ေတာင္တ႐ုတ္ပင္လယ္တြင္ အေမရိကန္စစ္တပ္ရွိေနျခင္းက ၿငိမ္းခ်မ္းေရးအတြက္မေကာင္းႏိုင္ဘူးလို႔ တ႐ုတ္ေျပာ

အမေရိကန်စစ်တပ်က တောင်တရုတ်ပင်လယ်အတွင်း မကြာခဏ လေယာဉ်တင် သင်္ဘော နှင့် လေယာဉ်များ မကြာခဏ စေလွှတ်နေခြင်းက လိုက်လျောညီထွေ ဖြစ်စေဖို့ နှင့် ငြိမ်းချမ်းဖို့အတွက် မကောင်းနိုင်ဘူးလို့ တရုန်နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ မှာပဲပြောကြားခဲ့တာပါ။

နှစ်စဉ်ကုန်သွယ်ရေးဒေါ်လာသန်းပေါင်းများစွာစီးဝင်သော မဟာဗျူဟာမြောက် တောင်တရုတ်ပင်လယ်ဟာ ဘေဂျင်းနှင့် ဝါရှင်တန်တို့ အကြား အငြင်းပွား အာရုံစိုက်မှုကြာမြင့် ခဲ့ပြီးနောက် တရုတ်ဟာ အမေရိကန်စစ်တပ်ရဲ့ လှုပ်ရှားမှုများကြောင့် အထူးဒေါသထွက်နေတာလဲဖြစ်ပါတယ်။

ဒီလို အမေရိကန်အနေနဲ့ မကြာခဏ လေယာဉ်တင်သင်္ဘောများ စေလွတ်နေခြင်း ဟာ ဒေသတွင်းငြိမ်းလျမ်းရေးကို အထောက်အကူ ပြုမှာမဟုတ်ဘူးလို့လဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Zhao Lijian ဆိုသူက သတင်းထောက်များကို ပြောကြားခဲ့တာပါ။

ဂျိုးဘိုင်ဒန် အမေရိကန်သမ္မဖြစ်လာပြီးနောက် ရက်အနည်းငယ်အကြာမှာပဲ အမေရိကန်စစ်တပ်ရဲ့ လေယာဉ်တင်သင်္ဘော( USS Theodore Roosevelt) ဦးဆောင်တဲ့ စစ်သင်္ဘော ၃ စီးဟာ ပင်လယ်ရေကြောင်း မြှင့်တင်ရန်အတွက်ဆိုပြီး ရေလမ်းကြောင်းကို ဝင်ရောက်ခဲ့တာပါ။

တောင်တရုတ်ပင်လယ်အတွင်းရှိ မလေးရှား ဖီလစ်ပိုင် ဘရုနိုင်းနှင့် ထိုင်ဝမ်တို့ ပိုင်ဆိုင်သော ကျွန်းများနှင့် နီကပ်စွာရှိနေသော အမေရိကန်ရိကန်ရေတပ်နှင့် တရုတ်က အကြိမ်ကြိမ် တိုင်းတန်းတောင်းဆိုမှုများလည်း ရှိခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း လေယာဉ်တင်သင်္ဘောများ ဝင်ရောက်လာသည်နှင့်တပြိုင်ထဲ တရုတ်လေတပ်၏ ဂျက်လေယာဉ်များကလည်း ထိုင်ဝမ် လေကြောင်းကာကွယ်ရေးဇုန်၏ အနောက်တောင်ပိုင်းသို့ ကျူးကျော်မှု ကျူးလွန်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ ၎င်းတို့ လေတပ်ဘာကြောင့် ဝင်ရောက်ပျံသန်ခဲ့သည်ကို မှတ်ချက်ပေးခြင်းမျိုးမရှိခဲ့ပါဘူး။

ထိုင်ဝမ်သည်တရုတ်နိုင်ငံနှင့် မကင်းသောအစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်းနှင့် အမေရိကန်ပြည်ထောင်စုသည် “တစ်ခုတည်းသောတရုတ်” နိယာမကိုလိုက်နာသင့်သည်ဟု တရုတ်၏ ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

