အိန္ဒိယတပ်မတော်ထုတ်ARJUNပင်မတိုက်ပွဲဝင်တင့်ကားဒီတခါတော့အကောင်းဆုံးတင့်(ပင်မတိုက်ပွဲဝင်တင့်)၁၀မျိုးအကြောင်းတင်ဆက်ပါရစေ။ပထမဆုံးနံပါတ်(၁၀)နေရာကရပ်တည်နေတဲ့INDIAတပ်မတော်ကARJUNတင့်ပါ-အထွေထွေအချက်အလက်များတိုက်ပွဲဝင်အလေးချိန်-၅၈.၅တန်။
တိုက်ယာဉ်အဖွဲ့သား-၄ဦး(တိုက်ယာဉ်မှူး၊ယာဉ်မောင်း၊အမြောက်ပစ်၊ကျည်ထိုး)အဓိကလက်နက်-၁၂၀မမပြောင်းရစ်ပါတင့်အမြောက်(ဂျာမဏီREHIMETALL)ခဲယမ်း-LAHATတင့်ဖျက်ပဲ့ထိန်းဒုံး၊HEAT(တင့်ဖျက်ခွင်းကျည်)၊APSFDS(ဒလက်ထိန်းသံချပ်ဖောက်ခွင်းကျည်)၊
HESH(ခေါင်းပြားခွင်းကျည်)ယှဉ်တွဲလက်နက်-၇.၆၂မမTK-715စက်သေနတ်လေယာဉ်ပစ်စက်သေနတ်-၁၂.၇မမပုံစံ-၈၅(CHINA)အင်ဂျင်-MTU-838ka-501 MARCEDEZDiesel(မြင်းကောင်ရေ၁၄၀၀အား)အဝေးဆုံးတိုက်ပွဲဝင်အကွာအဝေး(ဆီ၁ကြိမ်ဖြည့်ပြီးလျင်)-၄၅၀ကီလိုမီတာအမြန်ဆုံးမောင်းနှင်နိုင်မှု(၁နာရီ)-၇၅ကီလိုမီတာ(လမ်းချော)၄၅ကီလိုမီတာ(လမ်းကြမ်း)သမိုင်းကြောင်းINDIAတပ်မတော်သည်
လွတ်လပ်ရေးရရှိချိန်(၁၉၄၉)မှစတင်ကာစစ်ကျန်တင့်များဖြစ်သောဖြစ်သောရှားမင်းတင့်များအားပင်မတိုက်ပွဲဝင်တင့်အဖြစ်အသုံးပြုခဲ့ရာမှ၁၉၆၇INDIA-PAKISTANစစ်ပွဲပီးဆုံးချိန်မှစတင်ကာခေတ်မီတိုက်ပွဲတင့်များမရှိမဖြစ်လိုအပ်လာကြောင်းသဘောပေါက်ခဲ့သဖြင့်ကိုယ်ပိုင်ထုတ်လုပ်နိုင်ရေးကြိုးပမ်းခဲ့ကြရာ၁၉၇၀တွင်ဗြိတိန်နိုင်ငံထုတ်CENTURIONတင့်အားအခြေခံကာVAJARANTAတင့်များထုတ်လုပ်ခဲ့ပြီးကျယ်ပြန့်စွာအသုံးပြုခဲ့သည်။
VAJARANTAတင့်အစီးရေ(၁၂၀၀)ခန့်INDIAတပ်မတော်တွင်အသုံးပြုခဲ့သည်.။၁၉၉၀ပြည့်လွန်နှစ်များတွင်VAJARANTAတင့်များမှာများစွာခေတ်နောက်ကျကျန်ခဲ့သဖြင့်RUSSIAမှT-72Mတင့်အစီးရေ(၈၀၀)ခန့်ဖြင့်အစားထိုးသုံးစွဲခဲ့သည်T-72Mတင့်များအားနိုင်ငံအတွင်းထုတ်လုပ်တပ်ဆင်ခဲ့ပြီးAJAYAဟုအမည်သတ်မှတ်သုံးစွဲခဲ့သည်။
