ပိုက္ဆံရၿပီးေရာဆိုၿပီး ၿပီးစလြယ္ေဆာက္တဲ့ အိမ္ေဆာက္သူေတြၾကား ရင္ေလးစရာ ျမန္မာျပည္အေၾကာင္း အင္ဂ်င္နီယာတစ္ဦးေရးတဲ့စာ

ပြီးစလွယ်ဆောက်တဲ့ အိမ်ဆောက်သူတွေကြား ရင်လေးစရာ မြန်မာပြည်အကြောင်း အင်ဂျင်နီယာတစ်ဦးရေးတဲ့စာ ( Hollow Member တွေရဲ့အထူဟာ 1.2mm ကျနော်တို့လက်သည်းခွံရဲ့အထူလောက်ပဲရှိတာကြောင့်ပါ ။ ဒါတွေကို အလှဆင်တဲ့နေရာ ဥပမာ အခန်းကာဖို့လောက်သုံးဖို့ထုတ်ထားတာပါ ။ ဒါကို အိမ်ဆောက်ရာမှာသုံးတဲ့အခါ……..)

မနေ့က အိမ်ဆောက်ချင်သူများနှင့် ဆောက်လုပ်ရေးလုပ်သားများအဖွဲ့ဟုဆိုသော Facebook Page မှာ ၂ ထပ်အိမ်တစ်လုံး သိန်း၁၅၀ နှင့်ဆောက်ပေးမည်ဆိုသော Post တစ်ခုတွေ့ရပါတယ် ။ ကြည့်လိုက်တော့ အိမ်က Hollow Member လို့ခေါ်တဲ့ အလှဆင်ဖို့အတွက်သာ အသုံးပြုရန်သင့်တော်တဲ့ ဟော်လိုတွေနဲ့ အဆောက်အဦးရဲ့ Structure တွေကိုဖွဲ့စည်းထားတာတွေ့ရပါတယ် ။

လုပ်ရဲလွန်းပေစွ မျက်ကန်းတစ္ဆေမကြောက်လို့သာ ကျနော်မှတ်ချက်ချမိပါတယ် ။အောက်က comments တွေဆက်ဖတ်ကြည့်တော့ ဒါမျိုးဆောက်လာတာ အလုံး ၂၀ ခန့်ရှိပြီး အဆင်ပြေပါတယ်လို့ Post ပိုင်ရှင်ကပြန်ပြောထားတာတွေ့ရပါတယ် ။

အဲ့ Comments ထဲမှာပဲ အဲ့လိုအိမ်နားမှာနေဖူးတဲ့သူတစ်ယောက်က အဲ့အိမ်ကိုတက်လိုက်ရင် ကျိကျိနဲ့မြည်နေကြောင်း၊လူတက်တာနှင့်ပင် လှုပ်နေကြောင်းComments ရေးသားထားတာတွေ့ရပါတယ် ။ ကျနော်အင်ဂျင်နီယာတစ်ယောက်အနေနဲ့ကတော့ ဒီလိုအဆောက်အဦးဟာ လုံးဝစိတ်မချရပါဖူး ။

ဘာလို့လဲဆိုတော့ Hollow Member တွေရဲ့အထူဟာ 1.2mm ကျနော်တို့လက်သည်းခွံရဲ့အထူလောက်ပဲရှိတာကြောင့်ပါ ။ ဒါတွေကို အလှဆင်တဲ့နေရာ ဥပမာ အခန်းကာဖို့လောက်သုံးဖို့ထုတ်ထားတာပါ ။ ဒါကို အိမ်ဆောက်ရာမှာသုံးတဲ့အခါ ၊ သက်ဆိုင်ရာ ဒီဇိုင်းသေချာမတွက်တဲ့အခါမှာ အိမ်ရှင်တွေအသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြိုကျမှုတွေဖြစ်နိုင်ပါတယ် ။

ဆိုပါစို့ သစ်သားပေတံတစ်ချောင်းကိုကွေးကြည့်တဲ့အခါ သူ့ရဲ့သက်ဆိုင်ရာခံနိုင်ရည်ရှိတဲ့အထိတော့ ခံနေမှာဖြစ်ပြီး သူ့ရဲ့ခံနိုင်ရည်ကျော်တဲ့အခါ ကျိုးသွားမှာပါ ။ ကျနော်တို့အခုဆောက်ထားတဲ့ အိမ်တွေမပျက်ဆီးသေးတာဟာ သက်ဆိုင်ရာ Load(ဝန်) မပြည့်သေးလို့ပါ ။

ထူးခြားတဲ့ ငလျင် ၊ လေမုန်တိုင်းတွေမလာသေးလို့ပါ ။ ကျနော်တို့က ဘယ်အချိန်ဖြစ်မယ်မှန်းမသိတဲ့ ငလျင်၊မုန်တိုင်းဒဏ်တွေကို ကြိုတင်စဉ်းစားတဲ့ အင်ဂျင်နီယာတွေပါ ။ မြန်မာပြည်ဟာ ပထဝီအနေအထားအရကို ထူးခြားကြီးမားတဲ့ ငလျင်တွေလာနိုင်တဲ့နေရာမှာရှိပါတယ် ။

နောက်တစ်ခုက ကျနော်တို့ရဲ့အိမ်တွေမှာ ကြာလာတဲ့အခါမှာ ခံနိုင်ရည်ကျလာပါတယ်။ ဒါကိုတော့ Fatigue လို့ခေါ်ပါတယ် ။ဥပမာ စာဖတ်သူက ဆန်အိတ်တစ်အိတ်ကို ထမ်းနိုင်တယ်ဆိုပါစို့ ၊ နောက်ထပ် ၁၅ မိနစ်ကြာတဲ့အခါမှာ ဒူးတွေတုန်လာပါပြီ ။ ဘာလို့ပါလဲ။ဆန်အိတ်ရဲ့အလေးချိန်ကတိုးလာခြင်းမရှိပေ လူကညောင်းလာတာ။ ဒါကို Fatigue လို့ခေါ်ပါတယ်။ ကျနာ်တို့အဆောက်အဦးတွေမှာလည်းဒီလို Fatigue ရှိပါတယ် ။

ပုံမှန်အဆောက်အဦးတစ်ခုဟာ နှစ် ၅၀ လောက်အသုံးပြုလို့ရပါတယ် ။ဒါအပြင် လူတွေနေတဲ့အလေးချိန်တွေ ၊ သဘာဝဘေး ငလျင် ၊ လေမုန်တိုင်းဒဏ်တွေကိုပါ လူတွေအသက်အန္တရာယ်မဖြစ်အောင်ကာကွယ်ပေးနိုင်သည် ။ ဆက်ပြောရရင် ကျနော်တို့ဒါမျိုးအဆောက်အဦးတွေဆောက်နေတာကို ဥပဒေဖြင့် ကာကွယ်ပေးသင့်သည် ။

အိမ်တည်ဆောက်ချင်သော အိမ်ရှင်ဆိုသည်မှာ ဆောက်လုပ်ရေးနည်းပညာကို နားလည်သူဖြစ်နိုင်သလို ၊ နားမလည်သူလည်းဖြစ်နိုင်သည် ။ တချို့အိမ်ရှင်များက သက်ဆိုင်ရာ Professional (ဗိသုကာ ၊ ဒီဇိုင်းအင်ဂျင်နီယာ၊ဆောက်လုပ်ရေး အင်ဂျင်နီယာစသည် ) များကိုဆက်သွယ်ပြီး တိုင်ပင်ကာဆောက်လုပ်ကြသည် ။

ထိုက်တန်တဲ့ Professional fees ကြောင့် ထိုက်တန်တဲ့ Design နဲ့ ခိုင်ခံ့လှပ သက်သာသော အဆောက်အဦးများရကြသည် ။ သို့သော်တချို့အိမ်ရှင်များက ဈေးသက်သာရာရှာကြရင်း ကိုယ့်နားအမြဲရှိမယ့် ချိန်ကိုက်ဗုံးတစ်လုံးဝယ်မိကြသည် ။ ဘယ်အချိန်ထပေါက်ပြီး ကိုယ့်ကိုဒုက္ခပေးမလဲမသိ …. နှစ် ၅၀ လောက်ကိုယ်နေမယ့်အိမ်က အစကောင်းမှအနှောင်းသေချာဆိုသော စကားပုံအတိုင်း သေချာလုပ်မှသာ နှစ် ၅၀ လှည့်မကြည့်ပဲနေရမည်ဖြစ်သည် ။

