ်ိန္မဟုတ္” ဟု ေျပာၾကားခဲ့သည္။

ဂြၽန္ေဟာ့ကင္း တကၠသိုလ္၏ အခ်က္အလက္မ်ားအရ အေမရိကန္သည္ ကမာၻလုံးဆိုင္ရာ ေရာဂါျဖစ္ပြားမႈ၏ ေလးပုံတစ္ပုံခန႔္တြင္ ကူးစက္မႈ ၂၅ သန္းေက်ာ္ႏွင့္ ေသဆုံးသူ ၄၂၀,၀၀၀ ေက်ာ္အား မွတ္ပုံတင္ထားသည္။အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးဌာန (CDC) မွ အႀကီးအကဲသစ္က ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ ဆက္ႏြယ္ေသာ ေသဆုံးမႈသည္ ေနာက္လတြင္ ငါးသိန္း ထက္ေက်ာ္လြန္ႏိုင္သည္ဟု သတိေပးခဲ့သည္။

CDC ႏွင့္ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ဇန္နဝါရီလ ၂၆ရက္မွ စ၍ အေမရိကန္သို႔ လာမည့္ ခရီးသြားမ်ားသည္ COVID-19 စစ္ေဆးမႈကို ခံယူရန္ လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။ ယင္းစည္းမ်ဥ္းတြင္ အေမရိကန္ ႏိုင္ငံသားမ်ားႏွင့္ ႏိုင္ငံျခားသားမ်ား အကုန္လုံး ပါဝင္သည္ဟု သိရသည္။
ေက်ာ္မင္းဟန္

၂၆.၀၁.၂၀၂၁
Ref: AFP
crd…..ChannelKeyMyanmar

Leave a Reply

Your email address will not be published. Required fields are marked *