ဆန္ထဲမွာ အာဆင္းနစ္အဆိပ္ေတြ ပါလာျခင္း အေၾကာင္းအရင္းႏွင့္ ဘာဗီတာမင္မွ မပါတဲ့ ျမန္မာဆန္

ဆန်ကို ဖြူအောင်ကြိတ်စက်နဲ့ ချွတ်လိုက်တဲ့အခါ အပေါ်လွှာ အာဟာရတွေ ဖိုင်ဘာဓါတ်တွေ ပါတဲ့ အပြင်လွှာဟာ ဖွဲအဖြစ်ရောက်သွားပါတယ်၊ ဗိုက်တာမင်တွေ၊ သတ္တုဓါတ်တွေပါကုန်တယ်၊ ဆန်မှာ ကာဗွန်ဟိုက်ဒရိတ်ကလွဲရင် ဘာမှမကျန်တော့ဘူးတဲ့၊ ဒါကြောင့် အခွံပဲချွတ်ထားတဲ့ ဆန်ညိုဟာ ပိုပြီးကျမ်းမာရေးနဲ့ညီတယ်။နိုင်ငံခြားမှာတော့ ဆန်ကို ဗိုက်တာမင်တွေသတ္တုဓါတ်တွေ အပေါ်က ဖျန်းပြီး ရောင်းတယ်။ထမင်းဖြူ အများအပြားစားတဲ့ လူ သုံးသိန်းငါးသောင်းကျော်ကို ဆန်းစစ်ကြည့်တဲ့အခါ ကာဗွန်ဟိုက်ဒရိတ်ကလွဲရင် ဘာဗိုက်တာမင်မှ မကျန်တော့တဲ့ ဆန်ဖွေးဖွေးလှလှတွေဟာ သွေးထဲသကြားဓါတ်များစေလို့ type 2 diabetes ဆီးချိုရောဂါဖြစ်စေတယ်၊ ဆီးချိုဖြစ်ဖို့ အားပေးတယ်၊ ဒါကြောင့်ဆီးချိုဖြစ်သူတွေဟာ ထမင်း လျော့စားရပါတယ်။

ထမင်းဖြူဟာ လျောလျောရှုရှု ဝင်လို့ များများစားနိုင်တယ်၊ အစာအိမ်က အမြန် အစာချေဖျက် ပစ်တယ်၊ ဗိုက်ပြန်ဆာလာတယ်။ ထမင်းစားပြီး နေ့လည် ၂ နာရီ ၃ နာရီဆို မြန်မာတွေဟာ သားရေစာ စားချင်လာတယ်၊ ဗိုက်ထွက်လာတယ်။ဆန်ကြမ်းစားသူဟာ ဖိုင်ဘာတွေ သတ္တုဓါတ်တွေပါလို့ မပျော့ပြောင်းတဲ့အတွက် နည်းနည်းပဲ စားနိုင်တယ်။ နှလုံးကို ကာကွယ်ပေးနိုင်တယ်၊ သွေးကြောမာတာမျိုး မဖြစ်စေဘူး။ ဝတာ လျော့ချပေးနိုင်တယ်။နောက်တခုက ဆန်ဟာ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ စိုက်ကြတော့ မြစ်အပေါ်ပိုင်းက သတ္တုတူးဖေါ်ရာကနေ အာဆင်းနစ်တွေ မြစ်ဝကျွန်းပေါ်ရောက်လာလို့ ဆန်ထဲမှာ အာဆင်းနစ်အဆိပ်တွေ ပါလာတယ်၊ ကင်ဆာဖြစ်နှုံး တက်လာပါတယ်။