အခုတွေ့မိတော့ ကျနော်တို့ အင်ဂျင်နီယာအဖြစ်ရပ်တည်လို့ရနေသည်ကိုက ကံကောင်းသည်ဟုဆိုနိုင်သည် ။ အတော်များများက အင်ဂျင်နီယာမပါပဲဆောက်လိုက်ကြသည်ကများသည် ။ ကျနော်တို့ကိုအပ်လျှင်တော့ အင်ဂျင်နီယာ ဒီဇိုင်းသာရမည်ဖြစ်သည် တလောကပင် အိမ်ရှင်တစ်ယောက်က ကျနော်တို့တွက်ပေးတာ များလွန်းသည်… မတတ်နိင်ပါဆိုပြီး အရပ်ပန်းရံနှင့်ဆောက်ပါတော့မည်ဟုပြောလာသည်ရှိသည် ။

ကျနော်တို့ကတော့ စိတ်မချရပါ … ပိုက်ဆံလောလောဆယ်မတတ်နိင်လျှင် အထပ်လျော့ပြီး ဆောက် ၊ နောင်စီးပွားရေးအဆင်ပြေလာတော့ အထပ်ထပ်တက်ပါဆိုပြီး အကြံပေးလိုက်ရသည် ။ အိမ်ရှင်ဆောက်မည့်မြေက အတော်ဆိုးနေတာ Soil test လုပ်ကြည့်တော့ကျနော်တို့ကမြင်နေရသည် ။

နောက်တစ်ခုက အာဏာပိုင်အဖွဲ့အစည်းက အရည်အသွေးမမှီ ၊လူ့အသက်အန္တရာယ်ရှိသော အဆောက်အဦးများကို တည်ဆောက်ခွင့်မပေးခြင်း ၊ တည်ဆောက်လျှင်လဲ ရပ်ခိုင်း ၊ ပြုပြင် ၊ တည်ဆောက်သူကို ဥပဒေအရအရေးုယူသင့်သည် ။ ဒါကိုကျပ်ကျပ်မတ်မတ်လုပ်နိုင်မှဖြစ်လိမ့်မည်ဟု ယခုထင်မြင်မိလာပါပြီ ။ ဒီလိုဆိုအစောကတည်းက ကောင်းအောင်လုပ်နိုင်တော့မည်ဖြစ်သည် ။ ဒါကိုကျနော်က Enforcement ဟုပြောချင်ပါတယ် ။

ဒါ့အပြင် ဆောက်လုပ်ရေးလုပ်နေတဲ့အဖွဲ့များကလည်း မိမိကျွမ်းကျင်လိမ္မာသော အပိုင်းတွင်သာ လုပ်ကိုင်စေချင်သည် ။ ကျနော်တို့ အခုတလောလေးကမှ Beam တွေမှာ အက်ကြောင်းတွေပေါ်နေသော ၊ လှေကားတွေမှာအက်ကြောင်းတွေပေါ်နေသော ၊အဆောက်အဦးပေါ်တက်လိုက်လျှင်ကို သိသိသာသာ လှုပ်နေသော အဆောက်အဦးများ(Steel Structure အဆောက်အဦးတွေမှာ ဖြစ်တာများသည်) ကိုပြန်ပြီး ပြုပြင်ပေးရတာ များပါပြီ ။

အရင်လူများလုပ်ခဲ့တဲ့အမှားများကို တာဝန်ခံပြီးလိုက်ပြင်ရသည့်သဘော လုပ်တာတော့မလုပ်ချင် ။ သူများတံတွေးပေါက်ကိုယ်မမြိုလို ။ ဒါပေမယ့် အိမ်ရှင်တွေရဲ့ ဗဟုသုတနည်းပါးမှုအပေါ် ကြော်ညာအားကောင်းကောင်းနဲ့လုပ်သွားတာကို ပစ်ထားရအောင် ကျနော်လည်းအသည်းမမာပေ ။

ကျနော် အိမ်တွေလိုက်ကြည့် လိုအပ်တာတွေတွက်ချက်ပြီး စိတ်ချရတဲ့ အဆောက်အဦးဆောက်လုပ်တဲ့သူကိုအပ်ပြီး ပြုပြင်စေသည် ။ Retrofit လုပ်ပေးသည်ပေါ့ ။ ကျနော်အမြင်ကျနော်တို့ကို Professional Fees ပေးရ ၊ ပြုပြင်ရသည့်ကုန်ကျစရိတ်တွေလည်းရှိသည် ။

အဓိကက စိုးရိမ်ပူပန်ရသည့်စိတ်ဖြစ်သည် ပိုင်ရှင်စီးပွားရေးကောင်းကောင်းလုပ်လို့မရပေ ။ ဒါ့ကြောင့် ၂ ခါကုန်၊စိတ်ပင်ပန်းမဖြစ်ရအောင်သက်ဆိုင်ရာ ကျွမ်းကျင်သူနဲ့အဆောက်အဦးဆောက်လုပ်စေချင်ပါတယ်ခင်ဗျား ။

Engr.Kyaw Thu Naing 23.1.2021

zawgyi

ၿပီးစလြယ္ေဆာက္တဲ့ အိမ္ေဆာက္သူေတြၾကား ရင္ေလးစရာ ျမန္မာျပည္အေၾကာင္း အင္ဂ်င္နီယာတစ္ဦးေရးတဲ့စာ ( Hollow Member ေတြရဲ႕အထူဟာ 1.2mm က်ေနာ္တို႔လက္သည္းခြံရဲ႕အထူေလာက္ပဲရွိတာေၾကာင့္ပါ ။ ဒါေတြကို အလွဆင္တဲ့ေနရာ ဥပမာ အခန္းကာဖို႔ေလာက္သုံးဖို႔ထုတ္ထားတာပါ ။ ဒါကို အိမ္ေဆာက္ရာမွာသုံးတဲ့အခါ……..)

မေန႔က အိမ္ေဆာက္ခ်င္သူမ်ားႏွင့္ ေဆာက္လုပ္ေရးလုပ္သားမ်ားအဖြဲ႕ဟုဆိုေသာ Facebook Page မွာ ၂ ထပ္အိမ္တစ္လုံး သိန္း၁၅၀ ႏွင့္ေဆာက္ေပးမည္ဆိုေသာ Post တစ္ခုေတြ႕ရပါတယ္ ။ ၾကည့္လိုက္ေတာ့ အိမ္က Hollow Member လို႔ေခၚတဲ့ အလွဆင္ဖို႔အတြက္သာ အသုံးျပဳရန္သင့္ေတာ္တဲ့ ေဟာ္လိုေတြနဲ႔ အေဆာက္အဦးရဲ႕ Structure ေတြကိုဖြဲ႕စည္းထားတာေတြ႕ရပါတယ္ ။

လုပ္ရဲလြန္းေပစြ မ်က္ကန္းတေစၦမေၾကာက္လို႔သာ က်ေနာ္မွတ္ခ်က္ခ်မိပါတယ္ ။ေအာက္က comments ေတြဆက္ဖတ္ၾကည့္ေတာ့ ဒါမ်ိဳးေဆာက္လာတာ အလုံး ၂၀ ခန႔္ရွိၿပီး အဆင္ေျပပါတယ္လို႔ Post ပိုင္ရွင္ကျပန္ေျပာထားတာေတြ႕ရပါတယ္ ။

အဲ့ Comments ထဲမွာပဲ အဲ့လိုအိမ္နားမွာေနဖူးတဲ့သူတစ္ေယာက္က အဲ့အိမ္ကိုတက္လိုက္ရင္ က်ိက်ိနဲ႔ျမည္ေနေၾကာင္း၊လူတက္တာႏွင့္ပင္ လႈပ္ေနေၾကာင္းComments ေရးသားထားတာေတြ႕ရပါတယ္ ။ က်ေနာ္အင္ဂ်င္နီယာတစ္ေယာက္အေနနဲ႔ကေတာ့ ဒီလိုအေဆာက္အဦးဟာ လုံးဝစိတ္မခ်ရပါဖူး ။

