လမ္းေကာင္းလာတဲ့ လမ္းေဟာင္းေတြ အေၾကာင္း နဲ႔ အ႐ိုးစြဲေနတဲ့ အသိ

ကားသွားငှားတော့မယ်ဆိုတိုင်း ဘီးကောင်းကောင်းလေး ဟွန်းကျယ်ကျယ်လေး ရှာငှားနော်.. နံပါတ်ပေါင်းကြည့်အုန်း လို့ အိမ်က ဦးလေး ဦးတင်မောင်က မှာတတ်တယ်.. သူက ငါးရက်ဈေး ပတ်လိုက်သူဆိုတော့ ကားဘီးမကောင်းရင် ဘာဖြစ်တတ်သလဲဆိုတာသိတယ်.. တောင်ပေါ်လမ်းက ဘီးကောင်းဘို့လိုတယ်.. ဟွန်းကျယ်ဘို့လိုတယ်.. နံပါတ်ပေါင်းရင် ကိုးမဖြစ်ရဘူး.. ကိုးမြို့ရှင် နယ်ဆိုတော့ လူတောင်ကိုးယောက်ဖြစ်နေရင် ဒရိုင်ဘာက လမ်းက ကျောက်ခဲတစ်လုံးကောက်ထဲ့ပြီး မောင်ကျောက်ခဲနဲ့ဆို ဆယ်ယောက် ဒီလိုပြောရတယ်လေ..

စျေးမြောက်ဘက်မှာ ကားဂိတ်တွေရှိတယ်.. ဦးချမ်းဓာတ်ပုံတိုက်နဲ့ ရှုမဝနားမှာ ဂျစ်ကား ဒတ်ဆန်း ၁၂၀၀ ဒတ်ဆန်း ၁၀၀၀ ဒတ်ဆန်း ၈၅၀ ကတော့နည်းနည်းသေးတယ်.. ဘေဘီ လေးဘီး ဂျစ်စတေရှင် တွေကျတော့ ဟိုနားသည်နားလောက် သွားဖို့ ဂိတ်ထိုးတာပေါ့.. အဲ့ဒီမှာကားသွားခေါ်ရတာ ကားသွားခေါ်ရင် ကျော်ဦးနဲ့အတူ လမ်းတလျှောက်ဆော့ပြီး သွားကြတာ ကားတွေရွေး ဘီးတွေကိုင်ကြည့်ပေါ့.. မာမာလေး နက်နက်လေးဆိုကောင်းတယ်.. ဒါပဲ ဟုတ်တယ်လေ.. ကိုယ်ပိုင်ကားမှ မပိုင်တာ ဘယ့်နှယ်သိမလည်း ဆရာကြီးဒီဇိုင်းနဲ့ ကွန်ပေါင်းတော့ မဟုတ်ပါဘူးနော်လို့ ပြောခဲ့သေးတာ နောက်ကျတော့ ကားသွားငှားစရာသိပ်မလိုတော့ဘူး.. ပြည်တော်သာထဲက ဦးစိမ်းမောင်ရဲ့ဂျစ်ကားပဲ ငှားဖြစ်တော့တယ်.. သူ့နဲ့ကခင်သွားပြီးနောက်တော့ ဆွေမျိုးလိုတောင်ဖြစ်သွားတော့တာ သူ့ကားနံပတ်က ၂၈၁ တဲ့ ရှေ့ကဘာမှမပါဘူးရယ်.. ဂျစ်ကားအစိမ်းလေး နောက်ပိုင်း အဲ့ဒိကားပဲစီးဖြစ်တော့တယ်.. သူမအားလပ်လွန်းမှ အခြားကားပေါ့..

