အေမရိကန္စတိုင္ တ႐ုတ္ေလတပ္ႏွင့္ ႐ုရွားေလယာဥ္မ်ားအေၾကာင္း ( ေကာ္ပီဆရာ သာေကာတုိ့ အေႀကာင္း….)

အေမရိကန္စတိုင္ တ႐ုတ္ေလတပ္ႏွင့္ ႐ုရွားေလယာဥ္မ်ားအေၾကာင္း ( ေကာ္ပီဆရာ သာေကာတုိ့ အေႀကာင္း….)ေတာ္ေတာ္မ်ားမ်ားသိၿပီးတဲ့အတိုင္း တ႐ုတ္တို႔ရဲ႕ Shenyang J-11 ဟာ ႐ုရွား ေလေၾကာင္းစိုးမိုးေရး တိုက္ေလယာဥ္ Su-27 ႏွင့္တူတဲ့အျပင္ ဆိုဗီယက္တို႔ဆီက ေကာ္ပီကူးၿပီး Shenyang ေလယာဥ္ထုတ္လုပ္ေရးက ထုတ္လုပ္ထားတာပါ။အေစာပိုင္းမွာ တ႐ုတ္ေတြက သူ႔ရဲ႕နယ္စပ္စည္းကို ကာကြယ္ဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ Su-27 ေတြကို မွာယူခဲ့ၿပီး စာခ်ဳပ္မျပည့္ခင္ ႐ုတ္တရက္ စာခ်ဳပ္ကို ဖ်က္သိမ္းၿပီး ကိုယ္တိုင္ ထုတ္လုပ္ မႈေတြ စတင္ခဲ့ပါတယ္။အဆင့္ျမႇင့္တင္ထားတဲ့ J-11 မ်ားမူလ J-11 မ်ားဟာ Su-27 ဒီဇိုင္းမွ ထုတ္လုပ္ခဲ့ေပမယ့္ ယခုအခါ တ႐ုတ္လုပ္ ပစၥည္းမ်ားကိုသာ တပ္ဆင္အသုံးျပဳေနပါတယ္။ J-11 တြင္ J-11BS (ႏွစ္ေယာက္ေမာင္း တိုက္ခိုက္ေရးပါျပဳလုပ္ႏိုင္သည့္ ေလ့က်င့္ေရးမ်ိဳးကြဲ)၊ ႏွင့္ J-11BH (ေရတပ္ေအာက္ရွိ ေလတပ္တြင္အသုံးျပဳေသာ တိုက္ေလယာဥ္) စသည္ျဖင့္ မ်ိဳးကြဲေပါင္းမ်ားစြာရွိၿပီး အစင္းေရ ၁၂၀ ေလာက္ ၂၀၁၅ ခုႏွစ္အထိ အသုံးျပဳေနတုန္းျဖစ္ပါတယ္။

J 11J-15 ႏွင့္ J-16အဲဒီ့အျပင္ တ႐ုတ္တို႔မွာ J-15 ႏွင့္ J-16 ဆိုၿပီး ေကာ္ပီကူးထားတဲ့ ေနာက္ထပ္ေလယာဥ္ႏွစ္မ်ိဳးရွိပါေသးတယ္။ ပ်ံသန္းေနတဲ့ ငါးမန္း Flying Shark လို႔ေခၚတဲ့ J-15 ဟာ ဆိုဗီယက္တို႔ရဲ႕ Su-33 ေတြရဲ႕ ဒီဇိုင္းကို ကူးယူထားတာျဖစ္ပါတယ္။ပုံစံကေတာ့ အေတာင္ပံေတြကိုေခါက္ႏိုင္တဲ့ Su-27 နဲ႔တူၿပီးေတာ့ landing gear ႏွင့္ ေလယာဥ္တင္သေဘၤာတြင္ ဆင္းသက္ႏိုင္ရန္ arresting hook ခ်ိတ္ကို တပ္ဆင္ၿပီး အဆင့္ျမႇင့္တင္ထားပါတယ္။၂၀၀၆ ခုႏွစ္မွာ တ႐ုတ္တို႔ဟာ ႐ုရွားဆီမွ Su332 ၂ စီးကို ေဒၚလာ သန္း ၁၀၀ ျဖင့္ ဝယ္ယူဖို႔ ႀကိဳးစားေပမယ့္ ႐ုရွားတို႔က ေရာင္းခ်ရန္ ျငင္းဆန္ခဲ့ပါတယ္။

