၂၀၂၁ ခုႏွစ္ ဇန္နဝါရီလကေတာ့ ထိုင္ဝမ္ေလတပ္ႏွင့္ ေလေၾကာင္းရန္ ကာကြယ္ေရးတပ္ဖြဲ႕ေတြ အိပ္ေကာင္းခ်င္းမအိပ္ရတဲ့ လ ျဖစ္လာခဲ့ျပီလား….

၂၀၂၁ ခုႏွစ္ ဇန္နဝါရီလကေတာ့ ထိုင္ဝမ္ေလတပ္ႏွင့္ ေလေၾကာင္းရန္ ကာကြယ္ေရးတပ္ဖြဲ႕ေတြ အိပ္ေကာင္းခ်င္းမအိပ္ရတဲ့ လ ျဖစ္လာခဲ့ျပီလား….ထိုင္ဝမ္ႏိုင္ငံ ေလေၾကာင္းရန္ကာကြယ္ေရးစိစစ္ခြဲျခားေရးဇုန္အတြင္းသို႔ တ႐ုတ္တိုက္ေလယာဥ္မ်ား၊ကင္းေထာက္ေလယာဥ္မ်ားႏွင့္ အီလက္ထေရာနစ္ စစ္ဆင္ေရးေလယာဥ္မ်ား အလုံးအရင္းႏွင့္ က်ဴးေက်ာ္ဝင္ေရာက္ပ်ံသန္း ေမာင္းႏွင္ခဲ့ၾကသည့္ တစ္ေန႔တည္းမွာပင္ အေမရိကန္ႏိုင္ငံသည္ ေတာင္ တ႐ုတ္ပင္လယ္အတြင္းသို႔ ေလယာဥ္တင္သေဘၤာတိုက္ခိုက္ေရးအုပ္စုအား ေစလႊတ္ခဲ့ျခင္း။

ထိုင္ဝမ္ႏိုင္ငံေလေၾကာင္းရန္ကာကြယ္ေရး စိစစ္ခြဲျခားေရးဇုန္အတြင္းသို႔ တ႐ုတ္စစ္ေလယာဥ္ ၁၅ စီး ဇန္နဝါရီလ ၂၄ ရက္ေန႔ တြင္ တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း စုၿပဳံဝင္ေရာက္လာခဲ့ၾကပါတယ္။၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ အတြင္း အႀကိမ္ ၂၀ ေျမာက္က်ဴးေက်ာ္ဝင္ေရာက္ပ်ံသန္းျခင္း လည္းျဖစ္ပါ တယ္။ဒီတစ္ေခါက္ဝင္ေရာက္လာတဲ့ေလယာဥ္ေတြကေတာ့ အမ်ိဳးအစား စုံလင္ လွပါတယ္။

တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ ေလတပ္ရဲ႕ Shaanxi Y-8 ေရငုပ္သေဘၤာစစ္ဆင္ေရးေလယာဥ္မ်ား၊Su-30 တိုက္ေလယာဥ္(၂)စီး၊J-16 တိုက္ေလယာဥ္(၄)စီး၊J-10 တိုက္ေလယာဥ္(၆)စီးႏွင့္ Shaanxi Y-8 ကင္းေထာက္ေလယာဥ္ ၁ စီးတို႔ပါဝင္ခဲ့ၾကၿပီး ထိုင္ဝမ္ႏိုင္ငံ ADIZ ၏ အေနာက္ေတာင္ဘက္သို႔ လူးလာေခါက္တုံ႔ပ်ံသန္းခဲ့ၾကေၾကာင္း ထိုင္ဝမ္အမ်ိဳး သားကာကြယ္ေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ခ်က္အရ သိရွိရပါတယ္။

CRD_သက္ထူးခန႔္ပိုင္(ေရနံေခ်ာင္း)

unicode

၂၀၂၁ ခုနှစ် ဇန်နဝါရီလကတော့ ထိုင်ဝမ်လေတပ်နှင့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေ အိပ်ကောင်းချင်းမအိပ်ရတဲ့ လ ဖြစ်လာခဲ့ပြီလား….ထိုင်ဝမ်နိုင်ငံ လေကြောင်းရန်ကာကွယ်ရေးစိစစ်ခွဲခြားရေးဇုန်အတွင်းသို့ တရုတ်တိုက်လေယာဉ်များ၊ကင်းထောက်လေယာဉ်များနှင့် အီလက်ထရောနစ် စစ်ဆင်ရေးလေယာဉ်များ အလုံးအရင်းနှင့် ကျူးကျော်ဝင်ရောက်ပျံသန်း မောင်းနှင်ခဲ့ကြသည့် တစ်နေ့တည်းမှာပင် အမေရိကန်နိုင်ငံသည် တောင် တရုတ်ပင်လယ်အတွင်းသို့ လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုအား စေလွှတ်ခဲ့ခြင်း။

ထိုင်ဝမ်နိုင်ငံလေကြောင်းရန်ကာကွယ်ရေး စိစစ်ခွဲခြားရေးဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ် ၁၅ စီး ဇန်နဝါရီလ ၂၄ ရက်နေ့ တွင် တစ်ချိန်တည်း တစ်ပြိုင်တည်း စုပြုံဝင်ရောက်လာခဲ့ကြပါတယ်။၂၀၂၁ ခုနှစ် ဇန်နဝါရီလ အတွင်း အကြိမ် ၂၀ မြောက်ကျူးကျော်ဝင်ရောက်ပျံသန်းခြင်း လည်းဖြစ်ပါ တယ်။ဒီတစ်ခေါက်ဝင်ရောက်လာတဲ့လေယာဉ်တွေကတော့ အမျိုးအစား စုံလင် လှပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်ရဲ့ Shaanxi Y-8 ရေငုပ်သင်္ဘောစစ်ဆင်ရေးလေယာဉ်များ၊Su-30 တိုက်လေယာဉ်(၂)စီး၊J-16 တိုက်လေယာဉ်(၄)စီး၊J-10 တိုက်လေယာဉ်(၆)စီးနှင့် Shaanxi Y-8 ကင်းထောက်လေယာဉ် ၁ စီးတို့ပါဝင်ခဲ့ကြပြီး ထိုင်ဝမ်နိုင်ငံ ADIZ ၏ အနောက်တောင်ဘက်သို့ လူးလာခေါက်တုံ့ပျံသန်းခဲ့ကြကြောင်း ထိုင်ဝမ်အမျိုး သားကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

CRD_သက်ထူးခန့်ပိုင်(ရေနံချောင်း)

Leave a Reply

Your email address will not be published. Required fields are marked *