မန္တလေးမှာ အပေါင်ဆိုင်ဖောက်ထွင်းခံရပြီး သိန်း(၇၀၀)ကျော်ဖိုး ရွှေထည်တွေပါသွား

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်မှာရှိတဲ့ အပေါင်ဆိုင်တစ်ဆိုင် ဇန်နဝါရီလ(၂၆) ရက်နေ့က ဖောက်ထွင်းခံရပြီး အပေါင်ခံ ရွှေထည်သိန်း(၇၀၀)ကျော် ဖောက်ထွင်းခံခဲ့ရတယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့က ဒီနေ့ ဇန်နဝါရီလ(၂၇)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အမိန့်ရ အပေါင်ဆိုင် တံခါးပျက်နေတာကို ဇန်နဝါရီ(၂၆)ရက်နေ့မနက်ပိုင်းမှာ ဆိုင်ပိုင်ရှင် ကိုသန်းထွန်းက တွေ့မြင်ခဲ့ပြီး အဲဒီနောက်အပေါင်ခံထားတဲ့ ရွေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေ ကျပ်သိန်း (၇၀၀) ဝန်းကျင် ပျောက်ဆုံးခဲ့တာလို့ သိရပါတယ်။

ဒါပေမဲ့ ပြစ်မှုကျုးလွန်တယ်လို့ယူဆရသူကိုတော့ အဲဒီနေ့ နေလည်ပိုင်းမှာပဲ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ပြစ်မှုကျုးလွန်တယ်လို့ သံသယရှိသူကို ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့ပြီးတဲ့နောက် စောင့်ကြည့်နေခဲ့တာလို့ သိရပါတယ်။

အဲဒီနေ့လည်ပိုင်းထဲ ဖောက်ထွင်းခံရတဲ့အပေါင်ဆိုင်မှာဘဲ ကျူးလွန်သူက သူပေါင်ထားတဲ့ဖုန်းကို လာရွေးတဲ့အချိန် ဖမ်းဆီးခံခဲ့ရတာလို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

Photo : Mandalay Police

zawgyi





Photo : Mandalay Police

Leave a Reply

Your email address will not be published. Required fields are marked *