႐ုရွားတို႔ ေရာင္းခ်လိုစိတ္မရွိသည္ကို သိရေသာေၾကာင့္ တပတ္လွည့္အေနျဖင့္ ယူကရိန္းထံမွ Su-33 ေရွ႕ေျပးပုံစံကို ဝယ္ယူခဲ့ၿပီးေနာက္ ၂၀၀၉ ခုႏွစ္မွာပဲ ပုံစံတူ J-15 ကို ပထမဆုံးထုတ္လုပ္ႏိုင္ခဲ့ၿပီး ၂၀၁၂ ခုႏွစ္မွာ J-15 ၂ စီးဟာ ေလယာဥ္တင္သေဘၤာ ေလ်ာင္နင္ေပၚသို႔ ပထမဆုံး ဆင္းသက္ႏိုင္ခဲ့ပါတယ္။J 15မၾကာခင္မွာဘဲ ပ်ံသန္းေနတဲ့ငါးမန္းလို႔ေခၚတဲ့ ေလယာဥ္ ၂၄ စီးဟာ တ႐ုတ္ေလယာဥ္ တင္သေဘၤာေပၚမွာ ေတြ႕ရွိရေတာ့တာပါပဲ။J-15 ကို FA-18E/F series ႏွင့္ ယွဥ္ဖို႔ထုတ္လုပ္ခဲ့ေပမယ့္ ေလယာဥ္ဟာႀကီးမားၿပီး အသုံးျပဳထားတဲ့ WS-10A အင္ဂ်င္ဟာ ဝန္အျပည့္ႏွင့္ ပ်ံတက္ရာမွာ လက္နက္အျပည့္အဝ သယ္ေဆာင္ဖို႔ရာ အခက္အခဲရွိပါတယ္။ဝန္အျပည့္ႏွင့္ J-15 ေတြဟာ လက္ရွိ တ႐ုတ္ေလယာဥ္တင္ သေဘၤာရဲ႕ Ski Jump နဲ႔ ပ်ံတက္ေနသေ႐ြ႕ သူ႔ရဲ႕စြမ္းေဆာင္ရည္အျပည့္ကို ရရွိႏိုင္မွာမဟုတ္ပါဘူး။အထူး သျဖင့္ ဆီေလွ်ာ့သယ္ရသျဖင့္ စစ္ဆင္ႏိုင္သည့္ အကြာအေဝး ေလွ်ာ့နည္းသြားမည့္အျပင္လက္နက္ ေလွ်ာ့သယ္ရသျဖင့္ ရန္သူႏွင့္ရင္ဆိုင္ရာတြင္ တပန္းရႈံးေနပါတယ္။

ေနာက္တစ္စီးကေတာ့ အနီေရာင္လင္းယုန္ Red Eagle လို႔ေခၚတဲ့ J-16 ပါ။ J-16 ကို ႏွစ္ေယာက္ေမာင္း Su-30MKK2 ကေန ကိုေ႐ႊတ႐ုတ္တို႔က မ်ိဳးစပ္ေပးလိုက္တာပါJ 16တ႐ုတ္တို႔ဟာ အဲဒီ့တုန္းကေခတ္ၿပိဳင္ F-15 မ်ားကို ယွဥ္ၿပိဳင္ဖို႔ မလႊဲမေရွာင္သာ ေကာ္ပီကူးလိုက္ရတာေနမွာပါ။သတင္းမ်ားအရ တ႐ုတ္တို႔ဟာ ၂၀၀၀ ခုႏွစ္ႏွင့္ ၂၀၀၃ ခုႏွစ္ၾကားမွာ J-16 ေပါင္း ၇၃ စီးခန႔္ထုတ္လုပ္ခဲ့ၿပီး ဝယ္ယူအသုံးျပဳခဲ့တဲ့ ႐ုရွား Su-30MKK2 ကိုေတာ့ ၂၀၀၄ ခုႏွစ္မွာ အဆင့္ျမႇင့္တင္မႈမ်ား ျပဳလုပ္ခဲ့ၿပီး ေရတပ္အတြက္ သေဘၤာတိုက္ဖ်က္ေရးတာဝန္မ်ားကို ထမ္းေဆာင္ေစခဲ့ပါတယ္။၂၀၂၀ မွာ J-16s ေပါင္း အစီး ၁၀၀ အထိ ထုတ္လုပ္သြားမယ္လို႔သိရပါတယ္။ဒီဇင္ဘာ ၂၀၁၅ မွာေတာ့ FA-18 Growler အီလက္ထေရာနစ္စစ္ပြဲသုံး ေလယာဥ္မ်ားကို ယွဥ္ႏိုင္ဖို႔ရာ J-16D မ်ိဳးကြဲကို ေတာင္ပံမ်ားမွာ အီလက္ထေရာနစ္ Jamming pods မ်ားတပ္ဆင္ခဲ့ပါတယ္။

J-15 ႏွင့္ J-16 ႏွစ္မ်ိဳးလုံးမွာ အဆင့္ျမင့္ AESA ေရဒါမ်ားကို တပ္ဆင္ထားတဲ့အတြက္ ေလေပၚတိုက္ပြဲမ်ားမွာ ပိုမိုေကာင္းမြန္ေစၿပီး ပစ္မွတ္ေပါင္းမ်ားစြာကို တိက်လမ္းၫႊန္စနစ္ျဖင့္ ပစ္ခတ္ႏိုင္မွာျဖစ္ပါတယ္။ဒီေလယာဥ္ေတြမွာ ရန္သူ႔ေရဒါမွ ဖမ္းယူႏိုင္မႈ ေလွ်ာ့ခ်ေပးႏိုင္ေအာင္လည္း တည္ေဆာက္ထားပါတယ္။ ၂၀၁၅ မွာေတာ့ အဆင့္ျမင့္နည္းပညာမ်ား အသုံးျပဳထားတဲ့ J-11D ရဲ႕ ေရွ႕ျပးပုံစံကို ထုတ္ျပၿပီး စစ္ေရးေလ့လာသူမ်ားကို အံ့အားသင့္ေစခဲ့ပါတယ္။ဒီ J-11D မွာ j-15 ႏွင့္ J-16 လိုပဲ AESA ေရဒါ အျပင္ ရန္သူ႔ ေရဒါဖမ္းယူႏိုင္မႈ ကိုေလွ်ာ့ခ်ႏိုင္ေအာင္ တည္ေဆာက္ထားပါတယ္။

ဒီေလယာဥ္ ၃ စီးဟာ ႐ုရွားနည္းပညာႏွင့္ အေမရိကန္စတိုင္ ေလတပ္ဖြဲ႕စည္းမႈပုံစံ တ႐ုတ္တို႔က လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး မ်က္ေမွာက္ေခတ္ ပၪၥမမ်ိဳးဆက္ တိုက္ေလယာဥ္မ်ားႏွင့္ ဘယ္လိုမ်ိဳး တ႐ုတ္ေလတပ္ကို တည္ေဆာက္သြားမလဲဆိုတာ ေလ့လာရဦးမွာပါ။

crd…..#news
unicode

အမေရိကန်စတိုင် တရုတ်လေတပ်နှင့် ရုရှားလေယာဉ်များအကြောင်း ( ကော်ပီဆရာ သာကောတို့ အကြောင်း….)တော်တော်များများသိပြီးတဲ့အတိုင်း တရုတ်တို့ရဲ့ Shenyang J-11 ဟာ ရုရှား လေကြောင်းစိုးမိုးရေး တိုက်လေယာဉ် Su-27 နှင့်တူတဲ့အပြင် ဆိုဗီယက်တို့ဆီက ကော်ပီကူးပြီး Shenyang လေယာဉ်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။အစောပိုင်းမှာ တရုတ်တွေက သူ့ရဲ့နယ်စပ်စည်းကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ Su-27 တွေကို မှာယူခဲ့ပြီး စာချုပ်မပြည့်ခင် ရုတ်တရက် စာချုပ်ကို ဖျက်သိမ်းပြီး ကိုယ်တိုင် ထုတ်လုပ် မှုတွေ စတင်ခဲ့ပါတယ်။အဆင့်မြှင့်တင်ထားတဲ့ J-11 များမူလ J-11 များဟာ Su-27 ဒီဇိုင်းမှ ထုတ်လုပ်ခဲ့ပေမယ့် ယခုအခါ တရုတ်လုပ် ပစ္စည်းများကိုသာ တပ်ဆင်အသုံးပြုနေပါတယ်။ J-11 တွင် J-11BS (နှစ်ယောက်မောင်း တိုက်ခိုက်ရေးပါပြုလုပ်နိုင်သည့် လေ့ကျင့်ရေးမျိုးကွဲ)၊ နှင့် J-11BH (ရေတပ်အောက်ရှိ လေတပ်တွင်အသုံးပြုသော တိုက်လေယာဉ်) စသည်ဖြင့် မျိုးကွဲပေါင်းများစွာရှိပြီး အစင်းရေ ၁၂၀ လောက် ၂၀၁၅ ခုနှစ်အထိ အသုံးပြုနေတုန်းဖြစ်ပါတယ်။

