ယခုရေးသားထားမှုမှာ ကမ်းလွန်ကင်းလှည့်ရေယာဉ်(OPV) အင်းလေး(Hull no.54)တပ်တော်ဝင်စဉ်က ရေးသားထား မှုအား ပြန်လည်းဖော်ပြပေးခြင်း ဖြစ်ပါသည်-ဒီဇင်ဘာ ၂၄ ရက်နေ့ တပ်မတော်(ရေ)နေ့မှာ ပြည်တွင်းထုတ် ကမ်းလွန်ကင်းလှည့်ရေယာဉ်(Offshore Patrol Vessel-OPV) Hull no.54 အင်းလေး စစ်ရေယာဉ်
တပ်တော်ဝင်လာသည်ကို ဂုဏ်ယူဖွယ် တွေ့မြင်ရသည်။ပြည်တွင်းထုတ်များ၏ နောက်ပိုင်းပုံစံများအတိုင်း RCS ကို လျှော့ချပေးသည့် Stealth ပုံစံဖြင့်ပွဲထွက်လာခဲ့သည်။
စစ်ရေယာဉ်မှာ ၈၁ မီတာရှည်ပြီး Naval Main Gun အနေဖြင့် ၅၇ မမ ၂ လက်တွဲ ပင်မအမြောက်ကို သင်္ဘော ဦးပိုင်းတွင် တပ်ဆင်ထားပြီး ရေယာဉ်နောက်ပိုင်းတွင် ပွိုင့် ၅ လေယာဉ်ပစ်စက်သေနတ်ကြီး ၂ လက် တပ်ဆင်ထားသဖြင့် တိုက်ခိုက်ရေးတာဝန်အတွက် အားနည်းသည်ဟု ထင်နိုင်သော်လည်း စစ်ရေယာဉ်၏ အဓိကတာဝန်မှာ ကမ်းလွန်ကင်းလှည့်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး(SAR)အတွက် အဓိက ထားသည်ဟု ယူဆရသည်။
ရေယာဉ်နောက်ပိုင်းတွင် ရဟတ်ယာဉ် ၁ စီးဆင်းသက်ရန် heli deck ပါဝင်ကာ ရဟတ်ယာဉ်သိုလှောင်ရုံ Hangar ပါထည့်သွင်းတည် ဆောက်ထားသည်။တပ်မတော်(လေ)တွင်အသုံးပြုသည့် Eurocopter အားတင်ဆောင်နိုင်ချေရှိကာ အဆိုပါရဟတ်ယာဉ်သည် ရှာဖွေကယ်ဆယ်ရေး(SAR)
အတွက်အသုံးပြုသော ရဟတ်ယာဉ် အမျိုးအစားဖြစ်သည်။
စစ်ရေယာဉ်တွင် မီးငြိမ်းသတ်ရန် water cannon များပါဝင်သည်ဟုဆိုသဖြင့် ရှာဖွေကယ်ဆယ်ရေးအတွက် အဓိက ထားသည်ကို ပိုမိုပေါ်လွန်စေသည်။ ကမ်းလွန် ကင်းလှည့်ရေယာဉ် ဖြစ်သည့်အတွက် သာမန်ကင်းလှည့်ရေယာဉ်ကဲ့သို့မဟုတ်ဘဲ ကမ်းဝေးပင်လယ်တွင် ကြာရှည်စွာတာဝန်
ထမ်းဆောင်ခြင်း(Endurance)ရှိသည့် စစ်ရေယာဉ် အမျိုးအစားဖြစ်သည်။
အရှေ့တောင်အာရှတွင် ဖရီးဂိတ်စစ်ရေယာဉ်အတန်းအစားအား တပ်မတော်(ရေ)သာ ကိုယ်တိုင်တည်ဆောက်နိုင်သေးအခြေအနေတွင် ဖျက်သင်္ဘောကဲ့သို့ စစ်သင်္ဘောကြီးများကို ဆက်လက်တည်ဆောက်မည်ဆိုပါက ကမ္ဘာ့ထိပ်တန်းရေတပ်အဖြစ် ရောက်ရှိလာနိုင်ချေပိုမိုနီးစပ်သည်ဟု သုံးသပ်မိပါ သည်။