ကားမောင်းနေရင်လည်း အကွေ့တိုင်းဟွန်းတီး အတက်ကားဆို ဦးစားပေးလိုက်.. မကျော်နဲ့ ဦး.. ရပြီကျော်ကျော်.. နှစ်စီးလာတယ်.. ဒါပြီးရင်ကျော် ဆိုပြီး ကားသမားကို ကူညီပြီး ဆရာလုပ်နေကျပါပဲ.. အတက်ဆိုလို့ပြောရအုန်းမယ် ဥပမာပေါ့.. သာစည်ကတောင်ကြီး လာသမျှ အတက်ကားချည်းလို့ခေါ်ကြတာပဲ.. တောင်ကြီးကနေ သာစည်ဆင်းတော့ အဆင်းတဲ့ ဘိုင်သေကြီး လုပ်တာ ငါကအတက်ပဲ ငါ့ကိုဖယ်ပေး ဒါမျိုး ပေါ့.. တောင်ကြီးကဆင်း ရွှေညောင်တောင်လေးလုံးကနေ ဟဲဟိုးထိ တက်လိုက်ရတဲ့အတက်ကျ ဘာသွားပြောမလည်း အရင်ခေတ်က ကားကြီးဆို ဂျမ်းတုန်းခုပြီးတောင် တက်ရတာ အဲ့တာကျ ဘယ်သူကအတက်လည်း ပေါ့.. တစ်ကယ်ဆို အတက်ကားဦးစားပေးပါလို့ ရေးမယ့်အစား တစ်ကယ်ကုန်းရုန်းတက်နေသူကို ဦးစားပေးပါ လုပ်သင့်တာ..

ထားပါတော့ တောင်ပေါ်လမ်းဆိုတာ ကွေ့တိုင်းဟွန်းတီးပါ.. အတက်ကားဦးစားပေးပါ.. အဆင်းရှည်သည် ဂီယာကြီးဖြင့်ဆင်းပါ.. တောင်ပြိုတတ်သည် စသည်ဖြင့် သတိပေးဆိုင်းဘုတ်တွေ တစ်သီကြီး ထားကြတာ အဲ့တာတွေကြည့်မောင်းကြတာပါ.. မကွေ့ခင် အကွေ့မရောက်ခင် ဟွန်းရှည်ကြီးတီး ကိုယ်ကလည်းပြန်နားထောင် ဒါမှ ဟိုဘက်က ကားလာနေတယ်ဆိုတာကြိုသိ သတိနဲ့မောင်းကြတာ.. ဒါကြောင့်ဟွန်းကျယ်ဘို့လိုတယ်.. ဆင်းလည်းအဆင်း ဆင်းပြီးအကွေ့ဆို ရပ်ပေးပြီး အတက်ကိုစောင့်ပေးကြတာ လမ်းတွေက ခုခေတ်လိုမကျယ်တော့ ကားချင်းရှောင်ရင် ဘေးချပေးရတယ်.. ဒါ့ကြောင့်ဘီး ကောင်းဘို့လိုတယ်.. အရင်တုန်းကပါ..

အရင်ကကားတွေက မှန်လုံတွေမဟုတ် ဟုတ်ခဲ့ရင်လည်း အဲယားကွန်းနဲ့မဟုတ်တော့ မှန်ချမောင်းကြတာ ကက်ဆက်စီဒီ ဖွင့်ကြတာလည်းမရှိ ရေဒီယိုလောက်အကောင်းဆုံး ပါတာ.. ဒါတောင် မြို့နဲ့ဝေးရင် အသံမဖမ်းနိုင်ဘူးလေ ဆိုတော့အကွေ့မှာ ဟွန်းသံကြားရတယ်.. ခုခေတ်ကျတော့မရတော့ဘူး ကားတွေက မော်ဒယ်မြင့်လာ အဲယားကွန်းနဲ့ ပါဝါကလည်းကောင်း ဆိုတော့ အလုံပိတ်ပြီး သီချင်းတွေ ဖွင့်ပြီးမောင်းကြတယ်.. အကွေ့တွေမှာ ဟွန်းသံမကြားနိုင်တော့ဘူးလေ.. လမ်းတွေကလည်း ကျယ်လာပါတယ်.. အတက်တွေကလည်း ပြေပြေပြစ်ပြစ်ဖြစ်လာကြတော့ ခုခေတ်ကားမောင်းသူတွေက တောင်ပေါ်လမ်းမောင်းတာများ လွယ်ပါ့ဆိုသလို တွေးလာကြတယ်..