ဘာလို႔လဲဆိုေတာ့ Hollow Member ေတြရဲ႕အထူဟာ 1.2mm က်ေနာ္တို႔လက္သည္းခြံရဲ႕အထူေလာက္ပဲရွိတာေၾကာင့္ပါ ။ ဒါေတြကို အလွဆင္တဲ့ေနရာ ဥပမာ အခန္းကာဖို႔ေလာက္သုံးဖို႔ထုတ္ထားတာပါ ။ ဒါကို အိမ္ေဆာက္ရာမွာသုံးတဲ့အခါ ၊ သက္ဆိုင္ရာ ဒီဇိုင္းေသခ်ာမတြက္တဲ့အခါမွာ အိမ္ရွင္ေတြအသက္အႏၲရာယ္စိုးရိမ္ရတဲ့အထိ ၿပိဳက်မႈေတြျဖစ္ႏိုင္ပါတယ္ ။

ဆိုပါစို႔ သစ္သားေပတံတစ္ေခ်ာင္းကိုေကြးၾကည့္တဲ့အခါ သူ႔ရဲ႕သက္ဆိုင္ရာခံႏိုင္ရည္ရွိတဲ့အထိေတာ့ ခံေနမွာျဖစ္ၿပီး သူ႔ရဲ႕ခံႏိုင္ရည္ေက်ာ္တဲ့အခါ က်ိဳးသြားမွာပါ ။ က်ေနာ္တို႔အခုေဆာက္ထားတဲ့ အိမ္ေတြမပ်က္ဆီးေသးတာဟာ သက္ဆိုင္ရာ Load(ဝန္) မျပည့္ေသးလို႔ပါ ။

ထူးျခားတဲ့ ငလ်င္ ၊ ေလမုန္တိုင္းေတြမလာေသးလို႔ပါ ။ က်ေနာ္တို႔က ဘယ္အခ်ိန္ျဖစ္မယ္မွန္းမသိတဲ့ ငလ်င္၊မုန္တိုင္းဒဏ္ေတြကို ႀကိဳတင္စဥ္းစားတဲ့ အင္ဂ်င္နီယာေတြပါ ။ ျမန္မာျပည္ဟာ ပထဝီအေနအထားအရကို ထူးျခားႀကီးမားတဲ့ ငလ်င္ေတြလာႏိုင္တဲ့ေနရာမွာရွိပါတယ္ ။

ေနာက္တစ္ခုက က်ေနာ္တို႔ရဲ႕အိမ္ေတြမွာ ၾကာလာတဲ့အခါမွာ ခံႏိုင္ရည္က်လာပါတယ္။ ဒါကိုေတာ့ Fatigue လို႔ေခၚပါတယ္ ။ဥပမာ စာဖတ္သူက ဆန္အိတ္တစ္အိတ္ကို ထမ္းႏိုင္တယ္ဆိုပါစို႔ ၊ ေနာက္ထပ္ ၁၅ မိနစ္ၾကာတဲ့အခါမွာ ဒူးေတြတုန္လာပါၿပီ ။ ဘာလို႔ပါလဲ။ဆန္အိတ္ရဲ႕အေလးခ်ိန္ကတိုးလာျခင္းမရွိေပ လူကေညာင္းလာတာ။ ဒါကို Fatigue လို႔ေခၚပါတယ္။ က်နာ္တို႔အေဆာက္အဦးေတြမွာလည္းဒီလို Fatigue ရွိပါတယ္ ။