ဆန်ကြမ်းဟာ အာဆင်းနစ်တွေကို ပြည့်ဝစွာမချွတ်ထားနိုင်တာကြောင့် အာဆင်းနစ်ပါဝင်မှုပိုများတယ်။ ကင်ဆာနဲ့ နှလုံးရောဂါရစေတယ်။ ဆန်ထဲမှာ အာဆင်းနစ်ပါဝင်မှုနည်းတဲ့ဆန်က jasmine rice စပယ်ဆန် နဲ့ Basmati ဘာစမတီ ဆန် ဖြစ်ပါတယ်။မြစ်အထက်ပိုင်း၊ မြစ်ချောင်းနဲ့ဝေးရာ၊ ဧရာဝတီနဲ့ဝေးရာက ဆန်တွေဟာ အာဆင်းနစ် နည်းကောင်း နည်းမယ်။ ဟိမဝန္တာဒေသ နဲ့ တောင်ယာဆန်ဟာ ကျမ်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ဆန်ကိုချက်တဲ့အခါ ပိုးသတ်ဆေးအကြွင်းအကျန်နဲ့ မကောင်းတဲ့အဆိပ်တွေ ရေထဲပျော်ကျသွားဖို့ တညတာ ရေစိမ်ထားသင့်ပါတယ်။

ဆန်ကိုစားတဲ့အခါ လျော့စားပါ၊ အသီးအရွက်နဲ့ဆတူစားပါ၊ မိမိ လေ့ကျင့်ခန်းမလုပ်နိုင်ပဲ ရုံးထိုင်ရတဲ့နေ့တွေမှာ ဆန်ကို လျော့စားပါ။ ရေတခွက် အရင်သောက်ပြီးမှ ထမင်းစားပါ။ ဖြစ်နိုင်ရင် ဆန်ကြမ်းကိုသာတညရေစိမ် နောက်နေ့ဆေးပြီးမှ စားပါ။

crd….(Kyaw Swa Min)

zawgyi

ဆန္ကို ျဖဴေအာင္ႀကိတ္စက္နဲ႔ ခြၽတ္လိုက္တဲ့အခါ အေပၚလႊာ အာဟာရေတြ ဖိုင္ဘာဓါတ္ေတြ ပါတဲ့ အျပင္လႊာဟာ ဖြဲအျဖစ္ေရာက္သြားပါတယ္၊ ဗိုက္တာမင္ေတြ၊ သတၱဳဓါတ္ေတြပါကုန္တယ္၊ ဆန္မွာ ကာဗြန္ဟိုက္ဒရိတ္ကလြဲရင္ ဘာမွမက်န္ေတာ့ဘူးတဲ့၊ ဒါေၾကာင့္ အခြံပဲခြၽတ္ထားတဲ့ ဆန္ညိဳဟာ ပိုၿပီးက်မ္းမာေရးနဲ႔ညီတယ္။ႏိုင္ငံျခားမွာေတာ့ ဆန္ကို ဗိုက္တာမင္ေတြသတၱဳဓါတ္ေတြ အေပၚက ဖ်န္းၿပီး ေရာင္းတယ္။ထမင္းျဖဴ အမ်ားအျပားစားတဲ့ လူ သုံးသိန္းငါးေသာင္းေက်ာ္ကို ဆန္းစစ္ၾကည့္တဲ့အခါ ကာဗြန္ဟိုက္ဒရိတ္ကလြဲရင္ ဘာဗိုက္တာမင္မွ မက်န္ေတာ့တဲ့ ဆန္ေဖြးေဖြးလွလွေတြဟာ ေသြးထဲသၾကားဓါတ္မ်ားေစလို႔ type 2 diabetes ဆီးခ်ိဳေရာဂါျဖစ္ေစတယ္၊ ဆီးခ်ိဳျဖစ္ဖို႔ အားေပးတယ္၊ ဒါေၾကာင့္ဆီးခ်ိဳျဖစ္သူေတြဟာ ထမင္း ေလ်ာ့စားရပါတယ္။

ထမင္းျဖဴဟာ ေလ်ာေလ်ာရႈရႈ ဝင္လို႔ မ်ားမ်ားစားႏိုင္တယ္၊ အစာအိမ္က အျမန္ အစာေခ်ဖ်က္ ပစ္တယ္၊ ဗိုက္ျပန္ဆာလာတယ္။ ထမင္းစားၿပီး ေန႔လည္ ၂ နာရီ ၃ နာရီဆို ျမန္မာေတြဟာ သားေရစာ စားခ်င္လာတယ္၊ ဗိုက္ထြက္လာတယ္။ဆန္ၾကမ္းစားသူဟာ ဖိုင္ဘာေတြ သတၱဳဓါတ္ေတြပါလို႔ မေပ်ာ့ေျပာင္းတဲ့အတြက္ နည္းနည္းပဲ စားႏိုင္တယ္။ ႏွလုံးကို ကာကြယ္ေပးႏိုင္တယ္၊ ေသြးေၾကာမာတာမ်ိဳး မျဖစ္ေစဘူး။ ဝတာ ေလ်ာ့ခ်ေပးႏိုင္တယ္။ေနာက္တခုက ဆန္ဟာ ျမစ္ဝကြၽန္းေပၚေဒသေတြမွာ စိုက္ၾကေတာ့ ျမစ္အေပၚပိုင္းက သတၱဳတူးေဖၚရာကေန အာဆင္းနစ္ေတြ ျမစ္ဝကြၽန္းေပၚေရာက္လာလို႔ ဆန္ထဲမွာ အာဆင္းနစ္အဆိပ္ေတြ ပါလာတယ္၊ ကင္ဆာျဖစ္ႏႈံး တက္လာပါတယ္။

ဆန္ၾကမ္းဟာ အာဆင္းနစ္ေတြကို ျပည့္ဝစြာမခြၽတ္ထားႏိုင္တာေၾကာင့္ အာဆင္းနစ္ပါဝင္မႈပိုမ်ားတယ္။ ကင္ဆာနဲ႔ ႏွလုံးေရာဂါရေစတယ္။ ဆန္ထဲမွာ အာဆင္းနစ္ပါဝင္မႈနည္းတဲ့ဆန္က jasmine rice စပယ္ဆန္ နဲ႔ Basmati ဘာစမတီ ဆန္ ျဖစ္ပါတယ္။ျမစ္အထက္ပိုင္း၊ ျမစ္ေခ်ာင္းနဲ႔ေဝးရာ၊ ဧရာဝတီနဲ႔ေဝးရာက ဆန္ေတြဟာ အာဆင္းနစ္ နည္းေကာင္း နည္းမယ္။ ဟိမဝႏၲာေဒသ နဲ႔ ေတာင္ယာဆန္ဟာ က်မ္းမာေရးအတြက္ အေကာင္းဆုံး ျဖစ္ပါတယ္။ ဆန္ကိုခ်က္တဲ့အခါ ပိုးသတ္ေဆးအႂကြင္းအက်န္နဲ႔ မေကာင္းတဲ့အဆိပ္ေတြ ေရထဲေပ်ာ္က်သြားဖို႔ တညတာ ေရစိမ္ထားသင့္ပါတယ္။

ဆန္ကိုစားတဲ့အခါ ေလ်ာ့စားပါ၊ အသီးအ႐ြက္နဲ႔ဆတူစားပါ၊ မိမိ ေလ့က်င့္ခန္းမလုပ္ႏိုင္ပဲ ႐ုံးထိုင္ရတဲ့ေန႔ေတြမွာ ဆန္ကို ေလ်ာ့စားပါ။ ေရတခြက္ အရင္ေသာက္ၿပီးမွ ထမင္းစားပါ။ ျဖစ္ႏိုင္ရင္ ဆန္ၾကမ္းကိုသာတညေရစိမ္ ေနာက္ေန႔ေဆးၿပီးမွ စားပါ။

crd….(Kyaw Swa Min)

Leave a Reply

Your email address will not be published. Required fields are marked *