ပေါ့ ကုန်ကားတွေကလည်း ဂျီအမ်စီ ခေတ်ကနေ တီအီး ကနေ ရှစ်ဘီး ဆယ်ဘီး ၁၂ ဘီး စသဖြင့် ပြောင်းလာပြီး ခုဆို ၂၂ ဘီးတွဲကားကြီးတွေ သွားနေကြတာ ဖြစ်လာတယ်.. အဲ့ဒိတွဲကားကြီးတွေ လမ်းမှာ တစ်ခုခုဖြစ်လို့ကတော့ လမ်းပိတ်ပြီပဲ.. အကုန်ရပ်နေကြရမှာ.. ဒီတော့ လမ်းအကွေ့တွေမှာ ဟွန်းတီးရုံသာမကပဲ မှန်ခုံးကြီးတွေ လှူထားတာတွေတပ်လာကြပါတယ်.. ရှမ်းတောင်လမ်းမှာပါ.. မှန်ကို ကြိုကြည့်ရင် ကားလာမလာသိရတယ် ကြိုရှောင်နိုင်တာပေါ့.. ညဘက်ဆို မီးထိုးတာ အဝေးကြီးကမြင်ရတယ်.. အရမ်းကိုကောင်းလာပါတယ်.. အလှူရှင်ကိုလည်း သာဓုခေါ်ရတယ်.. ဒိထက်ကြီးရင်ပိုတောင် ကောင်းမယ်လို့ ပြောရမယ်..

ခေတ်တွေမီလာ ပြောင်းလဲလာ တာနဲ့အမျှ Safety Measures တွေ Safety Systems တွေကလည်း လိုက်ပြောင်းလာကြရတာကို ပြောချင်တာပါ.. အန္တရာယ်ကင်းဘို့ဆိုတာက ဘက်စုံဒေါင့်စုံက တွေးနိုင်တီထွင်နိုင် အသုံးချနိုင်လေ ကောင်းလေပဲ ပေါ့.. အရင့်အရင်တုန်းက အစီအမံတွေကလည်း ရှိနေတုန်းပါပဲ.. အစီအမံအသစ်တွေကလည်း ထပ်ထပ်တိုးနေမြဲပါပဲ သဘာဝပဲလေ သဘာဝလောကပဲပေါ့.. ဘယ်လိုပင် အစီအမံတွေ တိုးတက်ကောင်းမွန်လာတယ်ပြောပြော ငယ်စဥ်ကသိခဲ့တဲ့အသိအတိုင်း တောင်ကြီးမှာကားငှားရင်တော့ ဘီးကောင်းကောင်း ဟွန်းကျယ်ကျယ်လေးတော့ ကြည့်ငှားဖြစ်နေပါတယ်.. ပါးစပ်ကထုတ်မမေးပေမဲ့ မျက်လုံးက မေးနေဆဲပါ.. ကြောက်တတ်တော့ရန်ကင်းတယ်ပေါ့..

ကျနော်ကတော့ ခေါက်ရိုးလေးကျိုးနေဆဲ လူဟောင်းတစ်ယောက်အဖြစ်နဲ့ အတက်ကားတွေကို ဦးစားပေးပြီး အကွေ့တွေမှာ ဟွန်းတီးနေတုန်းပါပဲ ခင်ဗျာ.. crd..(Pi Lon)

