ဘယ္သူပဲလာခိုးခိုး မူလေနရာကို ျပန္ေရာက္လာတယ္ ဆိုတဲ့ တလားခုံးဘာသာဝင္ ကရင္လူမ်ိဳးေတြ အထြဋ္ အျမတ္ထားၾကေသာ အံ့ဖြယ္ ဆင္စြယ္ႀကီး

ဘယ္သူဘဲယူယူ ဘယ္သူဘဲခိုးခိုး ဘယ္သူဘဲဝွက္ ဝွက္ မူလတည္ရွိေနရာကို မပ်က္မကြက္ျပန္ေရာက္ လာတဲ့ ျမတ္ဗုဒၶပုံေတာ္ပါရွိတဲ့တလာခုံး ဘာသာဝင္ ကရင္လူမ်ိဳးေတြအထြဋ္အျမတ္ထားတဲ့ ဆင္စြယ္ေတာ္ ဟာထိုင္း-ျမန္မာ နယ္စပ္ ထိုင္းဘက္ျခမ္း တာ့ခ္ခ႐ိုင္အုန္းဖန္ ၿမိဳ႕နယ္အတြင္းက ေလးေတာခိုေက်း႐ြာမွာေနထိုင္ၾကတဲ့ တာလခုန္းဘာသာဝင္ေတြသူတို႔႐ြာမွာ အထဋ္အျမတ္ထားကိုးကြယ္တဲ့ေရွးေဟာင္း ဆင္စြယ္ေတာ္ကို မသူေတာ္အခ်ိဳ႕ကသူတို႔ပိုင္သလိုလို ဘာလိုလိုနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးျပ လာေရာက္ ယူေဆာင္တာေတြရွိခဲ့ပါတယ္။

ေလးေတာခို႐ြာ တည္ ရွိတဲ့ ထိုင္း-ျမန္မာနယ္စပ္ျဖစ္တဲ့ ျမန္မာဖက္ အျခမ္းမွာေတာ့ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီး ၿမိဳ႕နယ္တည္ ရွိပါတယ္။မသူေတာ္ေတြဟာဆင္စြယ္ေတာ္ကိုေရျခားေျမျခားထိတိုင္ေအာင္ ယူေဆာင္သြားတာမ်ိဳးလည္းရွိခဲ့ၾက ပါတယ္။သို႔ေပမဲ့ အခ်ိန္တန္ေတာ့လည္း မူလတည္ေနရာကိုဘဲ ျပန္လည္လို႔ေရာက္ရွိလာတာကေတာထူးျခားမႈ ျဖစ္စဥ္ တရပ္ျဖစ္တယ္လို႔ေဒသခံအခ်ိဳ႕က သုံးသပ္ ေျပာဆိုၾက ပါတယ္။သက္သတ္လြတ္စားတဲ့ တလာခုံးေတြကိုးကြယ္ၾကတဲ့ ဆင္စြယ္ေတာ္ကို အမ်ားျပည္သူေတြျမင္ေတြ႕ရေလေအာင္ ေဖာ္ျပေပးလိုက္တာျဖစ္ပါတယ္။ေလးေတာခို႐ြာက တလာခုံးဘာသာဝင္ေတြဟာလမ္းပန္း ခရီးခက္ခဲလွတဲ့ ေတာႀကီးမ်က္မည္းထဲမွာ သီးသန႔္႐ြာတည္ၿပီးေနထိုင္ၾကတာျဖစ္ပါတယ္။

အခုေတာ့ ေလးေတာခိုမွာေနထိုင္ၾကတဲ့တလာခုံး ဘာသာဝင္အမ်ားစုဟာထိုင္းႏိုင္ငံသားေတြျဖစ္ေနၾက ပါၿပီ။သူတို႔ေျပာတဲ့စကားကေတာ့ ပိုးကရင္ဘာသာစကား ျဖစ္ပါတယ္။တလာခုံးဘာသာဝငကရင္ လူမ်ိဳးေတြကို လူသိမ်ားေစတာကေတာ့မီးပုံပြဲပူေဇာ္ က်င္းပတာဘဲ ျဖစ္ပါတယ္။မီးပုံပူေဇာ္တဲ့ပြဲေတြထဲမွာေတာ့ ကရင္ျပည္နယ္က်ဳံဒိုးၿမိဳ႕ က မီးပုံပူေဇာ္ပြဲဆိုရင္ထူးျခားတဲ့ဝိေသသေတြနဲ႔အတူ ျမန္မာႏိုင္ငံမွာအထူးထင္ရွား လူသိမ်ား ပါတယ္။တလာခုံးဘာသာဝင္ေတြက တာဝတႎံသာမွာတည္ရွိ တဲ့ စူ႒ာမဏိဘုရားကို ရည္စူးၿပီးေတာက်င္းပၾကတဲ့ မီးပုံပူေဇာ္ပြဲအေၾကာင္းကိုသီးသန႔္ ေရးသားပါမည္။

Credit_Original_Writer

via – ThawZinAung

unicode

ဘယ်သူဘဲယူယူ ဘယ်သူဘဲခိုးခိုး ဘယ်သူဘဲဝှက် ဝှက် မူလတည်ရှိနေရာကို မပျက်မကွက်ပြန်ရောက် လာတဲ့ မြတ်ဗုဒ္ဓပုံတော်ပါရှိတဲ့တလာခုံး ဘာသာဝင် ကရင်လူမျိုးတွေအထွဋ်အမြတ်ထားတဲ့ ဆင်စွယ်တော် ဟာထိုင်း-မြန်မာ နယ်စပ် ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင်အုန်းဖန် မြို့နယ်အတွင်းက လေးတောခိုကျေးရွာမှာနေထိုင်ကြတဲ့ တာလခုန်းဘာသာဝင်တွေသူတို့ရွာမှာ အထဋ်အမြတ်ထားကိုးကွယ်တဲ့ရှေးဟောင်း ဆင်စွယ်တော်ကို မသူတော်အချို့ကသူတို့ပိုင်သလိုလို ဘာလိုလိုနဲ့ အကြောင်းအမျိုးမျိုးပြ လာရောက် ယူဆောင်တာတွေရှိခဲ့ပါတယ်။

လေးတောခိုရွာ တည် ရှိတဲ့ ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မြန်မာဖက် အခြမ်းမှာတော့ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တည် ရှိပါတယ်။မသူတော်တွေဟာဆင်စွယ်တော်ကိုရေခြားမြေခြားထိတိုင်အောင် ယူဆောင်သွားတာမျိုးလည်းရှိခဲ့ကြ ပါတယ်။သို့ပေမဲ့ အချိန်တန်တော့လည်း မူလတည်နေရာကိုဘဲ ပြန်လည်လို့ရောက်ရှိလာတာကတောထူးခြားမှု ဖြစ်စဉ် တရပ်ဖြစ်တယ်လို့ဒေသခံအချို့က သုံးသပ် ပြောဆိုကြ ပါတယ်။သက်သတ်လွတ်စားတဲ့ တလာခုံးတွေကိုးကွယ်ကြတဲ့ ဆင်စွယ်တော်ကို အများပြည်သူတွေမြင်တွေ့ရလေအောင် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။လေးတောခိုရွာက တလာခုံးဘာသာဝင်တွေဟာလမ်းပန်း ခရီးခက်ခဲလှတဲ့ တောကြီးမျက်မည်းထဲမှာ သီးသန့်ရွာတည်ပြီးနေထိုင်ကြတာဖြစ်ပါတယ်။

အခုတော့ လေးတောခိုမှာနေထိုင်ကြတဲ့တလာခုံး ဘာသာဝင်အများစုဟာထိုင်းနိုင်ငံသားတွေဖြစ်နေကြ ပါပြီ။သူတို့ပြောတဲ့စကားကတော့ ပိုးကရင်ဘာသာစကား ဖြစ်ပါတယ်။တလာခုံးဘာသာဝငကရင် လူမျိုးတွေကို လူသိများစေတာကတော့မီးပုံပွဲပူဇော် ကျင်းပတာဘဲ ဖြစ်ပါတယ်။မီးပုံပူဇော်တဲ့ပွဲတွေထဲမှာတော့ ကရင်ပြည်နယ်ကျုံဒိုးမြို့ က မီးပုံပူဇော်ပွဲဆိုရင်ထူးခြားတဲ့ဝိသေသတွေနဲ့အတူ မြန်မာနိုင်ငံမှာအထူးထင်ရှား လူသိများ ပါတယ်။တလာခုံးဘာသာဝင်တွေက တာဝတိံံသာမှာတည်ရှိ တဲ့ စူဋ္ဌာမဏိဘုရားကို ရည်စူးပြီးတောကျင်းပကြတဲ့ မီးပုံပူဇော်ပွဲအကြောင်းကိုသီးသန့် ရေးသားပါမည်။

Credit_Original_Writer

via – ThawZinAung

Leave a Reply

Your email address will not be published. Required fields are marked *