ဧရာဝတီျမစ္ကူး ဗလမင္းထင္အမွတ္ (၂)တံတား တည္ေဆာက္မည္

မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ကူး ဗလမင်းထင်အမှတ် (၂)တံတား တည်ဆောက်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့မှ သိရပါတယ်။

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့အား ဆက်သွယ်ထားသော ဧရာဝတီ မြစ်ကူး ဗလမင်းထင်တံတားအမှတ် (၂) တည်ဆောက်ရန်အတွက် ယခုနှစ်တွင် အကြိုအင်ဂျင်နီယာ လုပ်ငန်းများစတင် ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။

လက်ရှိအသုံးပြုနေသော ဗလမင်းထင်တံတားကိုလည်းတံတားကြံ့ခိုင်မှုအားနည်းလာသဖြင့် တံတားသစ်ပြီးစီးပါက တံတားဟောင်းဘောင်ကို မြှောက်တင်ပြီး အကြီးစားပြင်ဆင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့်အသွားလမ်း၊ အပြန်လမ်းအဖြစ် (၄)လမ်းသွားအဖြစ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ တံတားအမှတ် (၂)ကို မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားကားလမ်းပေါ်ရှိ မြစ်ကြီး နားနှင့် ဝိုင်းမော်မြို့တို့ကို ဆက်သွယ်ထားပြီး လက်ရှိဗလမင်းထင်တံတား၏အောက်ဖက် မီတာ(၄၀) အကွာတွင် တည်ဆောက်သွားမည်ဖြစ်ကာ တံတားအရှည် (၃၂၁၂)ပေ (၉၇၉ မီတာ)ရှိပြီး သံကူ ကွန်ကရစ်ရေလည်တိုင်နှင့် ကမ်းကပ်ခုံ၊

Steel Truss ၊ Steel Box Girder and RCC Slab အမျိုး အစားတံတားဖြစ်ကာ တံတားအကျယ်မှာ ယာဉ်သွားလမ်း (၂၄)‌ပေ၊ လူသွားလမ်း တစ်ဘက်လျှင် (၃)ပေစီရှိပြီးခွင့်ပြုအလေးချိန် ယာဉ်တစ်စီးချင်း (၇၅)တန် ဖြတ်သန်းသွားလာနိုင်ကြောင်းနှင့် တံတား သစ်စီမံကိန်း (၃)နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအသုံးပြုနေသော ဗလမင်းထင်တံတားသည် နှစ်ပေါင်း (၂၅)ခန့်ရှိနေပြီဖြစ်ပြီး ပြည်နယ် ၏ မြို့တော်မြစ်ကြီးနားမြို့သို့ ဗန်းမော်ခရိုင်နှင့် တရုတ်နိုင်ငံနယ်စပ်တို့မှ ကားများ ဖြတ်သန်းသွားလာရာ တံတားတစ်စင်းဖြစ်ပြီး၂၀၁၈-၂၀၁၉ ကာလအတွင်း တံတားဖြတ်သန်းသွားလာမှု စစ်ဆေးကောက်ယူ ချက်အရ တစ်ရက်လျှင် ယာဉ်အစီးရေ (၃၀၀၀)ကျော်ခန့်သွားလာလျက်ရှိကြောင်း သိရပါတယ်။

source : myanmaplatform

zawgyi

ျမစ္ႀကီးနားၿမိဳ႕တြင္ ဧရာဝတီျမစ္ကူး ဗလမင္းထင္အမွတ္ (၂)တံတား တည္ေဆာက္ရန္ အႀကိဳအင္ဂ်င္နီယာလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ျပည္နယ္အစိုးရ အဖြဲ႕မွ သိရပါတယ္။

ကခ်င္ျပည္နယ္အတြင္း ျမစ္ႀကီးနားၿမိဳ႕ႏွင့္ ဝိုင္းေမာ္ၿမိဳ႕တို႔အား ဆက္သြယ္ထားေသာ ဧရာဝတီ ျမစ္ကူး ဗလမင္းထင္တံတားအမွတ္ (၂) တည္ေဆာက္ရန္အတြက္ ယခုႏွစ္တြင္ အႀကိဳအင္ဂ်င္နီယာ လုပ္ငန္းမ်ားစတင္ ေဆာင္႐ြက္လ်က္ရွိတယ္လို႔ဆိုပါတယ္။

လက္ရွိအသုံးျပဳေနေသာ ဗလမင္းထင္တံတားကိုလည္းတံတားႀကံ့ခိုင္မႈအားနည္းလာသျဖင့္ တံတားသစ္ၿပီးစီးပါက တံတားေဟာင္းေဘာင္ကို ေျမႇာက္တင္ၿပီး အႀကီးစားျပင္ဆင္ ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္းႏွင့္အသြားလမ္း၊ အျပန္လမ္းအျဖစ္ (၄)လမ္းသြားအျဖစ္အသုံးျပဳႏိုင္မည္ျဖစ္ေၾကာင္း သိရပါတယ္။

အဆိုပါ တံတားအမွတ္ (၂)ကို မႏၲေလး-လားရႈိး-ဗန္းေမာ္-ျမစ္ႀကီးနားကားလမ္းေပၚရွိ ျမစ္ႀကီး နားႏွင့္ ဝိုင္းေမာ္ၿမိဳ႕တို႔ကို ဆက္သြယ္ထားၿပီး လက္ရွိဗလမင္းထင္တံတား၏ေအာက္ဖက္ မီတာ(၄၀) အကြာတြင္ တည္ေဆာက္သြားမည္ျဖစ္ကာ တံတားအရွည္ (၃၂၁၂)ေပ (၉၇၉ မီတာ)ရွိၿပီး သံကူ ကြန္ကရစ္ေရလည္တိုင္ႏွင့္ ကမ္းကပ္ခုံ၊

Steel Truss ၊ Steel Box Girder and RCC Slab အမ်ိဳး အစားတံတားျဖစ္ကာ တံတားအက်ယ္မွာ ယာဥ္သြားလမ္း (၂၄)‌ေပ၊ လူသြားလမ္း တစ္ဘက္လွ်င္ (၃)ေပစီရွိၿပီးခြင့္ျပဳအေလးခ်ိန္ ယာဥ္တစ္စီးခ်င္း (၇၅)တန္ ျဖတ္သန္းသြားလာႏိုင္ေၾကာင္းႏွင့္ တံတား သစ္စီမံကိန္း (၃)ႏွစ္ၾကာျမင့္မည္ျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိအသုံးျပဳေနေသာ ဗလမင္းထင္တံတားသည္ ႏွစ္ေပါင္း (၂၅)ခန႔္ရွိေနၿပီျဖစ္ၿပီး ျပည္နယ္ ၏ ၿမိဳ႕ေတာ္ျမစ္ႀကီးနားၿမိဳ႕သို႔ ဗန္းေမာ္ခ႐ိုင္ႏွင့္ တ႐ုတ္ႏိုင္ငံနယ္စပ္တို႔မွ ကားမ်ား ျဖတ္သန္းသြားလာရာ တံတားတစ္စင္းျဖစ္ၿပီး၂၀၁၈-၂၀၁၉ ကာလအတြင္း တံတားျဖတ္သန္းသြားလာမႈ စစ္ေဆးေကာက္ယူ ခ်က္အရ တစ္ရက္လွ်င္ ယာဥ္အစီးေရ (၃၀၀၀)ေက်ာ္ခန႔္သြားလာလ်က္ရွိေၾကာင္း သိရပါတယ္။

source : myanmaplatform

Leave a Reply

Your email address will not be published. Required fields are marked *