zawgyi

ကားသြားငွားေတာ့မယ္ဆိုတိုင္း ဘီးေကာင္းေကာင္းေလး ဟြန္းက်ယ္က်ယ္ေလး ရွာငွားေနာ္.. နံပါတ္ေပါင္းၾကည့္အုန္း လို႔ အိမ္က ဦးေလး ဦးတင္ေမာင္က မွာတတ္တယ္.. သူက ငါးရက္ေဈး ပတ္လိုက္သူဆိုေတာ့ ကားဘီးမေကာင္းရင္ ဘာျဖစ္တတ္သလဲဆိုတာသိတယ္.. ေတာင္ေပၚလမ္းက ဘီးေကာင္းဘို႔လိုတယ္.. ဟြန္းက်ယ္ဘို႔လိုတယ္.. နံပါတ္ေပါင္းရင္ ကိုးမျဖစ္ရဘူး.. ကိုးၿမိဳ႕ရွင္ နယ္ဆိုေတာ့ လူေတာင္ကိုးေယာက္ျဖစ္ေနရင္ ဒ႐ိုင္ဘာက လမ္းက ေက်ာက္ခဲတစ္လုံးေကာက္ထဲ့ၿပီး ေမာင္ေက်ာက္ခဲနဲ႔ဆို ဆယ္ေယာက္ ဒီလိုေျပာရတယ္ေလ..

ေစ်းေျမာက္ဘက္မွာ ကားဂိတ္ေတြရွိတယ္.. ဦးခ်မ္းဓာတ္ပုံတိုက္နဲ႔ ရႈမဝနားမွာ ဂ်စ္ကား ဒတ္ဆန္း ၁၂၀၀ ဒတ္ဆန္း ၁၀၀၀ ဒတ္ဆန္း ၈၅၀ ကေတာ့နည္းနည္းေသးတယ္.. ေဘဘီ ေလးဘီး ဂ်စ္စေတရွင္ ေတြက်ေတာ့ ဟိုနားသည္နားေလာက္ သြားဖို႔ ဂိတ္ထိုးတာေပါ့.. အဲ့ဒီမွာကားသြားေခၚရတာ ကားသြားေခၚရင္ ေက်ာ္ဦးနဲ႔အတူ လမ္းတေလွ်ာက္ေဆာ့ၿပီး သြားၾကတာ ကားေတြေ႐ြး ဘီးေတြကိုင္ၾကည့္ေပါ့.. မာမာေလး နက္နက္ေလးဆိုေကာင္းတယ္.. ဒါပဲ ဟုတ္တယ္ေလ.. ကိုယ္ပိုင္ကားမွ မပိုင္တာ ဘယ့္ႏွယ္သိမလည္း ဆရာႀကီးဒီဇိုင္းနဲ႔ ကြန္ေပါင္းေတာ့ မဟုတ္ပါဘူးေနာ္လို႔ ေျပာခဲ့ေသးတာ ေနာက္က်ေတာ့ ကားသြားငွားစရာသိပ္မလိုေတာ့ဘူး.. ျပည္ေတာ္သာထဲက ဦးစိမ္းေမာင္ရဲ႕ဂ်စ္ကားပဲ ငွားျဖစ္ေတာ့တယ္.. သူ႔နဲ႔ကခင္သြားၿပီးေနာက္ေတာ့ ေဆြမ်ိဳးလိုေတာင္ျဖစ္သြားေတာ့တာ သူ႔ကားနံပတ္က ၂၈၁ တဲ့ ေရွ႕ကဘာမွမပါဘူးရယ္.. ဂ်စ္ကားအစိမ္းေလး ေနာက္ပိုင္း အဲ့ဒိကားပဲစီးျဖစ္ေတာ့တယ္.. သူမအားလပ္လြန္းမွ အျခားကားေပါ့..

ကားေမာင္းေနရင္လည္း အေကြ႕တိုင္းဟြန္းတီး အတက္ကားဆို ဦးစားေပးလိုက္.. မေက်ာ္နဲ႔ ဦး.. ရၿပီေက်ာ္ေက်ာ္.. ႏွစ္စီးလာတယ္.. ဒါၿပီးရင္ေက်ာ္ ဆိုၿပီး ကားသမားကို ကူညီၿပီး ဆရာလုပ္ေနက်ပါပဲ.. အတက္ဆိုလို႔ေျပာရအုန္းမယ္ ဥပမာေပါ့.. သာစည္ကေတာင္ႀကီး လာသမွ် အတက္ကားခ်ည္းလို႔ေခၚၾကတာပဲ.. ေတာင္ႀကီးကေန သာစည္ဆင္းေတာ့ အဆင္းတဲ့ ဘိုင္ေသႀကီး လုပ္တာ ငါကအတက္ပဲ ငါ့ကိုဖယ္ေပး ဒါမ်ိဳး ေပါ့.. ေတာင္ႀကီးကဆင္း ေ႐ႊေညာင္ေတာင္ေလးလုံးကေန ဟဲဟိုးထိ တက္လိုက္ရတဲ့အတက္က် ဘာသြားေျပာမလည္း အရင္ေခတ္က ကားႀကီးဆို ဂ်မ္းတုန္းခုၿပီးေတာင္ တက္ရတာ အဲ့တာက် ဘယ္သူကအတက္လည္း ေပါ့.. တစ္ကယ္ဆို အတက္ကားဦးစားေပးပါလို႔ ေရးမယ့္အစား တစ္ကယ္ကုန္း႐ုန္းတက္ေနသူကို ဦးစားေပးပါ လုပ္သင့္တာ..

ထားပါေတာ့ ေတာင္ေပၚလမ္းဆိုတာ ေကြ႕တိုင္းဟြန္းတီးပါ.. အတက္ကားဦးစားေပးပါ.. အဆင္းရွည္သည္ ဂီယာႀကီးျဖင့္ဆင္းပါ.. ေတာင္ၿပိဳတတ္သည္ စသည္ျဖင့္ သတိေပးဆိုင္းဘုတ္ေတြ တစ္သီႀကီး ထားၾကတာ အဲ့တာေတြၾကည့္ေမာင္းၾကတာပါ.. မေကြ႕ခင္ အေကြ႕မေရာက္ခင္ ဟြန္းရွည္ႀကီးတီး ကိုယ္ကလည္းျပန္နားေထာင္ ဒါမွ ဟိုဘက္က ကားလာေနတယ္ဆိုတာႀကိဳသိ သတိနဲ႔ေမာင္းၾကတာ.. ဒါေၾကာင့္ဟြန္းက်ယ္ဘို႔လိုတယ္.. ဆင္းလည္းအဆင္း ဆင္းၿပီးအေကြ႕ဆို ရပ္ေပးၿပီး အတက္ကိုေစာင့္ေပးၾကတာ လမ္းေတြက ခုေခတ္လိုမက်ယ္ေတာ့ ကားခ်င္းေရွာင္ရင္ ေဘးခ်ေပးရတယ္.. ဒါ့ေၾကာင့္ဘီး ေကာင္းဘို႔လိုတယ္.. အရင္တုန္းကပါ..

အရင္ကကားေတြက မွန္လုံေတြမဟုတ္ ဟုတ္ခဲ့ရင္လည္း အဲယားကြန္းနဲ႔မဟုတ္ေတာ့ မွန္ခ်ေမာင္းၾကတာ ကက္ဆက္စီဒီ ဖြင့္ၾကတာလည္းမရွိ ေရဒီယိုေလာက္အေကာင္းဆုံး ပါတာ.. ဒါေတာင္ ၿမိဳ႕နဲ႔ေဝးရင္ အသံမဖမ္းႏိုင္ဘူးေလ ဆိုေတာ့အေကြ႕မွာ ဟြန္းသံၾကားရတယ္.. ခုေခတ္က်ေတာ့မရေတာ့ဘူး ကားေတြက ေမာ္ဒယ္ျမင့္လာ အဲယားကြန္းနဲ႔ ပါဝါကလည္းေကာင္း ဆိုေတာ့ အလုံပိတ္ၿပီး သီခ်င္းေတြ ဖြင့္ၿပီးေမာင္းၾကတယ္.. အေကြ႕ေတြမွာ ဟြန္းသံမၾကားႏိုင္ေတာ့ဘူးေလ.. လမ္းေတြကလည္း က်ယ္လာပါတယ္.. အတက္ေတြကလည္း ေျပေျပျပစ္ျပစ္ျဖစ္လာၾကေတာ့ ခုေခတ္ကားေမာင္းသူေတြက ေတာင္ေပၚလမ္းေမာင္းတာမ်ား လြယ္ပါ့ဆိုသလို ေတြးလာၾကတယ္..

