ဝရမ္းေျပး မိုက္ကယ္ေက်ာ္ျမင့္ကို အင္းစိန္ေထာင္ပို႔လိုက္ၿပီ

ဝရမ်းပြေးမိုက်ကယ်ကျော်မြင့်ကို အင်းစိန်အကျဉ်းထောင်ကို ဒီမနက် ပို့လိုက်ပြီလို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့မ ရဲစခန်းက သိရပါတယ်။“သူ့ကိုည(၁) နာရီလောက်က ဖမ်းမိထားပါတယ်။ ဒီနေ့မနက်မှာတော့ သူ့ကိုတရားရုံးတင်ပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ။”လို့ တောင်ဒဂုံမြို့မရဲစခန်းမှူး ဒုရဲမှူးစိုးဝင်းက O Media ကို ပြောပါတယ်။

မိုက်ကယ်ကျော်မြင့်ကို တောင်ဥက္ကလာပမြို့နယ် မြင်သာ(၁၁)လမ်းက သူ့နေအိမ်မှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။မိုက်ကယ်ကျော်မြင့်ရဲ့အပြောအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုပေးအပ်မယ်ဆိုတဲ့ ကျောက်တိုင်ကို ရဲတပ်ဖွဲ့က မနေ့ညက သိမ်းဆည်းရမိပြီးတဲ့အချိန် သူ့ကိုဆက်လက်ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

သူ့ကိုတော့ လူမှုကွန်ယက်စာမျက်နှာမှာ ကျောက်တိုင်စိုက်ထူမယ်ကိစ္စရေးသားခဲ့တဲ့အတွက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က တရားလိုလုပ်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၁၂၄(က)နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခင်ဦးမြို့နယ်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂုလ်ကို ရင့်သီးတဲ့စကားလုံးတွေသုံးနှုန်းထားတဲ့အတွက် သူ့ကိုမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အရေးယူပေးဖို့ တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပါသေးတယ်။

source : Omedia

zawgyi

ဝရမ္းေျပးမိုက္ကယ္ေက်ာ္ျမင့္ကို အင္းစိန္အက်ဥ္းေထာင္ကို ဒီမနက္ ပို႔လိုက္ၿပီလို႔ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕မ ရဲစခန္းက သိရပါတယ္။“သူ႔ကိုည(၁) နာရီေလာက္က ဖမ္းမိထားပါတယ္။ ဒီေန႔မနက္မွာေတာ့ သူ႔ကိုတရား႐ုံးတင္ၿပီးေတာ့ အင္းစိန္ေထာင္ကို ပို႔လိုက္ပါၿပီ။”လို႔ ေတာင္ဒဂုံၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးစိုးဝင္းက O Media ကို ေျပာပါတယ္။

မိုက္ကယ္ေက်ာ္ျမင့္ကို ေတာင္ဥကၠလာပၿမိဳ႕နယ္ ျမင္သာ(၁၁)လမ္းက သူ႔ေနအိမ္မွာ ဖမ္းဆီးရမိခဲ့တာလို႔ သိရပါတယ္။မိုက္ကယ္ေက်ာ္ျမင့္ရဲ႕အေျပာအရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကိုေပးအပ္မယ္ဆိုတဲ့ ေက်ာက္တိုင္ကို ရဲတပ္ဖြဲ႕က မေန႔ညက သိမ္းဆည္းရမိၿပီးတဲ့အခ်ိန္ သူ႔ကိုဆက္လက္ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။

သူ႔ကိုေတာ့ လူမႈကြန္ယက္စာမ်က္ႏွာမွာ ေက်ာက္တိုင္စိုက္ထူမယ္ကိစၥေရးသားခဲ့တဲ့အတြက္ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးရဲေအာင္က တရားလိုလုပ္ၿပီး ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ-၁၂၄(က)နဲ႔ တရားစြဲထားတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ခင္ဦးၿမိဳ႕နယ္မွာလည္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢဳလ္ကို ရင့္သီးတဲ့စကားလုံးေတြသုံးႏႈန္းထားတဲ့အတြက္ သူ႔ကိုၿမိဳ႕နယ္ဒုတိယအုပ္ခ်ဳပ္ေရးမႉးက ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔ အေရးယူေပးဖို႔ တရား႐ုံးမွာ ဦးတိုက္ေလွ်ာက္ထားခဲ့ပါေသးတယ္။

source : Omedia

Leave a Reply

Your email address will not be published. Required fields are marked *