ရန္ကုန္ၿမိဳ႕၏ ပထမဆုံး ျပည္သူ႔ပရဟိတေဆး႐ုံကို ေလးလအတြင္းအၿပီးတည္ေဆာက္မည္

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် (၁၄၆)ရပ်ကွက် လှော်ကားလမ်းနှင့် သိန်းတစ်ရာ လမ်းထောင့်ရှိ ကိုးဧကကျယ်ဝန်းသည့် မြေနေရာတွင် လေးလအတွင်းပြီးစီးရမည့် ရန်ကုန်မြို့၏ ပထမဆုံး ပြည်သူ့ပရဟိတဆေးရုံ (People’s Non-Profit Charity Hospital) ကြီးတည်ဆောက်ရန် တင်ဒါခေါ်ယူပြီဖြစ ကြောင်း အဆိုပါ တင်ဒါ ဒေါ်ယူရေးအဖွဲ့က သိရသည်။

ယင်းဆေးရုံကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် We Love Yangon လူထုအခြေပြု ပရဟိတအဖွဲ့မှ ဦးစီးတည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုမိန့် ရရှိပြီး ဖြစ်သော ကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ဒုတိယပတ်က ပန္နက်တင်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

ဆေးရုံကြီးကို ခုတင် ၆၀၀ ဆံ့ အဖြစ်တည်ဆောက်မည် ဖြစ်သော်လည်းလုပ်ငန်းပထမအဆင့်အနေဖြင့် ကုတင် ၃၀၀ ဆံ့ HDU အဆင့် ကိုဗစ်ကုသရေးဆေးရုံ စတင်တည်ဆောက် မည်ဖြစ်ရာ ပထမအဆင့်တွင် အဆောက် အဦအမျိုးအစား ၇ မျိုး (အရေအတွက်အားဖြင့် ၁၀ လုံး) နှင့် အခြား ဆက်စပ်လုပ်ငန်းများ Infrastructures များ ပါဝင်မည် ဖြစ်ကြောင်း၊ယင်းကြောင့် လုပ်ငန်းအခြေအ နေပေါ်မူ တည်၍ တင်ဒါ Package ၈ မျိုးခွဲခြားထား ကြောင်းလည်း သိရသည်။

အဆိုပါလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား ဆောက်လုပ်ရေးလုပ်ငန်းရှင်များထဲမှ စိတ်ပါဝင်စားသူများ အနေဖြင့် ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်းသိရသည်။

ကုန်ကျစားရိတ်သက်သာစေရန် ရည်ရွယ်၍လိုအပ်သောဆောက်လုပ်ရေးပစ္စည်းများကို We Love Yangon မှ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး လုပ်အားခ လက်ခစားစနစ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင် တစ်ဦးလျှင် အများဆုံး တင်ဒါ Package နှစ်မျိုးအထိ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဆေးရုံအတွက် ကုန်ကျစရိတ်ငွေကျပ် သိန်းပေါင်း လေးသောင်းဝန်းကျင် ခန့်မှန်းထားကြောင်း၊ ကိုဗစ်-၁၉ ကပ် ရောဂါအလွန် ကာလများတွင်လည်း လက်ရှိ ကိုဗစ် ကုသရေးစင်တာများ၌ အသုံးပြုနေသည့် ကျန်းမာ ရေး အထောက်အကူပြုပစ္စည်းများကို ယင်းဆေးရုံ၌ ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း We Love Yangon ပရဟိတ အသင်းက သိရသည်။

ပြည်သူ့အစိုးရလက်ထက် နိုင်ငံပိုင်မြေပေါ်တွင်နိုင်ငံသားများ၏ကျန်းမာရေးအတွက် “ပြည်သူ့ဆေးရုံ”တစ်ရုံထွက်ပေါ်လာခြင်းကိုစိတ်ကူးနှင့်ပင်ကြည်နူးပီတ်ဖြစ်ရပါသည်။

We Love Yangon မှဆောက်လုပ်လှူဒါန်းသော်လည်း ခုနှစ်ရက်သားသမီးအလှူရှင်များ၏ငွေသာဖြစ်ပါသည်။အစိုး၏မြေဖြစ်သောကြောင့်လည်းအစိုးရပိုင်သာဖြစ်ပါမည်၊မည်သူတစ်ဦးတစိယောက် တစ်သင်းတဖွဲ့ကမှဂရံအမည်ဖောက်၍၎င်းအခြားနည်းဖြင့်သော်၎င်းအမြတ်ထုတ်ကိုယ်ကျိုးသုံးစွဲမည်မဟုတ်ပါကြောင်းပြည်သူအများသိရှိနိုင်ရန်တင်ပြအပ်ပါသည်။

ယခင် သာကေတမြို့နယ်အတွင်းရည်ရွယ်သော်လည်း အမှိုက်ပုံနေရာမီသိမ်းဓါတ်ငွေ့များ ထွက်နေ၍ အခြားနေရာတစ်ခုတွင်ရည်ရွယ်ပါသည်။

Credit

zawgyi

ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕နယ္ (၁၄၆)ရပ္ကြက္ ေလွာ္ကားလမ္းႏွင့္ သိန္းတစ္ရာ လမ္းေထာင့္ရွိ ကိုးဧကက်ယ္ဝန္းသည့္ ေျမေနရာတြင္ ေလးလအတြင္းၿပီးစီးရမည့္ ရန္ကုန္ၿမိဳ႕၏ ပထမဆုံး ျပည္သူ႔ပရဟိတေဆး႐ုံ (People’s Non-Profit Charity Hospital) ႀကီးတည္ေဆာက္ရန္ တင္ဒါေခၚယူၿပီျဖစ ေၾကာင္း အဆိုပါ တင္ဒါ ေဒၚယူေရးအဖြဲ႕က သိရသည္။

ယင္းေဆး႐ုံကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ လမ္းၫႊန္မႈ၊ အနယ္နယ္အရပ္ရပ္မွ အလႉရွင္မ်ား၏ လႉဒါန္းမႈျဖင့္ We Love Yangon လူထုအေျချပဳ ပရဟိတအဖြဲ႕မွ ဦးစီးတည္ေဆာက္ရန္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၏ ခြင့္ျပဳမိန႔္ ရရွိၿပီး ျဖစ္ေသာ ေၾကာင့္ ၿပီးခဲ့သည့္ ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာလ ဒုတိယပတ္က ပႏၷက္တင္ခဲ့ၿပီး ျဖစ္ေၾကာင္းလည္း သိရသည္။

ေဆး႐ုံႀကီးကို ခုတင္ ၆၀၀ ဆံ့ အျဖစ္တည္ေဆာက္မည္ ျဖစ္ေသာ္လည္းလုပ္ငန္းပထမအဆင့္အေနျဖင့္ ကုတင္ ၃၀၀ ဆံ့ HDU အဆင့္ ကိုဗစ္ကုသေရးေဆး႐ုံ စတင္တည္ေဆာက္ မည္ျဖစ္ရာ ပထမအဆင့္တြင္ အေဆာက္ အဦအမ်ိဳးအစား ၇ မ်ိဳး (အေရအတြက္အားျဖင့္ ၁၀ လုံး) ႏွင့္ အျခား ဆက္စပ္လုပ္ငန္းမ်ား Infrastructures မ်ား ပါဝင္မည္ ျဖစ္ေၾကာင္း၊ယင္းေၾကာင့္ လုပ္ငန္းအေျခအ ေနေပၚမူ တည္၍ တင္ဒါ Package ၈ မ်ိဳးခြဲျခားထား ေၾကာင္းလည္း သိရသည္။

အဆိုပါလုပ္ငန္းမ်ားအတြက္ ျမန္မာႏိုင္ငံသား ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားထဲမွ စိတ္ပါဝင္စားသူမ်ား အေနျဖင့္ ဇန္နဝါရီလ ၃၁ ရက္ ေနာက္ဆုံးထား၍ ေလွ်ာက္ထားႏိုင္ၿပီ ျဖစ္ေၾကာင္းသိရသည္။

ကုန္က်စားရိတ္သက္သာေစရန္ ရည္႐ြယ္၍လိုအပ္ေသာေဆာက္လုပ္ေရးပစၥည္းမ်ားကို We Love Yangon မွ ေထာက္ပံ့ေပးသြားမည္ျဖစ္ၿပီး လုပ္အားခ လက္ခစားစနစ္ျဖင့္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း၊ လုပ္ငန္းရွင္ တစ္ဦးလွ်င္ အမ်ားဆုံး တင္ဒါ Package ႏွစ္မ်ိဳးအထိ ခြင့္ျပဳေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

ေဆး႐ုံအတြက္ ကုန္က်စရိတ္ေငြက်ပ္ သိန္းေပါင္း ေလးေသာင္းဝန္းက်င္ ခန႔္မွန္းထားေၾကာင္း၊ ကိုဗစ္-၁၉ ကပ္ ေရာဂါအလြန္ ကာလမ်ားတြင္လည္း လက္ရွိ ကိုဗစ္ ကုသေရးစင္တာမ်ား၌ အသုံးျပဳေနသည့္ က်န္းမာ ေရး အေထာက္အကူျပဳပစၥည္းမ်ားကို ယင္းေဆး႐ုံ၌ ျပန္လည္ အသုံးျပဳသြားမည္ျဖစ္ေၾကာင္း We Love Yangon ပရဟိတ အသင္းက သိရသည္။

ျပည္သူ႔အစိုးရလက္ထက္ ႏိုင္ငံပိုင္​ေျမ​ေပၚတြင္ႏိုင္ငံသားမ်ား၏က်န္းမာ​ေရးအတြက္ “ျပည္သူ႔​ေဆး႐ုံ”တစ္႐ုံထြက္​ေပၚလာျခင္းကိုစိတ္ကူးႏွင့္ပင္ၾကည္ႏူးပီတ္ျဖစ္ရပါသည္။

We Love Yangon မွ​ေဆာက္လုပ္လႉဒါန္း​ေသာ္လည္း ခုႏွစ္ရက္သားသမီးအလႉရွင္မ်ား၏​​ေငြသာျဖစ္ပါသည္။အစိုး၏​ေျမျဖစ္​ေသာ​ေၾကာင့္လည္းအစိုးရပိုင္သာျဖစ္ပါမည္၊မည္သူတစ္ဦးတစိ​ေယာက္ တစ္သင္းတဖြဲ႕ကမွဂရံအမည္​ေဖာက္၍၎အျခားနည္းျဖင့္​ေသာ္၎အျမတ္ထုတ္ကိုယ္က်ိဳးသုံးစြဲမည္မဟုတ္ပါ​ေၾကာင္းျပည္သူအမ်ားသိရွိႏိုင္ရန္တင္ျပအပ္ပါသည္။

ယခင္ သာ​ေကတၿမိဳ႕နယ္အတြင္းရည္႐ြယ္​ေသာ္လည္း အမႈိက္ပုံ​ေနရာမီသိမ္းဓါတ္​ေငြ႕မ်ား ထြက္​ေန၍ အျခား​ေနရာတစ္ခုတြင္ရည္႐ြယ္ပါသည္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *