ရန္ကုန္တိုင္းအစိုးရအဖြဲ႕ထံ ကိုဗစ္ကာကြယ္ေဆးဝယ္ယူႏိုင္ရန္ ေငြက်ပ္သိန္းေပါင္း ၂၆၀၀၀ေက်ာ္ လႉဒါန္းမႈျပဳလုပ္

Coronavirus Disease 2019(COVID-19) ကာကွယ်ဆေးဝယ်ယူရေးအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ ရန်ပုံငွေ စုစုပေါင်းငွေကျပ် သိန်း၂၆၀၀၀ကျော် ပေးအပ်လှူဒါန်းမှုတစ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။အဆိုပါကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးအတွက် ရန်ပုံငွေပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီလ ၂၅ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှိ မင်္ဂလာခန်းမမှာ ပြုလုပ်ခဲ့ရာ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

“ယခုလှူဒါန်းသောအလှူသည် အလွန်မွန်မြတ်သောအလှူဖြစ်ကြောင်းနဲ့ ယခုကဲ့သို့ ကမ္ဘာ့ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရသော အချိန်ကာလမှာ အားလုံးသည် ကာကွယ်ဆေးထိုးနိုင်ရန် မျှော်လင့်နေကြပြီး ကာကွယ်ဆေးထိုးနိုင်ရန် လှူဒါန်းပေးပါသော အလှူရှင်များအားလုံးကို ကျေးဇူးတင်ကြောင်း” ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ထိုသို့ပေးအပ်လှူဒါန်းရာမှာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးနှင့် အစ္စလာမ်ဘာသာဝင်များက ရန်ပုံငွေကျပ်သိန်း ၁၂၀၀၀၊ ဦးစိုင်းမျိုးဝင်း Excellent Fortune Development Group (EFD Group)က ငွေကျပ်သိန်း ၁၀၀၀၀နဲ့ ဂမုန်းပွင့်မိသားစုက ငွေကျပ် ၁၁၁၁ သိန်းတို့ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ငွေကျပ် ၃၆၃၁၇၀၀ဝအပါအဝင် အလှူရှင် ၂၀ကျော်က လှူဒါန်းခဲ့ရာ စုစုပေါင်းလှူဒါန်းငွေကျပ် ၂၆၀၁၅၀၇၀၀၀ ကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများက လက်ခံရယူခဲ့ပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သိရပါတယ်။


(Photos – Chan Son/ The Irrawaddy)

သတင်းအပြည့်အစုံဖတ်ရှုရန်>>>
https://www.myanmaplatform.com/a/53828.html
crd…MyanmaPlatform #News #Domestic

zawgyi

Coronavirus Disease 2019(COVID-19) ကာကြယ္ေဆးဝယ္ယူေရးအတြက္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ထံ ရန္ပုံေငြ စုစုေပါင္းေငြက်ပ္ သိန္း၂၆၀၀၀ေက်ာ္ ေပးအပ္လႉဒါန္းမႈတစ္ရပ္ကို ျပဳလုပ္ခဲ့တယ္လို႔ တိုင္းအစိုးရအဖြဲ႕ရဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။အဆိုပါကိုဗစ္ကာကြယ္ေဆးဝယ္ယူေရးအတြက္ ရန္ပုံေငြေပးအပ္လႉဒါန္းျခင္းကို ဇန္နဝါရီလ ၂၅ရက္ေန႔က ရန္ကုန္တိုင္းအစိုးရအဖြဲ႕႐ုံးရွိ မဂၤလာခန္းမမွာ ျပဳလုပ္ခဲ့ရာ တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းအပါအဝင္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။

“ယခုလႉဒါန္းေသာအလႉသည္ အလြန္မြန္ျမတ္ေသာအလႉျဖစ္ေၾကာင္းနဲ႔ ယခုကဲ့သို႔ ကမာၻ႔ကပ္ေဘးႀကီးနဲ႔ ရင္ဆိုင္ေနရေသာ အခ်ိန္ကာလမွာ အားလုံးသည္ ကာကြယ္ေဆးထိုးႏိုင္ရန္ ေမွ်ာ္လင့္ေနၾကၿပီး ကာကြယ္ေဆးထိုးႏိုင္ရန္ လႉဒါန္းေပးပါေသာ အလႉရွင္မ်ားအားလုံးကို ေက်းဇူးတင္ေၾကာင္း” ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။ထိုသို႔ေပးအပ္လႉဒါန္းရာမွာ အစၥလာမ္ဘာသာေရးအဖြဲ႕ႀကီးႏွင့္ အစၥလာမ္ဘာသာဝင္မ်ားက ရန္ပုံေငြက်ပ္သိန္း ၁၂၀၀၀၊ ဦးစိုင္းမ်ိဳးဝင္း Excellent Fortune Development Group (EFD Group)က ေငြက်ပ္သိန္း ၁၀၀၀၀နဲ႔ ဂမုန္းပြင့္မိသားစုက ေငြက်ပ္ ၁၁၁၁ သိန္းတို႔ကို လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။

ဒါ့ျပင္ ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ေငြက်ပ္ ၃၆၃၁၇၀၀ဝအပါအဝင္ အလႉရွင္ ၂၀ေက်ာ္က လႉဒါန္းခဲ့ရာ စုစုေပါင္းလႉဒါန္းေငြက်ပ္ ၂၆၀၁၅၀၇၀၀၀ ကို ေပးအပ္လႉဒါန္းခဲ့တယ္လို႔ ဆိုပါတယ္။ထို႔ေနာက္ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းနဲ႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ဝန္ႀကီးမ်ားက လက္ခံရယူခဲ့ၿပီးေနာက္ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္ေၾကာင္း သိရပါတယ္။

သတင္းအျပည့္အစုံဖတ္ရႈရန္>>>
https://www.myanmaplatform.com/a/53828.html
crd…MyanmaPlatform #News #Domestic

Leave a Reply

Your email address will not be published. Required fields are marked *