CRD : KokolinOo
zawgyi
ယခုေရးသားထားမႈမွာ ကမ္းလြန္ကင္းလွည့္ေရယာဥ္(OPV) အင္းေလး(Hull no.54)တပ္ေတာ္ဝင္စဥ္က ေရးသားထား မႈအား ျပန္လည္းေဖာ္ျပေပးျခင္း ျဖစ္ပါသည္-ဒီဇင္ဘာ ၂၄ ရက္ေန႔ တပ္မေတာ္(ေရ)ေန႔မွာ ျပည္တြင္းထုတ္ ကမ္းလြန္ကင္းလွည့္ေရယာဥ္(Offshore Patrol Vessel-OPV) Hull no.54 အင္းေလး စစ္ေရယာဥ္
တပ္ေတာ္ဝင္လာသည္ကို ဂုဏ္ယူဖြယ္ ေတြ႕ျမင္ရသည္။ျပည္တြင္းထုတ္မ်ား၏ ေနာက္ပိုင္းပုံစံမ်ားအတိုင္း RCS ကို ေလွ်ာ့ခ်ေပးသည့္ Stealth ပုံစံျဖင့္ပြဲထြက္လာခဲ့သည္။
စစ္ေရယာဥ္မွာ ၈၁ မီတာရွည္ၿပီး Naval Main Gun အေနျဖင့္ ၅၇ မမ ၂ လက္တြဲ ပင္မအေျမာက္ကို သေဘၤာ ဦးပိုင္းတြင္ တပ္ဆင္ထားၿပီး ေရယာဥ္ေနာက္ပိုင္းတြင္ ပြိဳင့္ ၅ ေလယာဥ္ပစ္စက္ေသနတ္ႀကီး ၂ လက္ တပ္ဆင္ထားသျဖင့္ တိုက္ခိုက္ေရးတာဝန္အတြက္ အားနည္းသည္ဟု ထင္ႏိုင္ေသာ္လည္း စစ္ေရယာဥ္၏ အဓိကတာဝန္မွာ ကမ္းလြန္ကင္းလွည့္ျခင္းႏွင့္ ရွာေဖြကယ္ဆယ္ေရး(SAR)အတြက္ အဓိက ထားသည္ဟု ယူဆရသည္။
ေရယာဥ္ေနာက္ပိုင္းတြင္ ရဟတ္ယာဥ္ ၁ စီးဆင္းသက္ရန္ heli deck ပါဝင္ကာ ရဟတ္ယာဥ္သိုေလွာင္႐ုံ Hangar ပါထည့္သြင္းတည္ ေဆာက္ထားသည္။တပ္မေတာ္(ေလ)တြင္အသုံးျပဳသည့္ Eurocopter အားတင္ေဆာင္ႏိုင္ေခ်ရွိကာ အဆိုပါရဟတ္ယာဥ္သည္ ရွာေဖြကယ္ဆယ္ေရး(SAR)
အတြက္အသုံးျပဳေသာ ရဟတ္ယာဥ္ အမ်ိဳးအစားျဖစ္သည္။
စစ္ေရယာဥ္တြင္ မီးၿငိမ္းသတ္ရန္ water cannon မ်ားပါဝင္သည္ဟုဆိုသျဖင့္ ရွာေဖြကယ္ဆယ္ေရးအတြက္ အဓိက ထားသည္ကို ပိုမိုေပၚလြန္ေစသည္။ ကမ္းလြန္ ကင္းလွည့္ေရယာဥ္ ျဖစ္သည့္အတြက္ သာမန္ကင္းလွည့္ေရယာဥ္ကဲ့သို႔မဟုတ္ဘဲ ကမ္းေဝးပင္လယ္တြင္ ၾကာရွည္စြာတာဝန္
ထမ္းေဆာင္ျခင္း(Endurance)ရွိသည့္ စစ္ေရယာဥ္ အမ်ိဳးအစားျဖစ္သည္။
အေရွ႕ေတာင္အာရွတြင္ ဖရီးဂိတ္စစ္ေရယာဥ္အတန္းအစားအား တပ္မေတာ္(ေရ)သာ ကိုယ္တိုင္တည္ေဆာက္ႏိုင္ေသးအေျခအေနတြင္ ဖ်က္သေဘၤာကဲ့သို႔ စစ္သေဘၤာႀကီးမ်ားကို ဆက္လက္တည္ေဆာက္မည္ဆိုပါက ကမာၻ႔ထိပ္တန္းေရတပ္အျဖစ္ ေရာက္ရွိလာႏိုင္ေခ်ပိုမိုနီးစပ္သည္ဟု သုံးသပ္မိပါ သည္။
CRD : KokolinOo