ေပါ့ ကုန္ကားေတြကလည္း ဂ်ီအမ္စီ ေခတ္ကေန တီအီး ကေန ရွစ္ဘီး ဆယ္ဘီး ၁၂ ဘီး စသျဖင့္ ေျပာင္းလာၿပီး ခုဆို ၂၂ ဘီးတြဲကားႀကီးေတြ သြားေနၾကတာ ျဖစ္လာတယ္.. အဲ့ဒိတြဲကားႀကီးေတြ လမ္းမွာ တစ္ခုခုျဖစ္လို႔ကေတာ့ လမ္းပိတ္ၿပီပဲ.. အကုန္ရပ္ေနၾကရမွာ.. ဒီေတာ့ လမ္းအေကြ႕ေတြမွာ ဟြန္းတီး႐ုံသာမကပဲ မွန္ခုံးႀကီးေတြ လႉထားတာေတြတပ္လာၾကပါတယ္.. ရွမ္းေတာင္လမ္းမွာပါ.. မွန္ကို ႀကိဳၾကည့္ရင္ ကားလာမလာသိရတယ္ ႀကိဳေရွာင္ႏိုင္တာေပါ့.. ညဘက္ဆို မီးထိုးတာ အေဝးႀကီးကျမင္ရတယ္.. အရမ္းကိုေကာင္းလာပါတယ္.. အလႉရွင္ကိုလည္း သာဓုေခၚရတယ္.. ဒိထက္ႀကီးရင္ပိုေတာင္ ေကာင္းမယ္လို႔ ေျပာရမယ္..

ေခတ္ေတြမီလာ ေျပာင္းလဲလာ တာနဲ႔အမွ် Safety Measures ေတြ Safety Systems ေတြကလည္း လိုက္ေျပာင္းလာၾကရတာကို ေျပာခ်င္တာပါ.. အႏၲရာယ္ကင္းဘို႔ဆိုတာက ဘက္စုံေဒါင့္စုံက ေတြးႏိုင္တီထြင္ႏိုင္ အသုံးခ်ႏိုင္ေလ ေကာင္းေလပဲ ေပါ့.. အရင့္အရင္တုန္းက အစီအမံေတြကလည္း ရွိေနတုန္းပါပဲ.. အစီအမံအသစ္ေတြကလည္း ထပ္ထပ္တိုးေနၿမဲပါပဲ သဘာဝပဲေလ သဘာဝေလာကပဲေပါ့.. ဘယ္လိုပင္ အစီအမံေတြ တိုးတက္ေကာင္းမြန္လာတယ္ေျပာေျပာ ငယ္စဥ္ကသိခဲ့တဲ့အသိအတိုင္း ေတာင္ႀကီးမွာကားငွားရင္ေတာ့ ဘီးေကာင္းေကာင္း ဟြန္းက်ယ္က်ယ္ေလးေတာ့ ၾကည့္ငွားျဖစ္ေနပါတယ္.. ပါးစပ္ကထုတ္မေမးေပမဲ့ မ်က္လုံးက ေမးေနဆဲပါ.. ေၾကာက္တတ္ေတာ့ရန္ကင္းတယ္ေပါ့..

က်ေနာ္ကေတာ့ ေခါက္႐ိုးေလးက်ိဳးေနဆဲ လူေဟာင္းတစ္ေယာက္အျဖစ္နဲ႔ အတက္ကားေတြကို ဦးစားေပးၿပီး အေကြ႕ေတြမွာ ဟြန္းတီးေနတုန္းပါပဲ ခင္ဗ်ာ.. crd..(Pi Lon)

Leave a Reply

Your email address will not be published. Required fields are marked *