သို့သော်လည်းကိုယ်ပိုင်ဒီဇိုင်းဖြင့်တင့်၁စီးထုတ်လုပိရန်အာသီသပြင်းထန်ခဲ့သောနိုင်ငံ့ခေါင်းဆောင်များသည်၁၉၉၆ခုနှစ်မှစတင်ကာစမ်းသပ်ရှေ့ပြေးပုံစံများထုတ်လုပ်ရန်CVDEDRDOကုပဏီအားအလုပ်အပ်နှံခဲ့ရာစမ်းသပ်မှုအမျိုးမျိုးပြုလုပ်ပြီးနောက်၂၀၀၀ပြည့်နှစ်တွင်အမေရိကန်ဒေါ်လာ၄၇၁သန်းတန်ဖိုးရှိတင့်၁၂၄စီးအားစတင်မှာယူနိုင်ခဲ့သည်။
၂၀၀၄ခုနှစ်တွင်ပထမအသုတ်၄၅စီးစတင်အသုံးပြုခဲ့ဲပြီး၊၂၀၁၀ပြည့်နှစ်တွင်၂၄၀စီးအသုံးပြုလျက်ရှိသည်။သုံးသပ်ချက်အရှေ့အုပ်စုတင့်များအားအများဆုံးအသုံးပြုခဲ့သောINDIAနိုင်ငံသည်ပထမဆုံးအကြိမ်အဖြစ်ကိုယ်ပိုင်ပုံစံတင့်အားထုတ်လုပ်နိုင်ခဲ့သည်။ကိုယ်ပိုင်ပုံစံဟုဟစ်ကြွေးခဲ့သော်လည်းတင့်ဒီဇိုင်းမှာပြင်သစ်LECLARCနှင့်ဂျာမဏီLEOPARDတင့်များအားမှီငြိမ်းထားကြောင်းထင်ရှားသည်။
လက်နက်စနစ်တွင်နေတိုးစံ၁၂၀မမပြောင်းရစ်အမြောက်ကိုအသုံးပြုထားပြီးပြောင်းရစ်အမြောက်မှတင့်ဖျက်ပဲ့ထိန်းဒုံးပစ်ခတ်နိုင်ရန်ပြုလုပ်ထားသဖြင့်နည်းပညာပိုင်းဆိုင်ရာရှုပ်ထွေးမှုများကာလက်နက်စွမ်းရည်များစွာထိခိုက်နိုင်ပါသည်။လေယာဉ်ပစ်စက်သေနတ်ပိုင်းတွင်CHINATYPE-85AA GUNအသုံးပြုထားကာအင်ဂျင်နှင့်အားပြောင်းပိုင်းတွင်ဂျာမဏီMARCEDEZကိုအသုံးပြုထားသဖြင့်ပြည်ပအမှီအခိုမကင်းကြောင်းတွေ့ရှိရပါသည်။
INDIAတို့သည်အာရှဒေသ၏အကောင်းဆုံးတင့်အဖြစ်ကြွေးကြော်သော်လည်းJAPANTYPE-90နှင့်KOREAK-1တို့နှင့်ယှဉ်ပြိုင်နိုင်ရန်လိုအပ်ချက်များစွာရှိနေသေးပေသည်။ထိုအချက်အားလက်ရှိINDIAတပ်မတော်မှRUSSIAURALT-90Sတင့်မြောက်များစွာအသုံးပြုနေသည့်အနေအထားအားသုံးသပ်လျင်ပင်ကိုယ်ပိုင်ထုတ်လုပ်သည့်တင့်အားယုံကြည်မှုအတိုင်းအတာအားတွေ့ရှိနိုင်သည်။
မည်သို့ပင်ဖြစ်စေARJUNတင့်သည်WORLDTOPTENTANKSစာရင်းဝင်တင့်အဖြစ်ရပ်တည်နေနိုင်ပါသည်။ထိုတင့်အစီးရေ၂၄၀အားအမှတ်(၇၅)တင့်တပ်ရင်းကြီး၊အမှတ်(၄၅)တင့်တပ်ရင်းကြီးနှင့်ဒိုဂရာမြင်းတပ်များတွင်လက်ရှိအသုံးပြုလျက်ရှိပါသည်။
source : Myanmar Defence Weapons
zawgyi
Leave a Reply
Your email address will not be published. Required fields are marked *