J 11J-15 နှင့် J-16အဲဒီ့အပြင် တရုတ်တို့မှာ J-15 နှင့် J-16 ဆိုပြီး ကော်ပီကူးထားတဲ့ နောက်ထပ်လေယာဉ်နှစ်မျိုးရှိပါသေးတယ်။ ပျံသန်းနေတဲ့ ငါးမန်း Flying Shark လို့ခေါ်တဲ့ J-15 ဟာ ဆိုဗီယက်တို့ရဲ့ Su-33 တွေရဲ့ ဒီဇိုင်းကို ကူးယူထားတာဖြစ်ပါတယ်။ပုံစံကတော့ အတောင်ပံတွေကိုခေါက်နိုင်တဲ့ Su-27 နဲ့တူပြီးတော့ landing gear နှင့် လေယာဉ်တင်သင်္ဘောတွင် ဆင်းသက်နိုင်ရန် arresting hook ချိတ်ကို တပ်ဆင်ပြီး အဆင့်မြှင့်တင်ထားပါတယ်။၂၀၀၆ ခုနှစ်မှာ တရုတ်တို့ဟာ ရုရှားဆီမှ Su332 ၂ စီးကို ဒေါ်လာ သန်း ၁၀၀ ဖြင့် ဝယ်ယူဖို့ ကြိုးစားပေမယ့် ရုရှားတို့က ရောင်းချရန် ငြင်းဆန်ခဲ့ပါတယ်။

ရုရှားတို့ ရောင်းချလိုစိတ်မရှိသည်ကို သိရသောကြောင့် တပတ်လှည့်အနေဖြင့် ယူကရိန်းထံမှ Su-33 ရှေ့ပြေးပုံစံကို ဝယ်ယူခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်မှာပဲ ပုံစံတူ J-15 ကို ပထမဆုံးထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ J-15 ၂ စီးဟာ လေယာဉ်တင်သင်္ဘော လျောင်နင်ပေါ်သို့ ပထမဆုံး ဆင်းသက်နိုင်ခဲ့ပါတယ်။J 15မကြာခင်မှာဘဲ ပျံသန်းနေတဲ့ငါးမန်းလို့ခေါ်တဲ့ လေယာဉ် ၂၄ စီးဟာ တရုတ်လေယာဉ် တင်သင်္ဘောပေါ်မှာ တွေ့ရှိရတော့တာပါပဲ။J-15 ကို FA-18E/F series နှင့် ယှဉ်ဖို့ထုတ်လုပ်ခဲ့ပေမယ့် လေယာဉ်ဟာကြီးမားပြီး အသုံးပြုထားတဲ့ WS-10A အင်ဂျင်ဟာ ဝန်အပြည့်နှင့် ပျံတက်ရာမှာ လက်နက်အပြည့်အဝ သယ်ဆောင်ဖို့ရာ အခက်အခဲရှိပါတယ်။ဝန်အပြည့်နှင့် J-15 တွေဟာ လက်ရှိ တရုတ်လေယာဉ်တင် သင်္ဘောရဲ့ Ski Jump နဲ့ ပျံတက်နေသရွေ့ သူ့ရဲ့စွမ်းဆောင်ရည်အပြည့်ကို ရရှိနိုင်မှာမဟုတ်ပါဘူး။အထူး သဖြင့် ဆီလျှော့သယ်ရသဖြင့် စစ်ဆင်နိုင်သည့် အကွာအဝေး လျှော့နည်းသွားမည့်အပြင်လက်နက် လျှော့သယ်ရသဖြင့် ရန်သူနှင့်ရင်ဆိုင်ရာတွင် တပန်းရှုံးနေပါတယ်။

