ဂ်ပန္ႏိုင္ငံအစိုးရက ေဆးဘက္ဆိုင္ရာစက္ပစၥည္းကိရိယာမ်ား ျမန္မာႏိုင္ငံအစိုးရကို ေထာက္ပံ့

လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ (Coronavirus Disease 2019, COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသရန္အတြက္ အေမရိကန္ေဒၚလာ ၅.၁၈ သန္းခန႔္တန္ဖိုးရွိ ဂ်ပန္ႏိုင္ငံ၏ အေထာက္အပံ့စီမံကိန္းအရကုလသမဂၢစီမံကိန္းဝန္ေဆာင္မႈ႐ုံး (United Nations Office for Project Services, UNOPS) ႏွင့္ပူးေပါင္းကာ ဝယ္ယူထားေသာ ေဆးဘက္ဆိုင္ရာစက္ ပစၥည္းကိရိယာမ်ားကို ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆိုင္ရာဂ်ပန္သံ႐ုံး၊စီးပြားေရးႏွင့္ဖြံ႕ၿဖိဳးမႈအ ေထာက္အပံ့ေပးေရးဌာနမွ သံမႉး Mr. TAKIMI Kazuyuki က ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနသို႔ ယေန႔တြင္ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္းဂ်ပန္သံ႐ုံးကထုတ္ျပန္သည္။

ယခုတစ္ေခါက္လႊဲေျပာင္းေပးအပ္ခဲ့ေသာ ေဆးဘက္ဆိုင္ရာစက္ပစၥည္းကိရိယာမ်ားမွာ Medical Waste Disposal Equipment ၁၀ လုံး၊ centrifuges ၃ လုံးႏွင့္ Autoclave ၄ လုံးျဖစ္ၿပီးျမန္မာ ႏိုင္ငံအမ်ိဳးသားက်န္းမာ‌ေရးဓာတ္ခြဲခန္းႏွင့္ ျမန္မာႏိုင္ငံတစ္ဝန္းရွိ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ ရာဌာနႏွင့္ ျပည္သူ႔ေဆး႐ုံႀကီးမ်ားတြင္ အသုံးျပဳရန္အတြက္ ေထာက္ပံ့ေပးအပ္ျခင္းျဖစ္သည္ဟုသံ႐ုံးကဆိုသည္။ဂ်ပန္ႏိုင္ငံအစိုးရသည္ အေမရိကန္ေဒၚလာ ၅.၁၈ သန္းခန္႔ တန္ဖိုးရွိ အရည္အေသြးျမင့္ ေဆးဘက္ဆိုင္ရာစက္ပစၥည္းကိရိယာမ်ားကို ပံ့ပိုးေပးသည့္ အေထာက္အပံ့စီမံကိန္းအရ PCR စက္မ်ား၊

PCR နည္းပညာျဖင့္စစ္ေဆးမႈအတြက္ လက္ပ္ေတာ့ကြန္ပ်ဴတာမ်ား၊ PCR Test Kits၊ RNA extraction kits ႏွင့္ molecular biological grade ethanol ကဲ့သို႔ေသာ ဓာတ္ခြဲပစၥည္းမ်ား (Reagents) ၊အထူးၾကပ္မတ္ကုသေဆာင္ (ICU Facilities) မ်ားအတြက္ power supply units ႏွင့္ ေဆးဘက္ဆိုင္ရာအေဆာက္အအုံမ်ားအတြက္ generator မ်ားကို အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲ ခန္းႏွင့္ ျပည္သူ႔ေဆး႐ုံႀကီးမ်ားသို႔ လႊဲေျပာင္းေပးအပ္ၿပီးျဖစ္ကာ ဤအေထာက္အပံ့စီမံကိန္း အရ လူနာတင္ယာဥ္မ်ား၊

Test Kits၊ mobile X-Ray၊ Medical Monitor ႏွင့္ Pulse oximeter စသည္တို႔ကို ဆက္လက္ ဝယ္ယူသြားမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံအစိုးရသို႔ ဆက္တိုက္ လႊဲေျပာင္း ေပးအပ္သြားမည္ဟု သံ႐ုံးကဆက္လက္ေျပာဆိုထားသည္။

crd….

unicode

လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019, COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရန်အတွက် အမေရိကန်ဒေါ်လာ ၅.၁၈ သန်းခန့်တန်ဖိုးရှိ ဂျပန်နိုင်ငံ၏ အထောက်အပံ့စီမံကိန်းအရကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services, UNOPS) နှင့်ပူးပေါင်းကာ ဝယ်ယူထားသော ဆေးဘက်ဆိုင်ရာစက် ပစ္စည်းကိရိယာများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊စီးပွားရေးနှင့်ဖွံ့ဖြိုးမှုအ ထောက်အပံ့ပေးရေးဌာနမှ သံမှူး Mr. TAKIMI Kazuyuki က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ယနေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းဂျပန်သံရုံးကထုတ်ပြန်သည်။

ယခုတစ်ခေါက်လွှဲပြောင်းပေးအပ်ခဲ့သော ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများမှာ Medical Waste Disposal Equipment ၁၀ လုံး၊ centrifuges ၃ လုံးနှင့် Autoclave ၄ လုံးဖြစ်ပြီးမြန်မာ နိုင်ငံအမျိုးသားကျန်းမာ‌ရေးဓာတ်ခွဲခန်းနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင် ရာဌာနနှင့် ပြည်သူ့ဆေးရုံကြီးများတွင် အသုံးပြုရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်ဟုသံရုံးကဆိုသည်။ဂျပန်နိုင်ငံအစိုးရသည် အမေရိကန်ဒေါ်လာ ၅.၁၈ သန်းခန့် တန်ဖိုးရှိ အရည်အသွေးမြင့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများကို ပံ့ပိုးပေးသည့် အထောက်အပံ့စီမံကိန်းအရ PCR စက်များ၊

PCR နည်းပညာဖြင့်စစ်ဆေးမှုအတွက် လက်ပ်တော့ကွန်ပျူတာများ၊ PCR Test Kits၊ RNA extraction kits နှင့် molecular biological grade ethanol ကဲ့သို့သော ဓာတ်ခွဲပစ္စည်းများ (Reagents) ၊အထူးကြပ်မတ်ကုသဆောင် (ICU Facilities) များအတွက် power supply units နှင့် ဆေးဘက်ဆိုင်ရာအဆောက်အအုံများအတွက် generator များကို အမျိုးသားကျန်းမာရေးဓာတ်ခွဲ ခန်းနှင့် ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကာ ဤအထောက်အပံ့စီမံကိန်း အရ လူနာတင်ယာဉ်များ၊

Test Kits၊ mobile X-Ray၊ Medical Monitor နှင့် Pulse oximeter စသည်တို့ကို ဆက်လက် ဝယ်ယူသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရသို့ ဆက်တိုက် လွှဲပြောင်း ပေးအပ်သွားမည်ဟု သံရုံးကဆက်လက်ပြောဆိုထားသည်။

crd….

Leave a Reply

Your email address will not be published. Required fields are marked *