ထိုင်ဝမ်သမ္မတ Tsai Ing-wen ကလည်း တနင်္လာနေ့က ကျွန်းမြောက်ဘက်ရှိ ရေဒါအခြေစိုက်စခန်းသို့သွားရောက်လည်ပတ်ခဲ့ပြီး တရုတ်တပ်ဖွဲ့များကိုခြေရာခံနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့သည့် နှစ်မှစ၍ ယခုအချိန်အထိကျွန်ုပ်တို့၏ ရေဒါသည်ကွန်မြူနစ် လေယာဉ် ၂၀၀၀ နီးပါးနှင့်ကွန်မြူနစ် သင်္ဘော ၄၀၀ ကျော်ကိုရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့အားမောင်းနှင်နိုင်ခဲ့ပြီး ပင်လယ် နှင့် လေကြောင်းနယ်ပယ်ကို အပြည့်အဝကာကွယ်ပေးခဲ့တယ်လို့ဆိုပါတယ်။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ် တစ်စင်းသည် ၎င်းတို့၏ ကာကွယ်ရေးဇုန်အနီး သို့ပျံသန်းခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

ဘိုင်ဒန်အစိုးရကလည်း ထိုင်ဝမ်အပေါ် ထားရှိသော အမေရိကန်၏ကတိကဝတ်များသည် ခိုင်မာသည်ဟု ပြောကြားထားတာပါ။ အမေရိကန်ပြည်ထောင်စုသည် နိုင်ငံအများစုကဲ့သို့ပင် ထိုင်ဝမ်နှင့်တရားဝင်သံတမန်အဆက်အသွယ်မရှိသော်လည်း ဒီမိုကရက်နိုင်ငံ၏အရေးအကြီးဆုံးနိုင်ငံတကာထောက်ပံ့သူနှင့် လက်နက်တင်ပို့နေမှုကြောင့် တရုတ်ကို အမျက်ဒေါသဖြစ်စေတာပဲ ဖြစ်ပါတယ်။

လေးစားစွာဖြင့် ခရက်ဒက် – knowledgeworms

zawgyi

အေမရိကန္စစ္တပ္က ေတာင္တ႐ုတ္ပင္လယ္အတြင္း မၾကာခဏ ေလယာဥ္တင္ သေဘၤာ ႏွင့္ ေလယာဥ္မ်ား မၾကာခဏ ေစလႊတ္ေနျခင္းက လိုက္ေလ်ာညီေထြ ျဖစ္ေစဖို႔ ႏွင့္ ၿငိမ္းခ်မ္းဖို႔အတြက္ မေကာင္းႏိုင္ဘူးလို႔ တ႐ုန္ႏိုင္ငံျခားေရးဝန္ႀကီးက ဒီကေန႔ မွာပဲေျပာၾကားခဲ့တာပါ။

ႏွစ္စဥ္ကုန္သြယ္ေရးေဒၚလာသန္းေပါင္းမ်ားစြာစီးဝင္ေသာ မဟာဗ်ဴဟာေျမာက္ ေတာင္တ႐ုတ္ပင္လယ္ဟာ ေဘဂ်င္းႏွင့္ ဝါရွင္တန္တို႔ အၾကား အျငင္းပြား အာ႐ုံစိုက္မႈၾကာျမင့္ ခဲ့ၿပီးေနာက္ တ႐ုတ္ဟာ အေမရိကန္စစ္တပ္ရဲ႕ လႈပ္ရွားမႈမ်ားေၾကာင့္ အထူးေဒါသထြက္ေနတာလဲျဖစ္ပါတယ္။

ဒီလို အေမရိကန္အေနနဲ႔ မၾကာခဏ ေလယာဥ္တင္သေဘၤာမ်ား ေစလြတ္ေနျခင္း ဟာ ေဒသတြင္းၿငိမ္းလ်မ္းေရးကို အေထာက္အကူ ျပဳမွာမဟုတ္ဘူးလို႔လဲ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာေရးဆိုခြင့္ရွိသူ Zhao Lijian ဆိုသူက သတင္းေထာက္မ်ားကို ေျပာၾကားခဲ့တာပါ။

ဂ်ိဳးဘိုင္ဒန္ အေမရိကန္သမၼျဖစ္လာၿပီးေနာက္ ရက္အနည္းငယ္အၾကာမွာပဲ အေမရိကန္စစ္တပ္ရဲ႕ ေလယာဥ္တင္သေဘၤာ( USS Theodore Roosevelt) ဦးေဆာင္တဲ့ စစ္သေဘၤာ ၃ စီးဟာ ပင္လယ္ေရေၾကာင္း ျမႇင့္တင္ရန္အတြက္ဆိုၿပီး ေရလမ္းေၾကာင္းကို ဝင္ေရာက္ခဲ့တာပါ။

ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ မေလးရွား ဖီလစ္ပိုင္ ဘ႐ုႏိုင္းႏွင့္ ထိုင္ဝမ္တို႔ ပိုင္ဆိုင္ေသာ ကြၽန္းမ်ားႏွင့္ နီကပ္စြာရွိေနေသာ အေမရိကန္ရိကန္ေရတပ္ႏွင့္ တ႐ုတ္က အႀကိမ္ႀကိမ္ တိုင္းတန္းေတာင္းဆိုမႈမ်ားလည္း ရွိခဲ့ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္အတြင္း ေလယာဥ္တင္သေဘၤာမ်ား ဝင္ေရာက္လာသည္ႏွင့္တၿပိဳင္ထဲ တ႐ုတ္ေလတပ္၏ ဂ်က္ေလယာဥ္မ်ားကလည္း ထိုင္ဝမ္ ေလေၾကာင္းကာကြယ္ေရးဇုန္၏ အေနာက္ေတာင္ပိုင္းသို႔ က်ဴးေက်ာ္မႈ က်ဴးလြန္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ ၄င္းတို႔ ေလတပ္ဘာေၾကာင့္ ဝင္ေရာက္ပ်ံသန္ခဲ့သည္ကို မွတ္ခ်က္ေပးျခင္းမ်ိဳးမရွိခဲ့ပါဘူး။

ထိုင္ဝမ္သည္တ႐ုတ္ႏိုင္ငံႏွင့္ မကင္းေသာအစိတ္အပိုင္းတစ္ခု ျဖစ္ေၾကာင္းႏွင့္ အေမရိကန္ျပည္ေထာင္စုသည္ “တစ္ခုတည္းေသာတ႐ုတ္” နိယာမကိုလိုက္နာသင့္သည္ဟု တ႐ုတ္၏ ရပ္တည္ခ်က္ကို ထပ္ေလာင္းေျပာၾကားခဲ့ပါေသးတယ္။

ထိုင္ဝမ္သမၼတ Tsai Ing-wen ကလည္း တနလၤာေန႔က ကြၽန္းေျမာက္ဘက္ရွိ ေရဒါအေျခစိုက္စခန္းသို႔သြားေရာက္လည္ပတ္ခဲ့ၿပီး တ႐ုတ္တပ္ဖြဲ႕မ်ားကိုေျခရာခံႏိုင္စြမ္းရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့သည့္ ႏွစ္မွစ၍ ယခုအခ်ိန္အထိကြၽႏ္ုပ္တို႔၏ ေရဒါသည္ကြန္ျမဴနစ္ ေလယာဥ္ ၂၀၀၀ နီးပါးႏွင့္ကြန္ျမဴနစ္ သေဘၤာ ၄၀၀ ေက်ာ္ကိုရွာေဖြေတြ႕ရွိခဲ့ၿပီး ၎တို႔အားေမာင္းႏွင္ႏိုင္ခဲ့ၿပီး ပင္လယ္ ႏွင့္ ေလေၾကာင္းနယ္ပယ္ကို အျပည့္အဝကာကြယ္ေပးခဲ့တယ္လို႔ဆိုပါတယ္။ ထိုင္ဝမ္ကာကြယ္ေရး၀န္ႀကီးဌာနကလည္း ေရငုပ္သေဘၤာတိုက္ဖ်က္ေရးေလယာဥ္ တစ္စင္းသည္ ၎တို႔၏ ကာကြယ္ေရးဇုန္အနီး သို႔ပ်ံသန္းခဲ့ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ဘိုင္ဒန္အစိုးရကလည္း ထိုင္ဝမ္အေပၚ ထားရွိေသာ အေမရိကန္၏ကတိကဝတ္မ်ားသည္ ခိုင္မာသည္ဟု ေျပာၾကားထားတာပါ။ အေမရိကန္ျပည္ေထာင္စုသည္ ႏိုင္ငံအမ်ားစုကဲ့သို႔ပင္ ထိုင္ဝမ္ႏွင့္တရားဝင္သံတမန္အဆက္အသြယ္မရွိေသာ္လည္း ဒီမိုကရက္ႏိုင္ငံ၏အေရးအႀကီးဆုံးႏိုင္ငံတကာေထာက္ပံ့သူႏွင့္ လက္နက္တင္ပို႔ေနမႈေၾကာင့္ တ႐ုတ္ကို အမ်က္ေဒါသျဖစ္ေစတာပဲ ျဖစ္ပါတယ္။

ေလးစားစြာျဖင့္ ခရက္ဒက္ – knowledgeworms

Leave a Reply

Your email address will not be published. Required fields are marked *