စင္ကာပူႏိုင္ငံတြင္ ျမန္မာကုန္သြယ္ေရးစင္တာဖြင့္မည္ျဖစ္ၿပီး ျမန္မာ့သီးႏွံမ်ားအတြက္ ေဈးကြက္ရရွိလာႏိုင္

စင်ကာပူနိုင်ငံတွင် မြန်မာကုန်သွယ်ရေး စင်တာ(Myanmar Trade Center) ကို မကြာမီဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနထံမှ သိရသည်။

မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ကစင်ကာပူနိုင်ငံ၏ မဟာဗျူဟာကျမှုကို ဈေးကွက်ချဲ့ထွင်းရေးအတွက် အဆိုပါစင်တာကို ဖွင့်လှစ်မည်ဖြစ်ကာ စင်ကာပူနိုင်ငံရှိ Myanmar BusinessAssociation ၏ အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာသံရုံးက အနီးကပ်ကြီးကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စင်တာဖွင့်လှစ်ပြီးလျှင် ပြည်တွင်းကစိုက်ပျိုးထွက်ရှိသည့် သီးနှံများ အတွက်ခိုင်မာသည့်ဈေးကွက်တစ်ခုရှိလာ နိုင်ကြောင်းမြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူးဦးကျော်သူက ပြောသည်။ “စင်ကာပူနဲ့ကတော့ပုံမှန်တင်ပို့ရောင်း နေတာတွေရှိတယ်။

ကုန်သည်တစ်ယောက်ချင်းအနေနဲ့ သရက်တို့၊ကျွဲကောသီးတို့ ရောင်းနေတာလည်းရှိတယ်။အဲဒီအစား အခုချိန်မှာ စင်တာကြီးဖွင့်လိုက်ပြီဆိုရင် ဝယ်ချင်တဲ့ဝယ်လက်တွေလည်းဒီစင်တာမှာလာကြည့်ပြီး ပိုဝယ်လာနိုင်မှာဖြစ်သလိုရောင်းတဲ့သူတွေကလည်း စင်တာကတစ်ဆင့်ဝယ်လက်ကို ရှာတွေ့နိုင်တယ်” ဟု ၎င်းကပြောသည်။

စင်ကာပူနိုင်ငံသည် စိုက်ပျိုးရေးလုပ် ငန်းလုပ်ရန်ခက်ခဲသည့် နိုင်ငံဖြစ်သော ကြောင့် နိုင်ငံအသီးသီးက စိုက်ပျိုးရေးထုတ်ကုန်များကိုမှာယူစားသုံးရကြောင်း၊ မြန်မာနိုင်ငံကလည်းစင်ကာပူနိုင်ငံသို့ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ တင်သွင်းနေသည့်အတွက်စင်တာပေါ်ပေါက်လာ ခြင်းက အခွင့်အလမ်းကောင်းများဖြစ်စေနိုင်ကြောင်း သိရသည်။စင်ကာပူနိုင်ငံသည် လူဦးရေနည်း သည့်အတွက်ဈေးကွက်ကြီးကြီးမားမား မရရှိနိုင်သော်လည်းထိုက်သင့်သောပမာဏနှင့် ဈေးနှုန်းတစ်ခုရရှိမည့် ဈေးကွက်တစ်ခုဖြစ်လာနိုင်ကြောင်းကုန်သည်များက ပြောသည်။

“သီနှံတွေ တင်ပို့ရောင်းချတဲ့အခါမှာသီးနှံအမည်လိုက်တော့ တင်ပို့တဲ့ပမာဏကွာတာတွေရှိတယ်။ဖရဲဆိုရင် တရုတ်ဘက်က တန်ချိန်ရှစ်သိန်းလောက်ယူပေမဲ့စင်ကာပူကတော့ ရှစ်သောင်းလောက်ပဲရှိမယ်။“သရက်သီးဆိုရင်တော့ ဈေးကွက်ရှိတယ်။ပိုလည်းကြိုက်တော့ ရောင်းရနိုင်ခြေပိုများတယ်။တရုတ်ကိုသွားဖို့ အဆင်မပြေတဲ့သီးနှံတွေစင်ကာပူကိုသွားလို့ အဆင်ပြေတယ်ဆိုရင်တော့ထွက်ပေါက် တစ်ခုဖြစ်လာနိုင်တယ်” ဟုဦးကျော်သူက ပြောသည်။

စိုက်ပျိုးသီးနှံနှင့် ဟင်းသီးဟင်းရွက်များကိုကုမ္ပဏီတစ်ခုချင်းစီ အနေဖြင့် စင်ကာပူနိုင်ငံသို့၂၀၁၃ ခုနှစ်က စတင်တင်ပို့ခဲ့ခြင်းဖြစ်ကာကျွဲကောသီး၊ သရက်သီး၊ သခွားမွှေး၊ခရမ်းချဉ်သီးနှင့် ရွှေဖရုံသီးတို့မှာ တရားဝင်ကုန်သွယ်ရေးလမ်း ကြောင်းက တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင်စင်ကာပူနိုင်ငံသည်အရှေ့တောင်အာရှဒေသ၏ အချက်အချာကျသည့်နေရာတစ်ခုဖြစ်သည့် စိုက်ပျိုးရေးထွက်ကုန်အများစုကို တင်သွင်းနေရသောကြောင့်နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်နိုင်မည့်အခွင့်အလမ်းများစွာရှိကြောင်း သိရသည်။

စင်ကာပူသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအကြားကုန်သွယ်မှုသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်သို့ရောက်ရှိခဲ့သည်။သို့သော် မြန်မာပို့ကုန်မှာအမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်သာရှိခဲ့ကြောင်း သိရသည်။

CRD : ဂျူးမေဇင်

zawgyi

စင္ကာပူႏိုင္ငံတြင္ ျမန္မာကုန္သြယ္ေရး စင္တာ(Myanmar Trade Center) ကို မၾကာမီဖြင့္လွစ္မည္ျဖစ္ေၾကာင္း ျမန္မာအျပည္ျပည္ဆိုင္ရာကုန္သြယ္မႈဗဟိုဌာနထံမွ သိရသည္။

ျမန္မာကုန္သြယ္မႈ ျမႇင့္တင္ေရးအဖြဲ႕ ကစင္ကာပူႏိုင္ငံ၏ မဟာဗ်ဴဟာက်မႈကို ေဈးကြက္ခ်ဲ႕ထြင္းေရးအတြက္ အဆိုပါစင္တာကို ဖြင့္လွစ္မည္ျဖစ္ကာ စင္ကာပူႏိုင္ငံရွိ Myanmar BusinessAssociation ၏ အကူအညီျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ကာ ျမန္မာသံ႐ုံးက အနီးကပ္ႀကီးၾကပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စင္တာဖြင့္လွစ္ၿပီးလွ်င္ ျပည္တြင္းကစိုက္ပ်ိဳးထြက္ရွိသည့္ သီးႏွံမ်ား အတြက္ခိုင္မာသည့္ေဈးကြက္တစ္ခုရွိလာ ႏိုင္ေၾကာင္းျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း အတြင္းေရးမႉးဦးေက်ာ္သူက ေျပာသည္။ “စင္ကာပူနဲ႔ကေတာ့ပုံမွန္တင္ပို႔ေရာင္း ေနတာေတြရွိတယ္။

ကုန္သည္တစ္ေယာက္ခ်င္းအေနနဲ႔ သရက္တို႔၊ကြၽဲေကာသီးတို႔ ေရာင္းေနတာလည္းရွိတယ္။အဲဒီအစား အခုခ်ိန္မွာ စင္တာႀကီးဖြင့္လိုက္ၿပီဆိုရင္ ဝယ္ခ်င္တဲ့ဝယ္လက္ေတြလည္းဒီစင္တာမွာလာၾကည့္ၿပီး ပိုဝယ္လာႏိုင္မွာျဖစ္သလိုေရာင္းတဲ့သူေတြကလည္း စင္တာကတစ္ဆင့္ဝယ္လက္ကို ရွာေတြ႕ႏိုင္တယ္” ဟု ၎ကေျပာသည္။

စင္ကာပူႏိုင္ငံသည္ စိုက္ပ်ိဳးေရးလုပ္ ငန္းလုပ္ရန္ခက္ခဲသည့္ ႏိုင္ငံျဖစ္ေသာ ေၾကာင့္ ႏိုင္ငံအသီးသီးက စိုက္ပ်ိဳးေရးထုတ္ကုန္မ်ားကိုမွာယူစားသုံးရေၾကာင္း၊ ျမန္မာႏိုင္ငံကလည္းစင္ကာပူႏိုင္ငံသို႔ သစ္သီးဝလံႏွင့္ဟင္းသီးဟင္း႐ြက္မ်ား တင္သြင္းေနသည့္အတြက္စင္တာေပၚေပါက္လာ ျခင္းက အခြင့္အလမ္းေကာင္းမ်ားျဖစ္ေစႏိုင္ေၾကာင္း သိရသည္။စင္ကာပူႏိုင္ငံသည္ လူဦးေရနည္း သည့္အတြက္ေဈးကြက္ႀကီးႀကီးမားမား မရရွိႏိုင္ေသာ္လည္းထိုက္သင့္ေသာပမာဏႏွင့္ ေဈးႏႈန္းတစ္ခုရရွိမည့္ ေဈးကြက္တစ္ခုျဖစ္လာႏိုင္ေၾကာင္းကုန္သည္မ်ားက ေျပာသည္။

“သီႏွံေတြ တင္ပို႔ေရာင္းခ်တဲ့အခါမွာသီးႏွံအမည္လိုက္ေတာ့ တင္ပို႔တဲ့ပမာဏကြာတာေတြရွိတယ္။ဖရဲဆိုရင္ တ႐ုတ္ဘက္က တန္ခ်ိန္ရွစ္သိန္းေလာက္ယူေပမဲ့စင္ကာပူကေတာ့ ရွစ္ေသာင္းေလာက္ပဲရွိမယ္။“သရက္သီးဆိုရင္ေတာ့ ေဈးကြက္ရွိတယ္။ပိုလည္းႀကိဳက္ေတာ့ ေရာင္းရႏိုင္ေျခပိုမ်ားတယ္။တ႐ုတ္ကိုသြားဖို႔ အဆင္မေျပတဲ့သီးႏွံေတြစင္ကာပူကိုသြားလို႔ အဆင္ေျပတယ္ဆိုရင္ေတာ့ထြက္ေပါက္ တစ္ခုျဖစ္လာႏိုင္တယ္” ဟုဦးေက်ာ္သူက ေျပာသည္။

စိုက္ပ်ိဳးသီးႏွံႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကိုကုမၸဏီတစ္ခုခ်င္းစီ အေနျဖင့္ စင္ကာပူႏိုင္ငံသို႔၂၀၁၃ ခုႏွစ္က စတင္တင္ပို႔ခဲ့ျခင္းျဖစ္ကာကြၽဲေကာသီး၊ သရက္သီး၊ သခြားေမႊး၊ခရမ္းခ်ဥ္သီးႏွင့္ ေ႐ႊဖ႐ုံသီးတို႔မွာ တရားဝင္ကုန္သြယ္ေရးလမ္း ေၾကာင္းက တင္ပို႔ျခင္းျဖစ္ေၾကာင္း သိရသည္။

အျပည္ျပည္ဆိုင္ရာကုန္သြယ္မႈတြင္စင္ကာပူႏိုင္ငံသည္အေရွ႕ေတာင္အာရွေဒသ၏ အခ်က္အခ်ာက်သည့္ေနရာတစ္ခုျဖစ္သည့္ စိုက္ပ်ိဳးေရးထြက္ကုန္အမ်ားစုကို တင္သြင္းေနရေသာေၾကာင့္ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈျမႇင့္တင္ႏိုင္မည့္အခြင့္အလမ္းမ်ားစြာရွိေၾကာင္း သိရသည္။

စင္ကာပူသည္ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံး ျပဳလုပ္ေသာႏိုင္ငံျဖစ္ၿပီး ႏွစ္ႏိုင္ငံအၾကားကုန္သြယ္မႈသည္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္တြင္အေမရိကန္ေဒၚလာ ၃ ဒသမ ၈ ဘီလ်ံေက်ာ္သို႔ေရာက္ရွိခဲ့သည္။သို႔ေသာ္ ျမန္မာပို႔ကုန္မွာအေမရိကန္ေဒၚလာ သန္း ၇၀၀ ေက်ာ္သာရွိခဲ့ေၾကာင္း သိရသည္။

CRD : ဂ်ဴးေမဇင္

Leave a Reply

Your email address will not be published. Required fields are marked *