ပုံမွန္အေဆာက္အဦးတစ္ခုဟာ ႏွစ္ ၅၀ ေလာက္အသုံးျပဳလို႔ရပါတယ္ ။ဒါအျပင္ လူေတြေနတဲ့အေလးခ်ိန္ေတြ ၊ သဘာဝေဘး ငလ်င္ ၊ ေလမုန္တိုင္းဒဏ္ေတြကိုပါ လူေတြအသက္အႏၲရာယ္မျဖစ္ေအာင္ကာကြယ္ေပးႏိုင္သည္ ။ ဆက္ေျပာရရင္ က်ေနာ္တို႔ဒါမ်ိဳးအေဆာက္အဦးေတြေဆာက္ေနတာကို ဥပေဒျဖင့္ ကာကြယ္ေပးသင့္သည္ ။

အိမ္တည္ေဆာက္ခ်င္ေသာ အိမ္ရွင္ဆိုသည္မွာ ေဆာက္လုပ္ေရးနည္းပညာကို နားလည္သူျဖစ္ႏိုင္သလို ၊ နားမလည္သူလည္းျဖစ္ႏိုင္သည္ ။ တခ်ိဳ႕အိမ္ရွင္မ်ားက သက္ဆိုင္ရာ Professional (ဗိသုကာ ၊ ဒီဇိုင္းအင္ဂ်င္နီယာ၊ေဆာက္လုပ္ေရး အင္ဂ်င္နီယာစသည္ ) မ်ားကိုဆက္သြယ္ၿပီး တိုင္ပင္ကာေဆာက္လုပ္ၾကသည္ ။

ထိုက္တန္တဲ့ Professional fees ေၾကာင့္ ထိုက္တန္တဲ့ Design နဲ႔ ခိုင္ခံ့လွပ သက္သာေသာ အေဆာက္အဦးမ်ားရၾကသည္ ။ သို႔ေသာ္တခ်ိဳ႕အိမ္ရွင္မ်ားက ေဈးသက္သာရာရွာၾကရင္း ကိုယ့္နားအၿမဲရွိမယ့္ ခ်ိန္ကိုက္ဗုံးတစ္လုံးဝယ္မိၾကသည္ ။ ဘယ္အခ်ိန္ထေပါက္ၿပီး ကိုယ့္ကိုဒုကၡေပးမလဲမသိ …. ႏွစ္ ၅၀ ေလာက္ကိုယ္ေနမယ့္အိမ္က အစေကာင္းမွအေႏွာင္းေသခ်ာဆိုေသာ စကားပုံအတိုင္း ေသခ်ာလုပ္မွသာ ႏွစ္ ၅၀ လွည့္မၾကည့္ပဲေနရမည္ျဖစ္သည္ ။

အခုေတြ႕မိေတာ့ က်ေနာ္တို႔ အင္ဂ်င္နီယာအျဖစ္ရပ္တည္လို႔ရေနသည္ကိုက ကံေကာင္းသည္ဟုဆိုႏိုင္သည္ ။ အေတာ္မ်ားမ်ားက အင္ဂ်င္နီယာမပါပဲေဆာက္လိုက္ၾကသည္ကမ်ားသည္ ။ က်ေနာ္တို႔ကိုအပ္လွ်င္ေတာ့ အင္ဂ်င္နီယာ ဒီဇိုင္းသာရမည္ျဖစ္သည္ တေလာကပင္ အိမ္ရွင္တစ္ေယာက္က က်ေနာ္တို႔တြက္ေပးတာ မ်ားလြန္းသည္… မတတ္နိင္ပါဆိုၿပီး အရပ္ပန္းရံႏွင့္ေဆာက္ပါေတာ့မည္ဟုေျပာလာသည္ရွိသည္ ။

က်ေနာ္တို႔ကေတာ့ စိတ္မခ်ရပါ … ပိုက္ဆံေလာေလာဆယ္မတတ္နိင္လွ်င္ အထပ္ေလ်ာ့ၿပီး ေဆာက္ ၊ ေနာင္စီးပြားေရးအဆင္ေျပလာေတာ့ အထပ္ထပ္တက္ပါဆိုၿပီး အႀကံေပးလိုက္ရသည္ ။ အိမ္ရွင္ေဆာက္မည့္ေျမက အေတာ္ဆိုးေနတာ Soil test လုပ္ၾကည့္ေတာ့က်ေနာ္တို႔ကျမင္ေနရသည္ ။

ေနာက္တစ္ခုက အာဏာပိုင္အဖြဲ႕အစည္းက အရည္အေသြးမမွီ ၊လူ႔အသက္အႏၲရာယ္ရွိေသာ အေဆာက္အဦးမ်ားကို တည္ေဆာက္ခြင့္မေပးျခင္း ၊ တည္ေဆာက္လွ်င္လဲ ရပ္ခိုင္း ၊ ျပဳျပင္ ၊ တည္ေဆာက္သူကို ဥပေဒအရအေရးုယူသင့္သည္ ။ ဒါကိုက်ပ္က်ပ္မတ္မတ္လုပ္ႏိုင္မွျဖစ္လိမ့္မည္ဟု ယခုထင္ျမင္မိလာပါၿပီ ။ ဒီလိုဆိုအေစာကတည္းက ေကာင္းေအာင္လုပ္ႏိုင္ေတာ့မည္ျဖစ္သည္ ။ ဒါကိုက်ေနာ္က Enforcement ဟုေျပာခ်င္ပါတယ္ ။

ဒါ့အျပင္ ေဆာက္လုပ္ေရးလုပ္ေနတဲ့အဖြဲ႕မ်ားကလည္း မိမိကြၽမ္းက်င္လိမၼာေသာ အပိုင္းတြင္သာ လုပ္ကိုင္ေစခ်င္သည္ ။ က်ေနာ္တို႔ အခုတေလာေလးကမွ Beam ေတြမွာ အက္ေၾကာင္းေတြေပၚေနေသာ ၊ ေလွကားေတြမွာအက္ေၾကာင္းေတြေပၚေနေသာ ၊အေဆာက္အဦးေပၚတက္လိုက္လွ်င္ကို သိသိသာသာ လႈပ္ေနေသာ အေဆာက္အဦးမ်ား(Steel Structure အေဆာက္အဦးေတြမွာ ျဖစ္တာမ်ားသည္) ကိုျပန္ၿပီး ျပဳျပင္ေပးရတာ မ်ားပါၿပီ ။

အရင္လူမ်ားလုပ္ခဲ့တဲ့အမွားမ်ားကို တာဝန္ခံၿပီးလိုက္ျပင္ရသည့္သေဘာ လုပ္တာေတာ့မလုပ္ခ်င္ ။ သူမ်ားတံေတြးေပါက္ကိုယ္မၿမိဳလို ။ ဒါေပမယ့္ အိမ္ရွင္ေတြရဲ႕ ဗဟုသုတနည္းပါးမႈအေပၚ ေၾကာ္ညာအားေကာင္းေကာင္းနဲ႔လုပ္သြားတာကို ပစ္ထားရေအာင္ က်ေနာ္လည္းအသည္းမမာေပ ။

က်ေနာ္ အိမ္ေတြလိုက္ၾကည့္ လိုအပ္တာေတြတြက္ခ်က္ၿပီး စိတ္ခ်ရတဲ့ အေဆာက္အဦးေဆာက္လုပ္တဲ့သူကိုအပ္ၿပီး ျပဳျပင္ေစသည္ ။ Retrofit လုပ္ေပးသည္ေပါ့ ။ က်ေနာ္အျမင္က်ေနာ္တို႔ကို Professional Fees ေပးရ ၊ ျပဳျပင္ရသည့္ကုန္က်စရိတ္ေတြလည္းရွိသည္ ။

အဓိကက စိုးရိမ္ပူပန္ရသည့္စိတ္ျဖစ္သည္ ပိုင္ရွင္စီးပြားေရးေကာင္းေကာင္းလုပ္လို႔မရေပ ။ ဒါ့ေၾကာင့္ ၂ ခါကုန္၊စိတ္ပင္ပန္းမျဖစ္ရေအာင္သက္ဆိုင္ရာ ကြၽမ္းက်င္သူနဲ႔အေဆာက္အဦးေဆာက္လုပ္ေစခ်င္ပါတယ္ခင္ဗ်ား ။

Engr.Kyaw Thu Naing 23.1.2021

Leave a Reply

Your email address will not be published. Required fields are marked *