နောက်တစ်စီးကတော့ အနီရောင်လင်းယုန် Red Eagle လို့ခေါ်တဲ့ J-16 ပါ။ J-16 ကို နှစ်ယောက်မောင်း Su-30MKK2 ကနေ ကိုရွှေတရုတ်တို့က မျိုးစပ်ပေးလိုက်တာပါJ 16တရုတ်တို့ဟာ အဲဒီ့တုန်းကခေတ်ပြိုင် F-15 များကို ယှဉ်ပြိုင်ဖို့ မလွှဲမရှောင်သာ ကော်ပီကူးလိုက်ရတာနေမှာပါ။သတင်းများအရ တရုတ်တို့ဟာ ၂၀၀၀ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်ကြားမှာ J-16 ပေါင်း ၇၃ စီးခန့်ထုတ်လုပ်ခဲ့ပြီး ဝယ်ယူအသုံးပြုခဲ့တဲ့ ရုရှား Su-30MKK2 ကိုတော့ ၂၀၀၄ ခုနှစ်မှာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ပြီး ရေတပ်အတွက် သင်္ဘောတိုက်ဖျက်ရေးတာဝန်များကို ထမ်းဆောင်စေခဲ့ပါတယ်။၂၀၂၀ မှာ J-16s ပေါင်း အစီး ၁၀၀ အထိ ထုတ်လုပ်သွားမယ်လို့သိရပါတယ်။ဒီဇင်ဘာ ၂၀၁၅ မှာတော့ FA-18 Growler အီလက်ထရောနစ်စစ်ပွဲသုံး လေယာဉ်များကို ယှဉ်နိုင်ဖို့ရာ J-16D မျိုးကွဲကို တောင်ပံများမှာ အီလက်ထရောနစ် Jamming pods များတပ်ဆင်ခဲ့ပါတယ်။

J-15 နှင့် J-16 နှစ်မျိုးလုံးမှာ အဆင့်မြင့် AESA ရေဒါများကို တပ်ဆင်ထားတဲ့အတွက် လေပေါ်တိုက်ပွဲများမှာ ပိုမိုကောင်းမွန်စေပြီး ပစ်မှတ်ပေါင်းများစွာကို တိကျလမ်းညွှန်စနစ်ဖြင့် ပစ်ခတ်နိုင်မှာဖြစ်ပါတယ်။ဒီလေယာဉ်တွေမှာ ရန်သူ့ရေဒါမှ ဖမ်းယူနိုင်မှု လျှော့ချပေးနိုင်အောင်လည်း တည်ဆောက်ထားပါတယ်။ ၂၀၁၅ မှာတော့ အဆင့်မြင့်နည်းပညာများ အသုံးပြုထားတဲ့ J-11D ရဲ့ ရှေ့ပြးပုံစံကို ထုတ်ပြပြီး စစ်ရေးလေ့လာသူများကို အံ့အားသင့်စေခဲ့ပါတယ်။ဒီ J-11D မှာ j-15 နှင့် J-16 လိုပဲ AESA ရေဒါ အပြင် ရန်သူ့ ရေဒါဖမ်းယူနိုင်မှု ကိုလျှော့ချနိုင်အောင် တည်ဆောက်ထားပါတယ်။

ဒီလေယာဉ် ၃ စီးဟာ ရုရှားနည်းပညာနှင့် အမေရိကန်စတိုင် လေတပ်ဖွဲ့စည်းမှုပုံစံ တရုတ်တို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး မျက်မှောက်ခေတ် ပဉ္စမမျိုးဆက် တိုက်လေယာဉ်များနှင့် ဘယ်လိုမျိုး တရုတ်လေတပ်ကို တည်ဆောက်သွားမလဲဆိုတာ လေ့လာရဦးမှာပါ။

crd…..

Leave a Reply

Your email address will not be published. Required fields are marked *