ေ႐ြးေကာက္ပြဲဝင္ေရာက္စြက္ဖက္မႈမ်ားအေပၚ ႐ုရွားသမၼတကို အေမရိကန္သမၼတသတိေပး

သမ္မတ ၂ ယောက်အဖြစ် ပထမဆုံးဖုန်းခေါ်ဆိုဆွေးနွေးမှုတွင် ရွေးကောက်ပွဲကြားဝင်စွက်ဖက်မှုများအကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်ကရုရှားသမ္မတ ဗလာဒီမျာ ပူတင်ကိုသတိပေးခဲ့သည်ဟု အိမ်ဖြူတော် ကပြောသည်။

ဆွေးနွေးမှုများတွင် လက်ရှိ ရုရှားတွင်ဖြစ်ပွားနေသည့်အတိုက်အခံဆန္ဒပြမှုများနှင့်နောက်ဆုံးကျန်ရှိနေသည့် အမေရိကန်-ရုရှားနျူကလီးယားလက်နက်များဆိုင်ရာသဘောတူစာချုပ်တို့အကြောင်းလည်း ပါဝင်သည်။

အမေရိကန်သမ္မတသစ်ကို ရွေးကောက်ပွဲအနိုင်ရခြင်းအတွက် မစ္စတာ ပူတင်ကဂုဏ်ပြုခဲ့ကြောင်းလည်း ရုရှား ဘက်ကထုတ်ပြန်ချက်တွင်ပါဝင်သည်။ရှေ့ဆက်သွားလျက် ထိတွေ့ဆက်ဆံမှုဆက်ရှိနေရန်သဘောတူခဲ့ သည်ဟုလည်း နှစ်ဖက်စလုံးကပြောသည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်ကသူ့အစိုးရ၏ရုရှားအပေါ်တင်းမာသည့်သဘောထားကို တခါတရံ လျှော့ပေါ့စဉ်းစားလေ့ရှိပြီး မစ္စတာ ပူတင်အပေါ်လေးစားသည်ဟု စွပ်စွဲမှုများရှိသည်။သို့သော် ရုရှားက ခရိုင်းမီးယားဒေသကို သိမ်းယူခြင်း၊

ယူကရိန်းအရှေ့ပိုင်းကိုကျူးကျော်ခြင်းနှင့်ဆီးရီးယားနိုင်ငံ အပေါ် ထောက်ပံ့ခြင်းတို့ကိုမစောင့်ကြည့်နိုင်ခြင်းအတွက် မစ္စတာ ဘိုင်ဒန်ဒုတိယသမ္မတအဖြစ်တာဝန်ထမ်း ဆောင်ခဲ့သည့်ယခင်သမ္မတဟောင်း ဘားရက် အိုဘားမားကိုလည်းဝေဖန်မှုများရှိသည်။

CRD : PeopleMedia

zawgyi

သမၼတ ၂ ေယာက္အျဖစ္ ပထမဆုံးဖုန္းေခၚဆိုေဆြးေႏြးမႈတြင္ ေ႐ြးေကာက္ပြဲၾကားဝင္စြက္ဖက္မႈမ်ားအေၾကာင္း အေမရိကန္သမၼတ ဂ်ိဳး ဘိုင္ဒန္က႐ုရွားသမၼတ ဗလာဒီမ်ာ ပူတင္ကိုသတိေပးခဲ့သည္ဟု အိမ္ျဖဴေတာ္ ကေျပာသည္။

ေဆြးေႏြးမႈမ်ားတြင္ လက္ရွိ ႐ုရွားတြင္ျဖစ္ပြားေနသည့္အတိုက္အခံဆႏၵျပမႈမ်ားႏွင့္ေနာက္ဆုံးက်န္ရွိေနသည့္ အေမရိကန္-႐ုရွားန်ဴကလီးယားလက္နက္မ်ားဆိုင္ရာသေဘာတူစာခ်ဳပ္တို႔အေၾကာင္းလည္း ပါဝင္သည္။

အေမရိကန္သမၼတသစ္ကို ေ႐ြးေကာက္ပြဲအႏိုင္ရျခင္းအတြက္ မစၥတာ ပူတင္ကဂုဏ္ျပဳခဲ့ေၾကာင္းလည္း ႐ုရွား ဘက္ကထုတ္ျပန္ခ်က္တြင္ပါဝင္သည္။ေရွ႕ဆက္သြားလ်က္ ထိေတြ႕ဆက္ဆံမႈဆက္ရွိေနရန္သေဘာတူခဲ့ သည္ဟုလည္း ႏွစ္ဖက္စလုံးကေျပာသည္။

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ ထရမ့္ကသူ႔အစိုးရ၏႐ုရွားအေပၚတင္းမာသည့္သေဘာထားကို တခါတရံ ေလွ်ာ့ေပါ့စဥ္းစားေလ့ရွိၿပီး မစၥတာ ပူတင္အေပၚေလးစားသည္ဟု စြပ္စြဲမႈမ်ားရွိသည္။သို႔ေသာ္ ႐ုရွားက ခ႐ိုင္းမီးယားေဒသကို သိမ္းယူျခင္း၊

ယူကရိန္းအေရွ႕ပိုင္းကိုက်ဴးေက်ာ္ျခင္းႏွင့္ဆီးရီးယားႏိုင္ငံ အေပၚ ေထာက္ပံ့ျခင္းတို႔ကိုမေစာင့္ၾကည့္ႏိုင္ျခင္းအတြက္ မစၥတာ ဘိုင္ဒန္ဒုတိယသမၼတအျဖစ္တာဝန္ထမ္း ေဆာင္ခဲ့သည့္ယခင္သမၼတေဟာင္း ဘားရက္ အိုဘားမားကိုလည္းေဝဖန္မႈမ်ားရွိသည္။

CRD : PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *